အမျိုးသမီးယူရို-၂၀၂၂ ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ စံချိန်တင်ပရိသတ် (၃၆၅)သန်းကျော် ကြည့်ရှုခဲ့ပြီး မကြုံစဖူးပြိုင်ပွဲဟု UEFA သုံးသပ်

အမျိုးသမီး ယူရို-၂၀၂၂ ပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ ပရိသတ်စုစုပေါင်း (၃၆၅)သန်းကျော် စံချိန်တင်ကြည့်ရှုခဲ့ပြီး သမိုင်းတစ်လျှောက် မကြုံစဖူး စိတ်ဝင်စားမှုရရှိခဲ့သည့် ပြိုင်ပွဲဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က သုံးသပ်ခဲ့သည်။

UEFA ၏ကြေညာချက်တွင် ကွင်းအတွင်းသို့ ပရိသတ် စံချိန်တင်ဝင်ရောက်မှု၊ ရုပ်သံကြည့်ရှုသူ အလွန်များပြားမှုနှင့် အွန်လိုင်းတွင် ပရိသတ်များ၏တုံ့ပြန်မှုများသည် ယခင်က မကြုံခဲ့ဖူးကြောင်း ရေးသားထားခဲ့သည်။

myan789

ယူရို-၂၀၂၂ ပြိုင်ပွဲတွင် TV ၊ Streaming နှင့် နေအိမ်ပြင်ပတွက် ကြည့်ရှုသူ စုစုပေါင်းပမာဏဖြစ်သည့် (၃၆၅)သန်းကျော်သည် ၂၀၁၇ ပြိုင်ပွဲ (၁၇၈ သန်း)ထက် နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး ၂၀၁၃ ပြိုင်ပွဲ(၁၁၆ သန်း)ထက်လည်း (၁၂၄) ရာခိုင်နှုန်းအထိ ပိုမိုခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အချိန်ပိုကစားပြီး (၂-၁)ဂိုးဖြင့် အနိုင်ရကာ ပထမဆုံးဥရောပဖလား ဆွတ်ခူးနိုင်ခဲ့သည့် ဗိုလ်လုပွဲကို ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုသူပေါင်း သန်း (၅၀) ရှိခဲ့သည်။

ယင်းပမာဏမှာ နယ်သာလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၇ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကြည့်ရှုသူ (၁၅)သန်းထက် (၃)ဆကျော် ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗိုလ်လုပွဲကို ဗြိတိန်တွင် BBC One ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့ကာ ကြည့်ရှုသူအရေအတွက် (၁၇.၄)သန်းအထိ ရှိခဲ့ပြီး ဗြိတိန်တွင် ကစားသည့် အမျိုးသမီးဘောလုံးပွဲများတွင် ရုပ်သံကြည့်ရှုမှုနှုန်း အများဆုံးလည်းဖြစ်ခဲ့သည်။

ထို့ပြင် အမျိုးသမီးယူရိုဗိုလ်လုပွဲသည် ၂၀၂၂ ခုနှစ်အတွင်း ဗြိတိန်တွင် ရုပ်သံကြည့်ရှုမှုအများဆုံးအစီအစဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

BBC၊ iPlayer၊ BBC Website နှင့် Application မှ ကြည့်ရှုသူပေါင်းမှာလည်း (၅.၇) သန်းအထိရှိခဲ့သည်။

အမျိုးသမီးယူရိုပြိုင်ပွဲကို ကမ္ဘာတစ်ဝန်း ရုပ်သံလွှင့်သည့်ဌာနပေါင်း (၆၀)ခုကျော်ရှိခဲ့ပြီး UEFA.tv မှလည်း တိုက်ရိုက်ပြသခဲ့သည်။

အမျိုးသမီးယူရိုပြိုင်ပွဲဗိုလ်လုပွဲသည် ဂျာမနီနှင့် ဗြိတိန်နှစ်ခုစလုံးတွင် ပရိသတ်အများဆုံး အမျိုးသမီးဘောလုံးပွဲစဉ်အဖြစ် စံချိန်တင်ခဲ့ပြီး ယူရို-၂၀၂၀ အမျိုးသားဘောလုံးပြိုင်ပွဲပြီးကတည်းက ပရိသတ်အများဆုံး ပြိုင်ပွဲလည်း ဖြစ်ခဲ့သည်။

ယူရို-၂၀၂၂ ဗိုလ်လုပွဲကို ပရိသတ်အရေအတွက် (၈၇၁၉၂) ဦး လာရောက်ကြည့်ရှုခဲ့ပြီး ယခင်စံချိန်တင်ထားသည့် ၂၀၂၂ လန်ဒန်အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစံချိန် (၈၀၂၀၃)ဦးကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ယူရိုပြိုင်ပွဲတွင် ပရိသတ်စုစုပေါင်း (၅၇၄၈၇၅) ဦး ကြည့်ရှုခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲက စံချိန် (၂၄၀၀၅၅)ဦးထက် နှစ်ဆကျော် များပြားခဲ့သည်။

လူမှုကွန်ရက်များတွင် (၄၅၃.၃)သန်းအကြိမ်ထိ တုံ့ပြန်မှုရှိခဲ့ပြီး TikTok က (၃၈.၇၊ Twitter က (၂၁.၁) ဖြင့် အများဆုံးဖြစ်ခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular