” PSG အတွက် အသေခံပြီးတောင် တိုက်ပွဲဝင်ဖို့ အသင့်ပါ” ရီးရဲ မက်ဒရစ် နဲ့ တွေ့ဆုံပြီးနောက် ရာမို့စ် ရဲ့ ပြောစကား

မနေ့က ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် မဲခွဲပွဲဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် အတွက် သိက္ခာကျ စရာကောင်းလွန်းတယ်လို့ ရီးရဲ မက်ဒရစ် အသင်းက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ပထမ အကြိမ် မဲခွဲမှုတွေ လုပ်ဆောင်ခဲ့စဉ်က ရီးရဲ မက်ဒရစ် ဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ နဲ့ ထိပ်တိုက်တွေ့ ဆုံခဲ့ပါတယ်။

myan789

သို့သော် မဲခွဲမှုတွေ လုပ်ဆောင်နေစဉ် အတွင်း နည်းပညာ အမှားအယွင်းတွေ ပေါ်ပေါက်ခဲ့တာကြောင့် ၊ ကလပ် အသင်းတစ်ချို့ ကန့်ကွက်ခဲ့တာမို့ UEFA ဟာ မဲခွဲခြင်း လုပ်ငန်းတွေကို နောက်တစ်ကြိမ် ပြန်လည် လုပ်ဆောင်မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲဒီ အခိုက်အတန့်မှာ ရီးရဲ မက်ဒရစ် ဟာ UEFA ထံ တိုက်ရိုတ် စောကဒတက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်သစ် အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒုတိယ အကြိမ် မဲခွဲမှုတွေ လုပ်ဆောင်ချိန်မှာတော့ ရီးရဲ မက်ဒရစ်ဟာ အုပ်စု ဒုတိယ ရခဲ့တဲ့ အသင်းတွေထဲက အတောင့်တင်းဆုံး စာရင်းဝင် ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီပွဲကြောင့် နည်းပြ အန်ဆယ်လော့တီ အနေနဲ့ တချိန်က သူ ကြိုးစား တည်ဆောက်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းထံ နောက်တစ်ကြိမ် ပြန်သွားခွင့် ရမှာ ဖြစ်သလို ၊ ရီးရဲ မက်ဒရစ် ရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရာမို့စ် အတွက်လဲ ပထမဆုံး အကြိမ် ဘာနေဗျူး ကွင်းကြီးထဲကို ပြန်ဘက် အဖြစ်နဲ့ လာရောက် ကစားရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ မဲခွဲရလာဒ် နဲ့ ပတ်သက်လို့ စပိန် ခံစစ်မှုးကြီး က အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” ရီးရဲ မက်ဒရစ် နဲ့ ကျနော်တို့ အကြားက ဆက်နွှယ်မှုတွေကို အားလုံးက သိထားပြီးသား ဖြစ်သလို ၊ ကျနော် ကလဲ ရီးရဲ မက်ဒရစ် အပေါ် ဘယ်လောက်အထိ တန်ဖိုးထားတယ် ဆိုတာ ပြောပြနေစရာ မလိုပါဘူး။

ဒါပေမယ့် အခုချိန်က ပီအက်စ်ဂျီ အတွက် တိုက်ပွဲဝင်ပေးရမှာပါ။ ဒါကြောင့် လုပ်နိုင်သမျှ အရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ပီအက်စ်ဂျီ အတွက်ဆိုရင် သေဖို့တောင် အဆင်သင့်ပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ရာမို့စ် က သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘ၀ အစပိုင်းမှာ အခက်ခဲပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရတာ နဲ့ ပတ်သက်လို့ အရမ်းကို စိတ်ပျက်ခဲ့ရသလို ၊ ဘ၀ ရဲ့ အကြောင်းကိုလဲ ပိုပြီးတော့ နားလည်လာတဲ့ အကြောင်း အခုလို ဖွင့်ဟ သွားခဲ့ ပြန်ပါတယ်။

” အစောပိုင်း နေ့ရက်တွေ က တော်တော်လေးကို ခက်ခဲ ခဲ့ပါတယယ်။ ကျနော့် ဘောလုံးသမားဘ၀ မှာ ယခင်ကြုံခဲ့ဖူးတဲ့ ဒဏ်ရာ ပြသနာမျိုးတွေ နဲ့ လုံး၀ မတူတဲ့ ပုံစံတွေ နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဘောလုံးသမား ဆိုတော့ ဒါမျိုးတွေ ရင်ဆိုင်ရမှာပဲလေ။

အရေးအကြီးဆုံး က ဘောလုံး ပြန်ကစားခွင့် ရလာဖို့ အတွက်ပဲ မဟုတ်လား။ အထီးကျန်ပြီး မှောင်မိုက်လွန်းတဲ့ နာရီပေါင်း များစွာကို ဖြတ်သန်းပြီးချိန်မှာတော့ ၊ ဒီအခက်ခဲတွေ ကို ကျော်ဖြတ်ဖို့ ကိုယ့်ကိုယ်ကို ခွန်အားသစ်တွေ မွေးဖွားလာခဲ့ပါပြီ။

ဒီအခိုက်အတန့်မှာ ကျနော့် ရဲ့ ဘေးမှာ ဝန်းရံပေးနေတဲ့ မိတ်ဆွေစစ်တွေ က ဘယ်သူတွေလဲ ၊ ဘယ်သူတွေက ဟန်ဆောင် မျက်နှာဖုံးတွေလဲ ဆိုတာ အရမ်းကို ကွဲပြားသွားခဲ့ ပါတယ်။

မိသားစု အားလုံးကလဲ ပဲရစ်မှာ အခြေကျနေပါပြီ ။ ကျနော် ကိုယ်တိုင်လဲ ကွင်းထဲက ပွဲစဉ်တွေ အကြောင်းကို ခေါင်းထဲ ပြန်ထည့်လာနိုင်ပြီ ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ရာမို့စ် က ဘာနေဗျူး ကို ပြန်သွားတဲ့ အချိန်ကျရင် ရီးရဲ မက်ဒရစ် ပရိသတ်တွေ အားလုံးနဲ့ ပြန်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်နေပြီး ၊ ကိုယ်တိုင် ကိုယ်ကျ နှုတ်ဆက် သွားမယ်လို့လဲ ဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular