VAR ခန်းထဲက ဒိုင်တွေ မှားတာတော့ လုံး၀ လက်မခံပေးနိုင်ဘူးလို့ ပြတ်ပြတ်သားသား ဝေဖန်လိုက်တဲ့ မော်ရင်ဟို

စပါး နည်းပြ မော်ရင်ဟို ကတော့ ဒိုင်လူကြီးတွေ အနေနဲ့ VAR အကူအညီ ရှိနေပြီ ဖြစ်တာတောင် ကွင်းထဲက အဓိက အခိုက်အတန့် တွေမှာ ဆုံးဖြတ်ချက်တွေ လွဲမှားနေသေးတာဟာ လုံး၀ လက်ခံပေးနိုင်စရာ မရှိဘူးလို့ ပြောဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ အပတ် က မာဆေးဆိုဒ် ခါဘီမှာ ဖြစ်ပျက်ခဲ့တာတွေ ၊ မန်စီးတီး – ပေါ်တို ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေက ကိစ္စတွေ ဟာ VAR ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရပါတယ်။

myan789

လီဗာပူး နဲ့ အဲဗာတန် တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် ရဲ့ ဘောလုံးကို ဝင်ရောက် တားဆီးပုံ ကြမ်းတမ်းမှုကြောင့် ၊ ဗန်ဒိုက်ဟာ ဒူးအရွတ် စုတ်ပြတ်သွားတဲ့ ဒဏ်ရာ ရရှိသွားခဲ့ပြီး တစ်ရာသီလုံး အနားယူရမယ့် အခြေအနေတွေ နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

သို့သော် ပစ်ဖို့ဒ်ကတော့ ဘာ အရေးယူမှုမှ မခံခဲ့ရတဲ့ အပြင် ၊ ဒိုင်တွေရဲ့ ကိုင်တွယ် ဆုံးဖြတ်ချက်တွေကလဲ တစ်ခုမှ မမှားဘူးလို့ ပရီးမီးယားလိဂ် ဘက်က ပြန်လည် ဖြေရှင်းချက် ထုတ်ပြန်သွားခဲ့ပါတယ်။

မန်စီးတီး နဲ့ ပေါ်တို တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဆိုရင်လဲ ဂွန်ဒိုဂန် ဟာ ပေါ်တို ဂိုးသမား မာချီစင် ကို သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ၊ အရေယူခံရခြင်း မရှိပါဘူး။ သို့သော် ပီပီ က ကျူးလွန်မိလိုက်ချိန်မှာတော့ VAR က ပြန်လည် သုံးသပ်ပေးခဲ့ကာ ၊ ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့ ပြန်ပါတယ်။

မော်ရင်ဟို ကတော့ အဲဒီ အဖြစ် အပျက် နှစ်ခုစလုံးမှာ ဂွန်ဒိုဂန် ရော ၊ ပစ်ဖို့ဒ် ဟာ အနီကဒ်ပြပြီး ထုတ်ပယ်ခံရမှာ ဖြစ်တယ်လို့ ညွှန်းဆိုသွားခဲ့ပြီး ၊ VAR ရဲ့ အမှားတွေကိုတော့ လက်ခံ မပေးနိုင်တဲ့ အကြောင်းကို အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ အခုတလော ပရိသတ်တွေ က ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်လာတဲ့ အဓိက အကြောင်းအရင်း က VAR ကြောင့်လို့ ထင်ပါတယ်။ ယခင် VAR နည်းပညာ ကို အသုံးမပြုခင် ကတော့ ကွင်းထဲက ဒိုင်လူကြီးတွေဟာလဲ လူတွေထဲက လူတွေပဲ ဖြစ်နေလို့ အမှားဆိုတာတွေက ရှိခဲ့တာပဲလေ။

လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ဒိုင်လူကြီးတွေ နဲ့ ပတ်သက်လာရင် ကျနော်ဟာ ဘယ်လောက် အထိ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့လဲ ဆိုတာ အားလုံး သိကြပြီးသားပါ။ ကျနော့် အနေနဲ့ ဒိုင်တွေရဲ့ အမှားတွေကို လက်ခံပေးဖို့ တော်တော်လေး ခက်ခဲခဲ့ ပါတယ်။ ဒါပေမယ့် သူတို့လဲ လူသားတွေပဲလေ ဆိုတဲ့ အသိတစ်ခုနဲ့ ၊ အမှားတွေကို ခွင့်လွှတ်ပေးတတ်အောင် သင်ယူ ကြိုးစားခဲ့ပါတယ်။

ဒါကြောင့် နောက်ပိုင်ဆိုရင် ဒိုင်တွေ ရဲ့ အမှားတွေကို ကျနော် လက်ခံပေးလာခဲ့ပါတယ်။

ဒါပေမယ့် ကျနော်တို့ လက်ခံပေးလို့ မရတာက VAR က အမှားတွေ ကို ခဏခဏ လုပ်မိနေတဲ့ အချက်ပါ။

မာဆေးဆိုဒ် ဒါဘီ ပွဲမှာ ဆိုရင် စည်းကြပ်ဒိုင်တွေတောင် လိုက်မှီနိုင်တဲ့ တစ်နာရီ မိုင်ပေါင်း 100 လောက်ရှိတဲ့ အမြန်နှုန်းကိုတော့ VAR က လူကျွံဖမ်းနိုင်ခဲ့သေးတယ်လေ။ ဒါပေမယ့် လူတိုင်း က ပစ်ဖို့ဒ် ရဲ့ ဖျက်ထုတ်ပုံ ကြမ်းလွန်းပါတယ်လို့ ပြောနေတဲ့ အကြားက ဘာမှ မမြင်လိုက်ဘူးတဲ့ဗျ။ ထားပါတော့ ဒါက ပြီးခဲ့ပါပြီ။

ဒါပေမယ့် နောက်ထပ် မန်စီးတီး နဲ့ ပေါ်တို ပွဲမှာ ထပ်ဖြစ်ပြန်တယ်။ ပေါ်တို ဂိုးသမားဆိုရင် ဂွန်ဒိုဂန် ရဲ့ လုပ်ရပ်ကြောင့် ခြေထောက်တောင် ကျိုးသွားနိုင်ခဲ့ပါတယ်။ အဲဒီ လို ခံရတဲ့ အသင်းက ပင်နယ်တီတောင် ကန်ခွင့် ပေးလိုက်ရပြန်တယ်တဲ့လေ။

ကွင်းထဲက ဒိုင်တွေ အမှားလုပ်တယ် ဆိုတာ နားလည်ပေးလို့ ရပါတယ်။ ဘာလို့လဲ ဆိုတော့ မြက်ခင်းစိမ်းပေါ်က အဖြစ်အပျက်တွေက အရမ်းကို မြန်လွန်းတာကြောင့်ပါ။ ဒါပေမယ့် VAR အကူအညီ ရှိနေပြီ ဆိုတော့ ၊ အမှားတွေ ဆိုတာ မရှိသင့်တော့ပါဘူး။

ပစ်ဖို့ဒ် ရဲ့ အနေအထား မှာလဲ ဒိုင်လူကြီး က မှားတာ မဟုတ်ပါဘူး ၊ VAR တာဝန်ယူတဲ့ သူက မှားခဲ့တာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular