ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

ခရက်စ်နိုဒါ – ဆီဗီလာ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ဝဝး၂၅ နာရီ)
ဆီဗီလာက အိမ်ကွင်းမှာ ခရက်စ်နိုဒါကို ခက်ခက်ခဲခဲအနိုင်ကစားခဲ့ရတယ်။ ချယ်လ်ဆီးနဲ့အပြိုင်ဖြစ်နေတဲ့ အုပ်စုဗိုလ်နေရာအတွက် သရေအကျမခံသလို၊ ချယ်လ်ဆီးနဲ့ ဆီဗီလာတို့ နှစ်သင်းစလုံးနိုင်ရင် နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ပြီဖြစ်လို့ အသည်းအသန်ရုန်းကန်မှာပါ။ ခရက်စ်နိုဒါကတော့ ရလဒ်သိပ်မကောင်းပေမဲ့ ခြေစွမ်းသိပ်မဆိုးတာ တွေ့ရတယ်။ အဓိကပြဿနာက ခံစစ်ပိုင်းက ဂိုးတွေ လွယ်လွယ်ပေးနေရခြင်းပဲ။ ဆီ ဗီလာတိုက်စစ်ကလည်း နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးလာပြီး (၃)ပွဲမှာ (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။ ဒီပွဲမှာလည်း ဆီဗီလာနိုင် ဖို့များတယ်။ (၁-၂)လောက်ပဲဖြစ်မယ်။

ရန်းစ် – ချယ်လ်ဆီး(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ဝဝး၂၅ နာရီ)
ပြိုင်ပွဲစုံမှာ ခြေစွမ်းပြလာတဲ့ ချယ်လ်ဆီးအတွက် အရမ်း ခက်ခဲတဲ့ ပွဲတော့မဟုတ်ဘူး။ ပထမအကျော့တုန်းက ဂိုးပြတ်နိုင်ခဲ့တာ၊ လက်ရှိ ချယ်လ်ဆီးရဲ့ Current Form က အရမ်းကောင်းနေတာအပြင် ရန်းစ်ရဲ့ရလဒ်တွေကလည်း စိတ်ပျက်စရာပါ။ အင်အားမပြည့်မစုံတဲ့အသင်းတွေ ချန်ပီယံလိဂ်ကို တက်လာရင် ကြုံနေကျပုံစံအတိုင်း ပြည်တွင်းလိဂ်မှာရော၊ ဥရောပမှာပါ ခြေကျသွားတာတွေ့ရတယ်။ ခြေစွမ်း၊ လူအင်အား၊ စုဖွဲ့မှုအပိုင်းမှာလည်း ကွာခြားချက်က ကြီးမားပါတယ်။ ချယ်လ်ဆီး နိုင်ပွဲဆက်လိမ့်မယ်။

myan789

လာဇီယို – ဇင်းနစ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
လာဇီယိုနဲ့ ဇင်းနစ်က ပထမအကျော့တုန်းက သရေကျခဲ့တယ်။ ခြေစွမ်းပိုင်းအရဆိုရင် ဇင်းနစ်ကိုတောင် ပိုကြိုက်ပါတယ်။ ဒါပေမဲ့ လာဇီယိုက ပိုကောင်းတဲ့အသင်း၊ အတွေ့အကြုံပိုများတဲ့အသင်းဖြစ်ပြီး သရေတစ်မှတ်ကို ရအောင်ယူသွားခဲ့တယ်။ ဒီပွဲကတော့ ရောမမှာ ပြန်ကစားရမဲ့ပွဲဖြစ်ပြီး ဇင်းနစ်အတွက် ပိုခက်ခဲသွားလိမ့်မယ်။ ဘရုဂေး၊ ဒေါ့မွန်တို့နဲ့ ကစားဖို့ကျန်နေတဲ့ လာဇီယိုလည်း အမှားခံမယ်မထင်ဘူး။ လာဇီယိုကို ကြိုက်တယ်။

ဒေါ့မွန် – ကလပ်ဘရုဂေး(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
ဇင်းနစ်ကိုနိုင်ပြီး လာဇီယိုကို သရေကစားခဲ့တဲ့ ဘရုဂေးရဲ့ခြေစွမ်းပိုင်းက မဆိုးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာတော့ ဒီရာသီချန်ပီယံလိဂ်ရဲ့ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီး ဂိုးပါပြတ်သွားတယ်။ ဒေါ့မွန်က နောက်ဆုံးကစားခဲ့တဲ့ ဟာသာဘာလင်နဲ့ပွဲမှာလည်း ဂိုးမြူးခဲ့တာတွေ့ရပြီး တိုက်စစ်ပိုင်းက တဖြည်းဖြည်း ပုံမှန်ခြေစွမ်း၊ ဂိုးသွင်းအားကို ပြန်ရလာတယ်။ အိမ်ကွင်းလည်း ဖြစ်နေလို့ ဘရုဂေးကို အနိုင်ကစားဦးမှာပါ။ (၂-၀၊ ၃-၁)လောက်ဖြစ်နိုင်တယ်။

ဒိုင်နမိုကိဗ် – ဘာစီလိုနာ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
ဘာစီလိုနာက ပြဿနာများစွာရှိနေတဲ့ အသင်းဖြစ်သလို၊ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း အက်သလက်တီကိုမက်ဒရစ်ကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ရလဒ်တွေကောင်းနေပါတယ်။ ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာတုန်းက ရလဒ်ပိုင်းက ကျဉ်းမြောင်းခဲ့ပေမဲ့ ခြေစွမ်းပိုင်းအရဆိုရင် ဘာစီလိုနာ ဒီ့ထက်ပိုပြီး အနိုင်ရခဲ့သင့်တယ်။ ဒီပွဲမှာလည်း ဘာစီလိုနာ အဝေးကွင်းဆိုပေမဲ့ နိုင်ပွဲယူနိုင်ဖို့များပါတယ်။ ဂိုးပြတ်ဖို့အတွက် တော့ ခက်လိမ့်မယ်ထင်တယ်။

ဂျူဗင်တပ်စ် – ဖယ်ရန်ဗာရို့စ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
ဂျူဗင်တပ်စ်က ဒီပွဲမှာ ဖယ်ရန်ဗာရို့စ်ကိုနိုင်ရင် နောက်တစ်ဆင့်တက်ဖို့များပါပြီ။ ဒိုင်နမိုကိဗ်က ဘာစီလိုနာကို အနိုင်မရဖို့ပဲလိုတာပါ။ ဘာပဲဖြစ်ဖြစ် ဒီပွဲက ဂျူဗင်တပ်စ်အတွက် အခက်အခဲ မရှိနိုင်တဲ့အနေအထားမှာ နောက်တစ်ဆင့်တက်ဖို့အတွက်ပါ အရေးပါတဲ့ပွဲဖြစ်နေတာကြောင့် ဂျူဗင်တပ်စ် အာရုံစိုက်ကစားလိမ့်မယ်။ စီရော်နယ်လ်ဒိုလည်း သွင်းဂိုးတွေအတွက် ပြန်လာဖို့ ကြိုးစားမှာပါ။ ဂျူဗင်တပ်စ် လွယ်လွယ်ကူကူအနိုင်ရ ဖို့များပြီး ဂိုးလည်းပြတ်သွားနိုင်တယ်။ (၃-၀၊ ၄-၀)လောက်အထိ ဖြစ်သွားမယ်ထင်တယ်။

PSG – လိုက်ပ်ဇစ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
နေမာပြန်ကစားနိုင်ခြေရှိတာက PSG ကိုအနိုင်ရဖို့အတွက် အလားအလာပိုကောင်းစေပါတယ်။ ဒီပွဲမတိုင်ခင်အနေအထားမှာ PSG က (၃)ပွဲကစားပြီး ဘာရှက်ဆီဟီတစ်ပွဲကိုသာ အနိုင်ရခဲ့ကာ အဓိက ပြိုင်ဘက်နှစ်သင်းစလုံးကို ရှုံးထားလို့ အခြေ အနေဆိုးနေတယ်။ ဒီပွဲမှာသာ လိုက်ပ်ဇစ်ကို မနိုင်ဘူးဆိုရင် လက်ကျန် (၂)ပွဲမှာ လိုက်ပ်ဇစ်ကို အမီလိုက်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ခြင်း၊ မကျော်ခြင်းက အသင်းနည်းပြ တူဟယ်လ်ရဲ့အနာဂတ်ကိုပါ ဆုံးဖြတ်နိုင်တဲ့ ကိစ္စလည်းဖြစ်လို့ အရေးပါနေတယ်။ လိုက်ပ်ဇစ်ရဲ့ဒီရာသီခြေစွမ်းက သိပ်တော့အားရစရာမဟုတ်ဘူး။ ဗာနာ မရှိတဲ့တိုက်စစ်ကလည်း အရှိန်အဝါရော၊ ဂိုးသွင်းအားပါကျဆင်းသွားတယ်။ ဒီပွဲက PSG နိုင်ပွဲပြန်ယူမဲ့ပွဲပါ။

မန်ယူ – ဘာရှက်ဆီဟီ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
ဘာရှက်ဆီဟီကွင်းမှာကစားခဲ့တဲ့ပွဲက ဆိုးလ်ရှားကို ထိုင်ခုံလှုပ်စေခဲ့တဲ့ပွဲဖြစ်ပြီး အဲဗာတန်နဲ့ ဝက်စ်ဘရွန်းတို့ကို ဆက်တိုက်ပြန်နိုင်ခဲ့လို့ အသက်ရှူချောင်ခဲ့တာဖြစ်တယ်။ နိုင် ပွဲရခဲ့တဲ့ နှစ်ပွဲစလုံးမှာ မန်ယူကစားတာ မဆိုးပါဘူး။ ဒါပေမဲ့ အကောင်းဆုံးပုံစံလည်း မဟုတ်ဘူး။ အဓိကပြဿနာက တိုက်စစ်ပိုင်းက ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်တို့ ဂိုးသွင်းနှုန်း ကျဆင်းနေခြင်း ဖြစ်တယ်။ ဘာရှက်ဆီဟီက ဒီအုပ်စုမှာ အားအနည်းဆုံးအသင်း ဖြစ်ပြီး ပထမအကျော့ပွဲတုန်းက မန်ယူ တော်တော်လေးည့ံလို့ နိုင်ခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ တူရကီလိဂ်ပွဲတွေမှာလည်း ရှုံးပွဲဆက်နေတယ်။ မန်ယူ ဒီပွဲတော့ အနိုင်ကစားပါလိမ့်မယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular