UEFA Nations League အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အဇာဘိုင်ဂျန် – မွန်တီနီဂရိုး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ ည ၁၁:၃၀ နာရီ)

အဇာဘိုင်ဂျန်က မွန်တီနီဂရိုးနဲ့ ခြေစွမ်းကွာပါတယ်။ မွန်တီနီဂရိုးက ပြီးခဲ့တဲ့ပွဲမှာ လူဇင်ဘတ်ကို မထင်မှတ်ဘဲ ရှုံးခဲ့လို့ လူဇင်ဘတ်ရဲ့ကျော်တက်ခြင်းကိုခံခဲ့ရပေမဲ့ နိုင်ပွဲတွေပြန်ရှာပါလိမ့်မယ်။ ဒီပွဲလည်း အနိုင်ကစားလိမ့်မယ်။

myan789

ဆိုက်ပရပ်စ် – လူဇင်ဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၄ ရက်၊ ည ၁၁:၃၀ နာရီ)

တစ်ချိန်က ဥရောပအောက်အသင်းတွေထဲမှာတောင် အိမ်ဖြည့်အသင်းသာဖြစ်ခဲ့တဲ့ လူဇင်ဘတ်က အခုအချိန်မှာ တော့ အုပ်စုကို ဦးဆောင်သူဖြစ်နေပြီ။ ဆိုက်ပရပ်စ်ကိုလည်း အနိုင်ကစားပါလိမ့်မယ်။

ပေါ်တူဂီ – ပြင်သစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၂:၁၅ နာရီ)

ပြင်သစ်ရဲ့တိုက်စစ်ပိုင်းက ဘာပေမကစားနိုင်ရင်တောင် ကိုးမန်း၊ မာစီယဲလ်တို့လို ကစားသမားတွေကြောင့် ပြဿနာ မရှိပါဘူး။ ကွင်းလယ်နဲ့ ခံစစ်မှာလည်း အရည်အသွေးမြင့်ကစားသမားတွေအများကြီးပိုင်ဆိုင်ထားတယ်။ လက်ရှိဘောလုံးလောကမှာ ပြင်သစ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ပြောလို့ရတယ်။ ပေါ်တူဂီကလည်း အကောင်းဆုံးအချိန် ကိုရောက်လာတယ်။ ခံစစ်ပိုင်းမှာ ဒီယက်စ်-ဖွန်တေအတွဲက စိတ်ချရသလို၊ ခံစစ်အစွန်လူတွေ၊ ကွင်းလယ်နဲ့ တိုက်စစ်ကစား သမားတွေအားလုံး အင်အားအပြည့်ပဲ။ ဒီပွဲက အကြိတ်အနယ်ရှိပြီး မျှတပါတယ်။ ပြင်သစ်မြေမှာတုန်းက ဂိုးမရှိသရေကျခဲ့သလို ဒီပွဲလည်း သရေရလဒ်နဲ့ပဲ အဆုံးသတ်ဖို့ များတယ်။

ဆွီဒင် – ခရိုအေးရှား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၂:၁၅ နာရီ)

ပေါ်တူဂီနဲ့ ပြင်သစ်တို့ကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ League B ကို မဆင်းရဖို့အတွက် အားပြိုင်ရမဲ့အသင်းတွေ ဖြစ်တယ်။ ပထမအကျော့ ခရိုအေးရှားမြေမှာ ခရိုအေးရှားက အနိုင်ကစားခဲ့တယ်။ ဒီပွဲမှာလည်း ဆွီဒင်မြေဆိုပေမဲ့ မိုဒရစ်၊ ကိုဗာချစ်၊ ဘရိုဇိုဗစ်၊ ပါရီဆစ်တို့ရဲ့ ခရိုအေးရှားကို ပိုကြိုက်တယ်။

ဆွစ်ဇာလန် – စပိန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၂:၁၅ နာရီ)

စပိန်ရဲ့အကောင်းဆုံးမျိုးဆက်၊ အကောင်းဆုံးအချိန်တွေက ကျော်သွားပြီ။ လက်ရှိအသင်းက အင်အားတောင့်တင်းဆဲ ဆိုပေမဲ့ ပြိုင်ဘက်တွေယှဉ်ကစားဖို့ မဖြစ်နိုင်တဲ့အသင်းမျိုး မဟုတ်တော့ဘူး။ ဆွစ်ဇာလန်က မထင်မှတ်တာတွေ လုပ်ပြတတ်တယ်။ စပိန်နိုင်ရင်တောင် ဂိုးမပြတ်နိုင်ဘူး။

ဂျာမနီ – ယူကရိန်း (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၂:၁၅ နာရီ)

စပိန်၊ ဂျာမနီနဲ့ ယူကရိန်းတို့ အပြိုင်ဖြစ်နေကြပြီး အုပ်စုဗိုလ်နေရာက မှန်းရခက်တယ်။ ပထမအကျော့တုန်းက ဂျာမနီမြေမှာ ဂျာမနီနိုင်ခဲ့ပေမဲ့ ယူကရိန်းက အကြိတ်အနယ်ကစားနိုင်ခဲ့ပြီး နောက်ဆုံးပွဲမှာ စပိန်ကိုအနိုင်ကစားခဲ့တဲ့ ခြေစွမ်းအရ ဆိုရင် ဒီပွဲမှာလည်း ဂျာမနီကို ယူကရိန်းဒုက္ခပေးနိုင်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular