PSG ကို ပဲရစ်မြေပေါ်မှာ နောက်တစ်ခါ အနိုင်ယူပြီး ချန်ပီယံလိဂ် အဖွင့်လှခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက် စတာ ယူနိုက်တက် ဟာ ယမန်နေ့ ညက ချန်ပီယံလိဂ် ရဲ့ ပထမဆုံး အုပ်စု ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ခဲ့ပြီး အိမ်ရှင် PSG အသင်း ကို ၂-၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ လွန်ခဲ့တဲ့ ၂ နှစ် တုန်းကလည်း ပြင်သစ် မြေပေါ်မှာ PSG ကို အနိုင် ကစား ထားခဲ့ပြီး ယခု အကြိမ် မှာလည်း ထပ်မံ အနိုင် ရခဲ့ ပြန်ပါတယ် ။ တိုက်ဆိုင် ခဲ့တာ ကတော့ အဲ့ဒိ တုန်းက ယူနိုက်တက် အတွက် အနိုင်ဂိုး ကို သွင်းပေး ခဲ့တဲ့ ရက်ဖိုဒ့် ဟာ ယမန်နေ့ ညက ပွဲမှာ လည်း ယူနိုက်တက် ရဲ့ အနိုင်ဂိုးရှင် ဖြစ်ခဲ့ ပြန်ပါတယ် ။

ယူနိုက်တက် ဟာ ၃-၅-၂ ပုံစံ နဲ့ ပွဲထွက် လာခဲ့ပါတယ် ။ ဟယ်ရီ မက်ဂွဲယား မပါ နိုင်တဲ့ ယူနိုက်တက် ခံစစ် မှာ လင်ဒီလော့ဖ် ၊ တူအမ်ဇီဘီ နဲ့ လုခ်ရှော တို့ ကစား ခဲ့ကြပြီး PSG တိုက်စစ် ကို အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့ ပါတယ် ။ အထူး သဖြင့် တူအမ်ဇီဘီ နဲ့ wing-back ကစားတဲ့ ဘစ်ဆာကာ တို့ ဟာ PSG ရဲ့ အဓိက ကစား သမား ၂ ဦး ဖြစ်တဲ့ နေမာ နဲ့ အမ်ဘာပေ တို့ ကို ထိန်းချုပ် ကစား နိုင်ခဲ့ ပါတယ် ။

myan789

ကွင်းလယ် မှာတော့ ဖရက်ဒ် နဲ့ တော်မီနေး တု့ိ ပါခဲ့ ကြပြီး အဲလက်စ် တဲလက်စ် နဲ့ ဘစ်ဆာကာ တို့ က Wing-back တွေ အဖြစ် ကစားခဲ့ ပါတယ် ။ ပွဲမစခင်မှာ ဖရက်ဒ် နဲ့ တော်မီနေး တို့ ကို ပွဲထုတ် ခဲ့မှု အပေါ် သံသယ ရှိမှုတွေ ဖြစ်ခဲ့ ကြပေမယ့် ၂ ဦး စလုံး ဟာ ဒီကနေ့ ပွဲမှာ ခြေပေါ် ခဲ့ကြပါတယ် ။ အထူးသဖြင့် ဖရက်ဒ် ဟာ တစ်ကွင်းလုံး လိုက်ကစား ခဲ့ပြီး PSG ရဲ့ ကစားကွက် ကို လိုက်လံ ဖျက်တောက် ခဲ့ပါတယ် ။

ရှေ့တန်း မှာတော့ မာရှယ် နဲ့ ရက်ဖိုဒ့် တို့ နောက် မှာ ဖာနန်ဒက်စ် က ကွင်းလယ် တိုက်စစ် သမား အဖြစ် ကစားသွား ခဲ့ ပါတယ် ။ ဒီပွဲ မှာ ရှေ့တန်း ဟာ ယူနိုက်တက် ရဲ့ အားအနည်းဆုံး နေရာ ဖြစ်ခဲ့ပြီး မာရှယ် ရော ရက်ဖိုဒ့် ပါ အခွင့်အရေး ပေါင်းများစွာ ကို ဖြုန်းတီး ပစ်ခဲ့ကြပါတယ် ။

အန်တိုနီ မာရှယ် ဟာ မနေ့ ညက ပွဲရဲ့ အဆိုးရွားဆုံး ကစား သမားလို့တောင် သတ်မှတ် နိုင်ခဲ့ပြီး အခွင့် အရေးတွေ ကို အသုံးမချ နိုင် ၊ PSG ခံစစ် ကို မခြိမ်းခြောက် နိုင်တဲ့ အပြင် O.G လက်ဆောင် ပါ သွင်းပေး သွားခဲ့ ပါတယ် ။ ရက်ဖိုဒ့် ကတော့ 87 မိနစ် က အနိုင်ဂိုးကြောင့် ဗီလိန် ကနေ ဟီးရိုး ပြန်ဖြစ် ခဲ့ရ ပါတယ် ။

ဒီကနေ့ ပွဲမှာ ချီးကျုးရမယ့် သူတွေ ကတော့ ၂ ဖက် အသင်း ဂိုးသမားတွေ ပါပဲ ။ ဒီဂီယာ ဟာ နေမာ ၊ ၊ ဘာပေ နဲ့ ဒီမာရီယာ တို့ရဲ့ ကန်ချက်တွေ ကို အံ့အား သင့်ဖွယ် ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ သလို PSG ဝါရင့် ဂိုးသမားကြီး နာဗက်စ် ကလည်း လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ် နိုင်ခဲ့ ပါတယ် ။

ဒီနိုင်ပွဲ ဟာ ပွဲကြပ်တွေ ဆက်တိုက် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် ခွန်အား ဖြစ်စေ ခဲ့ ပါတယ် ။ ဒီနှစ် ချန်ပီယံလိဂ် ကို နိုင်ပွဲနဲ့ စဖွင့် နိုင်ခဲ့ ပေမယ့် အစ္စတန်ဘူ အသင်း ကို ၂ ဂိုးပြတ် အနိုင် ရခဲ့တဲ့ လိုက်ပ်ဇစ် ကြောင့် အုပ်စု ဒုတိယ နေရာ ကိုသာ ရရှိခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဒုတိယမြောက် ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ လိုက်ပ်ဇစ် ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး အဆိုပါ ပွဲ မတိုင်ခင် မှာ ချဲလ်ဆီး အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား ရဦး မှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular