spot_img

စပါးအသင်းကို ဒုတိယနေရာပို့ဆောင်ပေးခဲ့တဲ့ ဘေးလ်

စပါး ၂-၁ ဘရိုက်တန်

စပါးအသင်းက အငြင်းပွားစရာဆုံးဖြတ်ချက်တွေနဲ့ ဒီပွဲကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီး ဒီရာသီမှာ သူတို့အသင်းရဲ့ပထမဆုံး အိမ်ကွင်းနိုင်ပွဲလည်းဖြစ်ခဲ့တယ်။ ဘရိုက်တန်ရဲ့အရှုံးက ဂုဏ်သိက္ခာရှိတဲ့ အရှုံးပါ။ အဓိက တိုက်စစ်မှူး မူပေး မကစားနိုင်လို့ တိုက်စစ်ပိုင်းမှာအားနည်းခဲ့ပေမဲ့ ကစားပုံကောင်းသလို၊ သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးကလည်း လှပတဲ့ သွင်းဂိုးပါပဲ။

myan789

ဒါပေမဲ့ စပါး သွင်းတဲ့ဂိုးမှာရော၊ ဘရိုက်တန်သွင်းတဲ့ဂိုးမှာပါ ပြောစရာတွေ၊ ငြင်းခုန်စရာတွေတော့ ဖြစ်ခဲ့တယ်။ ဟာရီကိန်းရဲ့ပယ်နယ်တီဂိုးဖြစ်စေမဲ့ ပယ်နယ်တီဆုံးဖြတ်ချက်က ရယ်စရာကောင်းပြီး ကိန်းက သူ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ နောက်က ဝင်လာတဲ့သူကိုတွေ့တာနဲ့ ခေါင်းယှဉ်တိုက်ဖို့မကြိုးစားတော့ဘဲ ပယ်နယ်တီကို ပါးပါးနပ်နပ်ယူသွားခဲ့တယ်။ ဖြစ်တာက စည်းပေါ်မှာဖြစ်လို့ ဒိုင်က Foul သတ်မှတ်လိုက်ချိန်မှာ ပယ်နယ်တီပါပဲ။ ဒီပယ်နယ်တီကို သူကပဲ (၁၃)မိနစ်မှာ သွင်းယူခဲ့တယ်။

ဒီလိုပဲ ဘရိုက်တန်ရဲ့ ချေပဂိုးမှာလည်း ကွင်းလယ်ဒိုင်က Pitch Monitor ကို ကမ္ဘာတစ်ပတ်ပတ်ချိန်လောက်ကြာအောင်ကြည့်ခဲ့ပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ထွက်မလာပြန်ဘူး။ ဘောလုံးထိ၊ မထိကို ကြည့်နေစရာတောင်မလိုဘူး။ နောက်ကနေ အရှိန်နဲ့ ဝင်ပိုင်းတာဟာ ခွင့်ပြုသင့်တဲ့ ဖျက်ထုတ်မှုလည်းမဟုတ်ပါ။ ဒါပေမဲ့ ဒိုင်က ခွင့်ပြုခဲ့တာကြောင့် အဲဒီကနေတစ်ဆင့် လှပတဲ့အကွက်ဆင်ဖန်တီးမှုနဲ့ Team Goal တစ်ဂိုးကိုမြင်ရတယ်။ စပါးအတွက်အနိုင်ဂိုးကိုတော့ လူစားဝင်လာပြီး (၃)မိနစ်အကြာ၊ ပွဲချိန် (၇၃)မိနစ်မှာ ရယ်ဂီလွန်ရဲ့ဖန်တီးမှုကနေ ဂါရတ်ဘေးလ်က သွင်းယူခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular