PSG နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းသား 5 ဦး ပါဝင်မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန် နံနက်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် လီဂူးဝမ်း ချန်ပီယံ အသင်း ဖြစ်တဲ့ PSG အသင်း နဲ့ ရင်ဆိုင် ကစား သွားရဖို့ ရှိနေ ပါတယ် ။ ဒါဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲပဲလို့ ပြောရင် လုံးဝ မမှားပါဘူး ။

ဒီလို ပွဲစဉ်မှာ နှစ်ဖက် အသင်းဟာ တက်နိုင်သမျှ တောင့်တင်းတဲ့ ကစားသမား စာရင်းနဲ့ ပွဲထုတ် ကစားဖို့ ကြိုးစား အားထုတ်လိမ့်မယ်လို့ အားလုံး မျှော်လင့်ထား ကြမှာ ပါပဲ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အဆိုပါ ပွဲစဉ်မှာ ကစားသမား 5 ဦး ပါဝင် နိုင်မှာ မဟုတ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု သွားခဲ့လိုက် ပါတယ် ။

myan789

ဆိုးလ်ရှားက မပါဝင် နိုင်ဘူး လို့ အတည်ပြု သွားခဲ့ လိုက်တဲ့ ကစားသမား 5 ဦး ကတော့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ၊ တိုက်စစ်မှူးသစ် ကာဗာနီ ၊ လူငယ် တိုက်စစ် ကစားသမားလေး မေဆွန် ဂရင်းဝုဒ် ၊ နောက်ခံလူ အဲရစ် ဘိုင်လီ နဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ် တို့ပဲ ဖြစ်ကြ ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးသစ် ဖြစ်တဲ့ ကာဗာနီဟာ အပြောင်းအရွှေ့ နောက်ဆုံး ရက်စွဲမှာ အိုးလ် ထရပ်ဖို့ဒ်ဆီ ရောက်ရှိ လာခဲ့တဲ့နောက် ကွာရန်တင်း နှစ်ပါတ် ဝင်နေခဲ့ရတဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အခုထိ ပွဲထွက် ကစားပေးခွင့် မပိုင်ဆိုင် နိုင်ခဲ့သေးပါဘူး ။

ခက်ခဲတဲ့ ရက်စွဲတွေ ပိုင်ဆိုင်ခဲ့ ရတဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ကတော့ နယူးကာဆယ် အသင်းကို 1 – 4 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် တုန်းက ပါဝင် နိုင်မှာ မဟုတ်ဘူး လို့ ထင်ကြေး ပေးခံခဲ့ရပေမယ့် လက်တွေ့ မှာတော့ ပါဝင် ကစားပေးခဲ့ပြီး ခြေပဂိုးပါ သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ အခုတော့ ဆိုးလ်ရှား က …

” ကျွန်တော်တို့ ကစားသမား အချို့ကို ဆုံးရှုံး သွားဖို့ ရှိနေ ပါပြီ ။ သူတို့ ကတော့ အဲရစ် ဘိုင်လီ နဲ့ ဂျက်စီ လင်ဂတ်တို့ ပါပဲ ။ သူတို့ တွေဟာ အသင်းနဲ့ မလိုက်ပါ နိုင်ခဲ့ကြ ပါဘူး ။ ကျွန်တော်တို့ အနည်းငယ် အားလျော့ သွားမှာပါ ။ ဒါပေမယ့် လုံလောက်တာထက် ပိုတဲ့ ကစားသမား အင်အားကို ပိုင်ဆိုင် နေဦးမှာ ပါပဲ ။ ကျွန်တော် ကတော့ ကစားသမားတွေ အကြာကြီး မနားရဖို့ မျှော်လင့် နေပါတယ် ”

” အီဒင်ဆန် ကတော့ ဒီရက်သတ္တပါတ် မကုန်ခင် နောက်ထပ် လေ့ကျင့်ရေး အစီအစဉ် တွေကို လုပ်ဆောင်ဖို့ လိုအပ် နေပါ သေးတယ် ။ ဟယ်ရီ ( မက်ဂွားယား ) ၊ အဲရစ် ( ဘိုင်လီ ) နဲ့ မေဆွန် ( ဂရင်းဝုဒ် ) တို့လည်း အသင်း နဲ့ အမြန်ဆုံး ပူးပေါင်းဖို့ မျှော်လင့် နေပါတယ် ။ ဒါပေမယ့် သိပ်ပြီးတော့ မသေချာသေး ပါဘူး ”

” ဟယ်ရီ ကတော့ အချိန်မီ သက်သာ လာလိမ့်မယ် လို့ မျှော်လင့် ပါတယ် ။ ဒါပေမယ့် သေချာပေါက်တော့ မပြောနိုင်သေး ပါဘူး ။ ဒါက မျှော်လင့်နေရုံ သပ်သပ် ပါပဲ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် စည်းကမ်း ချိုးဖောက် ခဲ့လို့ မေဆွန် ဂရင်းဝုဒ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ နယူးကာဆယ် နဲ့ ပွဲမှာ မပါခဲ့တာလား ဆိုတဲ့ သတင်း အပေါ်…

” စဉ်းစားကြည့်ပေါ့ဗျာ ၊ အကယ်လို့ အဲ့ဒီလိုသာ ဖြစ်ခဲ့မယ် ဆိုရင် ဘရန်ဒန် ဝီလီယံဟာ ကျွန်တော် တို့ အသင်း နဲ့ အတူ ဒီမှာ ရှိနေ ပါဦး မလား ? ခင်ဗျား ရဲ့ သတင်း အရင်းအမြစ် က ဘယ်က ရတာလဲ ? ကျွန်တော် ပြောချင်တာ ကတော့ ဒီလောက် ပါပဲ ” လို့ တုန့်ပြန်ရင်း PSG နဲ့ ပွဲစဉ် အတွက် ဂရင်းဝုဒ် မပါဝင် လာခဲ့တာနဲ့ ပတ်သက်လို့ …

” ဆေးအဖွဲ့နဲ့ ပတ်သက်တဲ့ အရာတွေ ကိုတော့ ကျွန်တော် အတည်ပြု ပေးလို့ မရနိုင် ပါဘူး ။ ဒါဟာ အသေးအမွှား ပြသနာပဲ ဖြစ်ပါစေလို့ ကျွန်တော်တို့ မျှော်လင့် နေကြ ပါတယ် ။ သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စွန့်စားမှု မလုပ်ဆောင်ရဲပါဘူး ။ ရက်သတ္တပါတ် အကုန်မှာ အရာရာ အဆင်ပြေဖို့ ကျွန်တော်တို့ မျှော်လင့် နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ဖြေကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular