Group of Death မှာ ခြေစွာနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မနှစ် က ချန်ပီယံလိဂ် မှာ ဖိုင်နယ် တက်ခဲ့တဲ့ PSG ၊ ဆီမီး အထိ ရောက်ခဲ့တဲ့ လိုက်ပ်ဇစ် တို့ နဲ့ တစ်အုပ်စု တည်း ကျခဲ့ကြောင်း စသိ ရချိန်တုန်းက မန်ချက်စတာ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် ခရီးဟာ ခက်ခဲမယ် လို့ အားလုံးက တွက်ဆ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ၂ ပွဲ ကစား အပြီး မှာတော့ အိုလေ ဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ် ရဲ့ မရဏ အုပ်စု မှာ ခြေစွာ နေပြီး နောက်က အသင်းတွေ ကို ၃ မှတ် ဖြတ်ပြီး ဦးဆောင် နေခဲ့ ပါတယ် ။

ဒီည ပွဲ မှာ ယူနိုက်တက် တစ်သင်းလုံး နီးပါး ကောင်းခဲ့ ပါတယ် ။ ကစားပုံ ကျစ်လျစ် ခဲ့ပြီး ခံစစ် ပိုင်းရော တိုက်စစ် ပိုင်းက လူတွေပါ ကိုယ့်တာဝန် ကိုယ်ကျေခဲ့ ကြတယ်လို့ ဆိုရ မှာပါ ။ လူစားလဲ မှန်ခဲ့တဲ့ နည်းပြ ဆိုးရှား ကိုလည်း ချီးကျုး ရမှာပါပဲ ။

myan789

၄-၃-၃ နဲ့ ကစားနေကျ ဆိုးရှား ဟာ ဒီပွဲ မှာတော့ ၄-၄-၂ စိန်ပွင့် ကစားကွက် ကို ပြောင်းသုံးခဲ့ ပါတယ် ။ ဒွန်နီ ဗန်ဒီဘိ က သူ့ရဲ့ ယူနိုက်တက် ကစား သမား ဘ၀ ပထမဆုံး ပွဲထွက်ခွင့် ကို ရခဲ့ပြီး ကွင်းလယ် စိန်ပွင့် ရဲ့ ထိပ်မှာ နေရာယူ ခဲ့ ပါတယ် ။ ဖာနန်ဒက် နဲ့ ရက်ဖိုဒ့် အရန်ခုံ ထိုင်ခဲ့ ကြပြီး မာရှယ် နဲ့ ဂရင်းဝုဒ် တို့က တိုက်စစ် မှာ ပါဝင်ခွင့် ရခဲ့ကြ ပါတယ် ။

ယူနိုက်တက် ရဲ့ ပထမပိုင်း ခြေစွမ်း က အရမ်းကြီး မကောင်းခဲ့ ပါဘူး ။ ဒါပေမယ့် ကျစ်ကျစ် လျစ်လျစ် ရှိခဲ့ ပါတယ် ။ ဂရင်းဝုဒ် ကလည်း ရလာတဲ့ အခွင့်အရေး ကို ပိုင်ပိုင် နိုင်နိုင် အသုံးချပြီး အဖွင့်ဂိုးကို သွင်းပေး ခဲ့တာ ကြောင့် တာဝန်ကျေခဲ့ တယ်လို့ ပြောရမှာပါ ။ ဖရက်ဒ် နဲ့ မာတစ် တို့ ရဲ့ ဖျက်အား ကလည်း ခံစစ် အတွက် အများကြီး အကူအညီ ဖြစ်စေခဲ့ ပါတယ် ။

လိုက်ပ်ဇစ် ရဲ့ အားနည်းချက် က တစ်ဦးချင်း လိမ်ခေါက် ကျော်ဖြတ် နိုင်တဲ့ ကစား သမား မရှိတာ နဲ့ ဧရိယာ ထဲ မှာ အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး မရှိတာတွေ ပါပဲ ။ ယူနိုက်တက် ဘက် ကို ဆက်တိုက် ဖိ ကစားပြီး ဖြတ်တင်ဘောတွေ ၊ ထောင့်ကန်ဘောတွေ အများကြီး ရခဲ့ ပေမယ့် မက်ဂွဲယား ဦးဆောင်တဲ့ ခံစစ် ကို မကျော် နိုင်ခဲ့ ပါဘူး ။ ဒီဂီယာ ကလည်း အပိုင်အခွင့် အရေး ၂ ကြိမ် ကို အံ့အားသင့်ဖွယ် ကာကွယ်ပေး သွားခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာလည်း လိုက်ပ်ဇစ် ကပဲ ပွဲကို စီးထားခဲ့ ပါတယ် ။ ဘွန်ဒစ်လီဂါ ကို ဦးဆောင် နေတဲ့ နာဂယ်စ်မန်း ရဲ့ အသင်းဟာ အသင်းလိုက် ကစားအား ကောင်းပြီး ယူနိုက်တက် ခံစစ် ကနေ ရှေ့ကို ဘောလုံး မပို့ နိုင်အောင် တောက်လျောက် ဖိအားပေးရင်း ကစားခဲ့ ပါတယ် ။

မိနစ် ၇၀ မတိုင်ခင်အထိ လိုက်ပ်ဇစ် ရဲ့ ကစားပုံ ဟာ အချိန်မရွေး ချေပဂိုး ပြန်ရ သွားနိုင်တဲ့ အနေအထား မှာ ရှိနေ ခဲ့ ပါတယ် ။ ယူနိုက်တက် ခံစစ် က ခြေပေါ်နေ လို့သာ ဂိုးပြန်မပေး ခဲ့ရတာ ဖြစ်ပြီး ပဲလေ့စ် ၊ စပါး တို့နဲ့ ပွဲ တုန်းကလို ခြေမျိုး နဲ့ ဆိုရင်တော့ လိုက်ပ်ဇစ် တို့ ဂိုးတွေ ရသွားဖို့ ရှိနိုင် ပါတယ် ။ ဒါပေမယ့် မိနစ် ၆၀ ကျော်မှာတော့ ပွဲရဲ့အလှည့် အပြောင်း စတင်ခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ယူနိုက်တက် ရဲ့ လူစားလဲမှုတွေ ပါပဲ ။ ဒီ တစ်ခါ မှာတော့ ဆိုးရှား ကို ချီးကျုး ရမှာပါ ။ ကစားအား ကျလာတဲ့ ဂရင်းဝုဒ် ကို ထုတ်ပြီး မြန်နှုန်း မြင့်တဲ့ ရက်ဖိုဒ့် ကို ထည့်တယ် ၊ အဝါကတ်ထိ ထားတဲ့ မာတစ် နေရာမှာ မာမာ ထန်ထန် ကစား နိုင်တဲ့ တော်မီနေး ကို ထည့်ပြီး အပြောင်းအလဲ လုပ်ခဲ့ ပါတယ် ။ မှန်ကန်တဲ့ လူစားလဲမှုတွေပါ ။

သိပ်မကြာခင် မှာဘဲ ဗန်ဒီဘိ ကို ထုတ်ပြီး ဘရူနို ဖာနန်ဒက်စ် ကို ထည့်ခဲ့ ပါတယ် ။ ဖာနန်ဒက်စ် က ဝင်လာအပြီး ခဏ အကြာမှာပဲ ရက်ဖိုဒ့် အတွက် ဖန်တီးပေး သွားခဲ့ ပါတယ် ။ ဒီဂိုး ဟာ ဖာနန်ဒက်စ် ရဲ့ ပါးနပ် သွက်လက်မှု ၊ ရက်ဖိုဒ့် ရဲ့ ပြေးအားတို့ ကြောင့် ရခဲ့တာ ဖြစ်ပြီး စည်းကြပ်ဒိုင် က လူကျွံ အလံထောင်ခဲ့ ပေမယ့် ဘောလုံး စပေးချိန် မှာ ရက်ဖိုဒ့် က ကွင်းတစ်ဝက် မကျော်ခဲ့တာ ကြောင့် ဂိုးရခဲ့ ပါတယ် ။

၂ – ၀ ဟာ လိုက်ပ်ဇစ် ကို စိတ်ဓါတ် ကျသွား စေခဲ့ ပါတယ် ။ ၄ မိနစ် အကြာမှာ နောက်ထပ် ဂိုးထပ် ပေးလိုက်ရ အပြီးမှာတော့ ဂျာမန် ကလပ်ဟာ အိုးထရက်ဖိုဒ့် မှာ အစွယ်ကျိုး သွားခဲ့ ပါပြီ ။ 87 မိနစ် မှာ ယူနိုက်တက် တို့ ပင်နယ်တီ ရခဲ့ပြီး ဟက်ထရစ် ရမယ့် ရက်ဖိုဒ့် ၊ အသင်းသစ်အတွက် ဂိုးမသွင်းရ သေးတဲ့ ကာဗာနီ တို့ ရှိနေ ပေမယ့် မာရှယ် က သူ့ကြောင့်ရတဲ့ ပင်နယ်တီ ကို သူကိုယ်တိုင်ပဲ ကန်သွင်း သွားခဲ့ ပါတယ် ။ ဒီ တစ်ခု ကတော့ သိပ်ပြီး ဘဝင်ကျစရာ မကောင်းခဲ့ ပါဘူး ။

ဒါပေမယ့် မာရှယ် ဟာ ၉၂ မိနစ် မှာ ရက်ဖိုဒ့် ကို ဟက်ထရစ် ရအောင် ပြန်ပြီး ဖန်တီးပေး သွားခဲ့ ပါတယ် ။ မာရှယ် ထက် ပိုပြီး ချီးကျုး ရမှာပါ ဖာနန်ဒက်စ် ဖြစ်ပြီး ၄ – ၀ ဖြစ်လို့ သိပ်မကြာခင် မှာ ရလာတဲ့ အခွင့်အရေး ကို ကိုယ်တိုင် ဆွဲပြေးပြီး မကန်ဘဲ ကာဗာနီ ကို ဂိုးရအောင် ဖန်တီးပေး ခဲ့တာက ပေါ်တူဂီသားရဲ့ စိတ်ဓါတ် ကို မြင်သာစေခဲ့ ပါတယ် ။ ဒီဂိုး လူကျွံ သွားတာတော့ စိတ်မကောင်း စရာ ပါပဲ ။

အဆုံးသတ်ရရင်တော့ ယူနိုက်တက် ဟာ ပွဲကြပ် ကာလ မှာ ပုံစံကောင်းတွေ ပြလို့ နေပါတယ် ။ PSG ကို နိုင် ၊ ချဲလ်ဆီး ကို အစီးသရေ ၊ လိုက်ပ်ဇစ် ကို အပြတ်အသတ် အနိုင်ယူပြီး ခရီးဆက်လို့ နေပါတယ် ။ လာမယ့် ပိတ်ရက် မှာတော့ မဟာပြိုင်ဘက် အာဆင်နယ် နဲ့ ရင်ဆိုင် ကစား ရမှာပါ ။ ဒီပွဲမှာရော ယူနိုက်တက်တို့ ပုံစံ ကောင်းကို ဆက်ပြီး ပြသ နိုင်မှာလား . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular