PSG ကို ပြောင်းလာတာ ယူရို ပါလိဂ် ကစားဖို့ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နေမာ

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ပီအက်စ်ဂျီဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ၊ ချန်ပီယံလိဂ် အိပ်မက်တွေ ဆက်လက် ရှင်သန်ခွင့် ရရှိသွားခဲ့ ပါတယ်။

လက်ရှိ အနေအထား အရ ပီအက်စ်ဂျီဟာ အမှတ်ပေးဇယား ရဲ့ ဒုတိယ နေရာမှာ ထိပ်ဆုံးက ယူနိုက်တက် ၊ တတိယ နေရာက လိုက်ပ်ဇစ် တို့နဲ့ ရမှတ်တူ 9 မှတ် နဲ့ ရပ်တည်လျှက်ရှိနေပြီး ၊ အုပ်စု နောက်ဆုံးပွဲစဉ်မှာတော့ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ တူရကီ ကလပ် ဘာဆက်ရှီဟာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

myan789

ဒါကြောင့်မို့ အဲဒီ ပွဲ အနိုင်ရလိုက်တာ နဲ့ သူတို့ရဲ့ ရှုံးထွက် အဆင့် တက်ရောက်နိုင်ခွင့် မျှော်လင့်ချက်တွေဟာ ခိုင်မာလာဖွယ်ရှိနေပါတယ်။

အိုးထရက်ဖို့ဒ်မှာ 2 ဂိုး သွင်းယူခဲ့တဲ့ နေမာ ကတော့ သူ့အနေနဲ့ ပဲရစ် ကလပ်ကို ပြောင်းရွှေ့လာတာ ဟာ ယူရို ပါလိဂ် ကစားဖို့ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပြီး ၊ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အတွက် ယုံကြည်မှု အပြည့်နဲ့ ကြိုးစားသွားမယ့် အကြောင်း ပွဲအပြီးမှာ ရင်ဖွင့် သွားခဲ့ပါတယ်။

“ ကျနော့် ဘဝမှာ ချန်ပီယံလိဂ် အုပ်စုအဆင့်နဲ့ ကျေနပ်လိုက်ရတာမျိုးတွေ မရှိခဲ့သလို ၊ ယူရိုပါလိဂ် ဆင်းကစားရတာမျိုးတွေလဲ မကြုံခဲ့ဖူးပါဘူး။ ဒီကိစ္စက ကျနော့် ခေါင်းထဲကိုလဲ ဝင်လာစရာ အကြောင်း မရှိပါဘူး။ ဒီလို ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံလာရင် ၊ တာဝန်ယူမှု အပြည့်နဲ့ ဖြေရှင်းပေးဖို့ ရှေ့ထွက်ပြီးသားပါပဲ။ ကျနော် ပီအက်စ်ဂျီ ကို ပြောင်းလာတာက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကစားပေးဖို့ မဟုတ်ဘူးလေ။

ကျနော့် အသက် 17 နှစ် အရွယ်လောက် ကတည်းက ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်တဲ့ လူတစ်ယောက်လို့ ခံစားမိခဲ့ပြီးသားပါ။ အဲဒီ အတွက် အသင်းခေါင်းဆောင် လက်ပတ်တွေ ရယူနေစရာ မလိုပါဘူး။ ဒီကနေ့ဆိုရင် ကျနော်ဟာ ပီအက်စ်ဂျီ ရဲ့ ပြယုဂ် တစ်ခု အဖြစ် ရပ်တည်နေပြီ ဖြစ်သလို ၊ ကွင်းထဲမှာ စွမ်းဆောင်ပေးသမျှ အခိုက်အတန့်တိုင်းကလဲ အသင်းဖော်တွေ အတွက် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

အသင်းဖော်တွေ နဲ့ အမြဲတမ်း တစ်သားတည်းရှိတယ်။ တစ်ချိန်တည်းမှာပဲ ကျနော့် အပေါ်ကို ဝေဖန်နေကြတဲ့ အသံတွေကို ဂရုစိုက် မနေနိုင်ပါဘူး။ ကျနော်တို့ အားလုံးဟာ ရည်ရွယ်ချက် တစ်ခုတည်းအတွက် ပြိုင်တူ တိုက်ပွဲဝင်နေကြတာပါ။ ဒီကနေ့မှာတော့ အသင်းဖော်တွေ ကို အများကြီး ကူညီပေးနိုင်တဲ့ အတွက် ကျေနပ်မိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

နည်းပြ တူချယ် ကတော့ သူ့ ကစားသမားတွေ ရဲ့ အတွေးထဲမှာ ဘယ်တော့မှ ဘဝမြင့်မသွားဖို့ အတွက် စေ့စေ့စပ်စပ် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပြီး ၊ နောက်ဆုံးပွဲမှာ အမှားခံလို့ မရတဲ့ အကြောင်းကိုလဲ ဝန်ခံသွားခဲ့ ပါတယ်။

“ ရှုံးထွက် အဆင့်ကို တက်ရောက်ဖို့ နီးစပ်တာ နဲ့ တကယ် တက်ရောက်နိုင်ခဲ့တာက လုံး၀ မတူပါဘူး။ နီးစပ်မှု ရှိတယ် ဆိုတာ တကယ့် လက်တွေ့မှာ ဖြစ်မလာသေးဘူးလေ။ ဒါကြောင့်မို့ ကျနော် ကတော့ ကစားသမား တစ်ယောက်ချင်းစီ ရဲ့ အတွေးမှာ အုပ်စုကျွတ်ပြီ ဆိုတဲ့ အတွေးမျိုးတွေ အဝင်ခံမှာ မဟုတ်ပါဘူး။

ရှေ့ဆက်ပြီး အများကြီး ကြိုးစားရဦးမှာပါ။ နောက်ဆုံး တစ်ဆင့်က အရမ်းကို အရေးကြီးပါတယ်။ ကျနော်တို့ အနေနဲ့ ဒီညမှာ ကစားသွားတဲ့ ခြေစွမ်းတွေ ၊ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ အတိုင်း ဆက်လက် တိုက်ပွဲဝင်သွားရမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းပိုင်ရှင် အယ်ခီလာဖီ ကလဲ ဒီည ကစားသွားတဲ့ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ အရမ်းကို ကျေနပ်မိတယ်လို့ ဆိုလိုက်ပြီး ၊ ပီအက်စ်ဂျီ အစစ်အမှန် ကို မြင်ခဲ့ရတာ ဖြစ်တယ်လို့ ဝင့်ကြွားသွားခဲ့ ပါတယ်။

“ ဒီညမှာတော့ ကျနော်တို့ အနေနဲ့ ဝင့်ဝင့်ကြွားကြွား နဲ့ ကို ဂုဏ်ယူလို့ ရပါတယ်။ ချန်ပီယံလိဂ် အတွက် တိုက်ပွဲဝင်တဲ့ ပီအက်စ်ဂျီ အစစ်အမှန်ကို မြင်တွေ့ခဲ့ရတာပါ။ အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ပွဲမျိုးကို အနိုင်ရတဲ့ အတွက် ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။

ကျနော့် အမြင်မှာတော့ အခွင့်အရေး ဖန်တီးမှု အပိုင်းမှာ ပိုသာခဲ့တယ်လို့ ထင်သလို ၊ အနိုင်ရလိုတဲ့ စိတ်ဓါတ်ပိုင်းမှာလဲ အသာစီး ရခဲ့ပါတယ်။ ကျနော် တို့ရဲ့ ရည်မှန်းချက် က ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက်ပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular