မန်စီးတီးအသင်းသည် အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား စတာလင်ကို နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
စတာလင်သည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိရာသီတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသောကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် မန်စီးတီးအသင်းတာဝန်ရှိသူများက ၎င်းကို လက်လွှတ်လိုခြင်းမရှိသည့်အတွက် သက်တမ်းရှည်စာချုပ်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေခြင်းဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။