Virus မှသည် အချစ်တော် ဖြစ်လာတဲ့ ပေါလ် ပေါ့ဘာ

မနေ့ ညက ကစား ခဲ့တဲ့ လီဗာပူး နဲ့ FA Cup ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အနိုင်ဂိုးရှင် ဖြစ်ခဲ့ ပါတယ် ။ ပေါ်တူဂီသား ဟာ လူစားလဲ ဝင်လာပြီး သိပ် မကြာခင်မှာ ဧရိယာ ထိပ်က ပြစ်ဒဏ်ဘော ကို အပြင်း ကန်သွင်းပြီး မန်ချက်စတာ ယူနိုက်တက် အတွက် တတိယ မြောက် ဂိုးကို သွင်းယူ ပေးခဲ့ တာပါ ။ ဒီဂိုး ဟာ ယူနိုက်တက် ကို အနိုင် ရစေခဲ့ပြီး FA Cup Fifth Round ကို တက်ရောက် သွားစေ ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လီဗာပူး ကို ၃ – ၂ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပြီး ပထမ ၂ ဂိုး ကို ရက်ဖိုဒ့် နဲ့ ဂရင်းဝုဒ် တို့ က တစ်ဦးကို တစ်ဦး အပြန် အလှန် ဖန်တီးပြီး ကိုယ်စီ သွင်းယူ ပေးခဲ့ ကြပါတယ် ။ ခြုံငုံ ပြောရရင် တော့ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် နဲ့ ဖာနန်ဒက်စ် တို့ ဟာ မနေ့ညက ယူနိုက်တက် ရဲ့ သူရဲကောင်း ၃ ယောက် ဖြစ်ခဲ့ ကြတာပါ ။

myan789

ဒါပေမယ့် နောက်ထပ် သူရဲကောင်း တစ်ယောက် ရှိနေခဲ့ ပါတယ် ။ အဲ့ဒိသူ ကတော့ ပေါ့ဘာ ပါပဲ ။ ပြင်သစ်သား ဟာ ဂိုးလည်း မသွင်း ၊ ဂိုးလည်း မဖန်တီး ပေးခဲ့ ပေမယ့် ယူနိုက်တက်ရဲ့ နိုင်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် သွားခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ စွယ်စုံရမှု နဲ့ ကွင်းလယ်ကို ချုပ်ကိုင် နိုင်တဲ့ စွမ်းရည် တွေ ပါပဲ ။

ပေါ့ဘာ ဟာ ယူနိုက်တက် ရဲ့ ပထမဂိုး မှာ ပါဝင် ပတ်သက် ခဲ့ပြီး သူ့ဆီ က ထွက်လာတဲ့ ဘောလုံး က တဆင့် ရက်ဖိုဒ့် ပေးပို့မှု ကို ဂရင်းဝုဒ် က ကန်သွင်း ရယူ ခဲ့တာ ဖြစ် ပါတယ် ။ ပေါ့ဘာ ဟာ မနေ့ညက ယူနိုက်တက် ရဲ့ တိုက်စစ် မှာရော ခံစစ် မှာပါ နေရာစုံ ကစား သွားခဲ့ပြီး ကွင်းလယ် ဘယ်ခြမ်း ၊ ညာခြမ်း ၊ ရှေ့နောက် အစုံ ပြေးလွှား ကစား ပေးသွားခဲ့ ပါတယ် ။

ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်းက အေးဂျင့် မီနို ရွိုင်းအိုလာ က သူ့ရဲ့ လူဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြီးဆုံး သွားပါပြီ လို့ ထုတ်ဖော် ပြောဆိုပြီး နောက်ပိုင်း တောက်လျောက် ပုံစံကောင်းတွေ ပြလာတဲ့ ပေါ့ဘာ ရဲ့ ပြောင်မြောက်တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ ပါတယ် ။ ဒီ တစ်လခွဲ ကာလ မှာ ပေါ့ဘာ ဟာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ဖြစ်ခဲ့ တာပါ ။

အသင်းက လိုအပ်တဲ့ အချိန်တွေမှာ ဂိုးတွေ သွင်းပေးတယ် ၊ အသင်းရဲ့ ကွင်းလယ် ကို ဦးဆောင်မှုပေးတယ် ၊ လီဗာပူး နဲ့ ၂ ပွဲ စလုံး မှာလည်း ပုံစံကောင်း ရခဲ့ ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် က တိုက်စစ် ကစားပုံ ကောင်း ပေမယ့် ပေါ့ဘာ ရဲ့ Role မျိုးကို မလုပ်နိုင် ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် က ပေါ့ဘာ ကို လိုအပ် နေတုန်းပါ ။

“ဒီနေ့ပွဲမှာ ပေါလ် ( ပေါ့ဘာ ) တစ်ယောက် ကွင်းလယ်မှာ တကယ် ကောင်းခဲ့ တယ်လို့ ထင်ပါတယ် ။ သူ ဘောလုံး ကို ရအောင် ယူနိုင်တယ် ၊ ဖျက်ထုတ်တယ် ၊ ရှေ့ကို ပို့တယ် ၊ ဆွဲပြေးတယ် ၊ ပြောရရင် အကုန် လုပ်ခဲ့ တာပါ ။ အန်ဖီးလ် မှာ တုန်းကလည်း သူ ကစားတာကောင်းခဲ့ ပါတယ်” လို့ ယူနိုက်တက် နည်းပြ ဆိုးရှား က ယမန်နေ့ ညက ပွဲ အပြီး မှာ သူ့ရဲ့ ကွင်းလယ်လူ ကို ချီးကျုး စကား ဆိုသွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ဘယ်ခြမ်းမှာ များသော အားဖြင့် ကစားသူ ဖြစ်ပေမယ့် ဆိုးရှား ကတော့ လီဗာပူး နဲ့ ကစား ခဲ့တဲ့ ၂ ပွဲ စလုံးမှာ ပေါ့ဘာ ကို ညာခြမ်းမှာ အားပြု ကစား စေခဲ့ ပါတယ် ။ အကြောင်း ကတော့ လီဗာပူး ဘက်က တိုက်စစ် လိုက်ပါ ကစားတတ်တဲ့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ကြောင့် ပါပဲ ။

“အားလုံး သိတဲ့ အတိုင်းပါပဲ ။ အန်ဒီရောဘတ်ဆန် ဟာ ရှေ့ကို တက်ရတာ ကြိုက် တဲ့ သူပါ ။ မနေ့ ညက ဒုတိယပိုင်း မှာဆိုရင် ရောဘတ်ဆန် ကြောင့် လီဗာပူး တို့ အားနည်းနည်း ပြန်သာ သလို ဖြစ်လာခဲ့ ပါတယ် ။ ဒါကြောင့် ပေါလ် ရဲ့ တိုက်စစ်တာဝန်ကို ယူဖို့ ဘရူနို ကို ထည့်ခဲ့သလို ဘယ်ခြမ်းကို ကူဖို့ ဖရက်ဒ် ကို ထည့်ခဲ့ရ ပါတယ်”

“ပေါလ် ကိုတော့ ညာခြမ်း ကို အာရုံစိုက်ပြီး အန်ဒီ ရောဘတ်ဆန် ဘက်ခြမ်း ကနေ ဘောလုံးတွေ ထွက်မလာ အောင် ကစားခိုင်း ခဲ့တာပါ ။ သူ အကောင်းဆုံး လုပ်ပြ နိုင်ခဲ့တယ်လို့ ထင် ပါတယ်” လို့လည်း ဆိုးရှား က ပေါ့ဘာ ရဲ့ ခံစစ် ကစားမှု နဲ့ ပတ်သက်ပြီးလည်း ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ချုပ်ဆို ထားတဲ့ စာချုပ် ရဲ့ နောက်ဆုံး သက်တမ်း ကို ရောက်ရှိ နေပါပြီ ။ လာမယ့် နှစ် မှာ သူ နဲ့ ယူနိုက်တက် တို့ ( သက်တမ်း မတိုးဖြစ် ခဲ့ရင် ) လမ်းခွဲ ရတော့ မှာပါ ။ ယူနိုက်တက် ကတော့ ပေါ့ဘာ ကို အသင်းရဲ့ အနာဂါတ် အစီအစဉ် အစိတ်အပိုင်း တစ်ခု အဖြစ် ရှုမြင် ထားပါတယ် ။ ပေါ့ဘာ ဘက်ကတော့ ဘယ်လို တွေးထင် ထားမလဲ ဆိုတာ မသိနိုင် ပါဘူး ။

လတ်တလော မှာတော့ တစ်ချိန် တုန်းက ဗိုင်းရပ်စ် လို့ နာမည်ဆိုး ရခဲ့သူဟာ ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်နေ ခဲ့ပါပြီ . . . . ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular