ရှက်တာဒိုးနက်နှင့်ပွဲ၌ ချေပဂိုးသွင်းယူခဲ့သည့် ရူဒီဂါ ပြိုင်ဘက်ဂိုးသမားနှင့် ထိခိုက်မိကာ နဖူးပေါက်ပြဲခဲ့ပြီး အချက် (၂၀)ချုပ်ခဲ့ရ

ရှက်တာဒိုးနက်နှင့်ပွဲတွင် ရီးယဲလ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် နောက်ခံလူ ရူဒီဂါသည် ပြိုင်ဘက်ဂိုးသမား၏ လက်သီးစာမိကာ နဖူးတွင် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး အချက် (၂၀)ချုပ်ခဲ့ရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)အဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို အဝေးကွင်းတွင် သွားရောက်ကစားခဲ့ပြီး ပွဲပြီးခါနီးအထိ (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။

myan789

သို့သော် (၉၀+၅) မိနစ်တွင် ရီးယဲလ်နောက်ခံလူ ရူဒီဂါသည် ကွင်းလယ်ကစားသမား တိုနီကရို့စ်၏ ဖြတ်တင်ဘောမှတစ်ဆင့်အသင်းအတွက် အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သည်။

အဆိုပါဂိုးကို ရူဒီဂါ ပြေးဝင်ခေါင်းတိုက်ချိန်တွင် ရှက်တာဒိုးနက်ဂိုးသမား သရူဘင်က ပြေးထွက်ကာ လက်သီးဖြင့်ထိုးပြီး ပုတ်ထုတ်ရန် ကြိုးစားရာတွင် ဘောလုံးကိုမထိဘဲ ရူဒီဂါ၏ နဖူးကိုထိခဲ့သည့် အတွက် ရူဒီဂါသည် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး သွေးများစီးကျခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့သည့် ရူဒီဂါကို ရီးယဲလ်အသင်း ဆရာဝန်က ကုသကာ ပတ်တီးစည်းပေးခဲ့ကြကြောင်း သိရသည်။

စပိန်မီဒီယာများ၏ဖော်ပြမှုအရ ရူဒီဂါအနေဖြင့် နဖူးပေါက်ပြဲဒဏ်ရာကို အချက် (၂၀)ချုပ်ခဲ့ရကြောင်း သိရှိရသည်။ သို့သော် ရူဒီဂါသည် အဆိုပါပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် ချေပဂိုးသွင်းပေးနိုင်ခဲ့ပြီး အသင်း၏ ယခုရာသီ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့သည့်အတွက် ဝမ်းသာနေပြီး ရီးယဲလ်သို့အပြန် အသင်း၏လေယာဉ်ပေါ်တွင် ပတ်တီးစည်းထားသည့် ၎င်း၏ပုံကိုတင်ကာ “ငါတို့ အသက်ရှင်နေသေးတယ်” ဟု ရေးသားခဲ့သည်။ ထို့ပြင် ရူဒီဂါသည် မိမိကို မက်ဆေ့ချ်ပို့ကာ စိုးရိမ်ပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်းနှင့် အဆင်ပြေကြောင်း ဆိုခဲ့သည်။

သို့သော် ရီးယဲလ်အသင်းသည် ရှက်တာဒိုးနက်ဂိုးသမားနှင့် ထိခိုက်မိကာ နဖူးပေါက်ပြဲခဲ့သည့် ရူဒီဂါကို ခေါင်းထိ၊ မထိ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် ရှက်တာဒိုးနက်ကို သရေကျခဲ့သော်လည်း အုပ်စု (F)တွင် ရမှတ် (၁၀) မှတ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ဒုတိယနှင့် တတိယနေရာမှ လိုက်ပ်ဇစ် (၆ မှတ်) နှင့် ရှက်တာဒိုးနက် (၅ မှတ်)တို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်၍ အုပ်စုပွဲစဉ်ပြီးဆုံးရန် (၂) ပွဲအလိုမှာပင် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular