Goal က ထုတ်ပြန်လိုက်တဲ့ ၂၀၂၀ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ

၂၀၂၀ ခုနှစ် ရဲ့ ဘောလုံး ရာသီ ကတော့ အရင်တုန်းကနဲ့ တူနိုင်မှာ မဟုတ်ပါဘူး ။ ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ခြိမ်းခြောက်မှု ဟာ ယခု အချိန် အထိ နယ်ပယ် ပေါင်းစုံမှာ သက်ရောက်ဆဲ ဖြစ်ပြီး ဘောလုံး ပွဲရလဒ်တွေ ၊ အသင်းဘဏ္ဍာရေး ပိုင်းတွေကို လည်း ထိခိုက် စေခဲ့ ပါပြီ ။ France Football ဆိုရင်လည်း နှစ်တိုင်း ချီးမြှင့် နေတဲ့ ရွှေဘောလုံးဆု ( Ballon D’or ) ကို မပေးတော့ဘူး လို့ ကြေညာ လိုက်တာကြောင့် လီဝန်ဒေါ့စကီး ရဲ့ ပရိသတ်တွေ မကျေမချမ်း ဖြစ်ခဲ့ ကြရ ပါတယ် ။

ဘယ်လိုပဲ ဆုပေးပွဲတွေ မလုပ် ဖြစ်ဖြစ် ၊ ကောင်းတဲ့ သူက ကောင်းခဲ့ ပြီး ညံ့တဲ့ သူက ညံ့ခဲ့တာ ကိုတော့ ပြင်ဆင် လို့ မရနိုင် ပါဘူး ။ လီဝန် ဒေါ့စကီး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ၅၅ ဂိုး သွင်းပေး ခဲ့ပြီး ဘိုင်ယန်မြုးနစ် ကို ဘွန်ဒစ်လီဂါ ၊ ပိုကယ် ရှုံးထွက် ဖလား နဲ့ ချန်ပီယံလိဂ် တို့ကို ရစေခဲ့ ပါတယ် ။

myan789

ဒါကြောင့်လည်း UEFA က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစား သမား ဆုကို ထိုက်ထိုက် တန်တန် ရရှိ ခဲ့တာပါ ။ အခု တဖန် မှာလည်း နာမည်ကျော် အားကစား သတင်း ဌာန တစ်ခု ဖြစ်တဲ့ Goal ဟာ ၂၀၂၀ ခုနှစ် အတွက် အကောင်းဆုံး ဘောလုံး သမား ၅၀ စာရင်း ကို ( ကျား ၂၅ ဦး ၊ မ ၂၅ ဦး ) ထုတ်ပြန် ကြေညာ ခဲ့ပြန် ပါတယ် ။

ဒီစာရင်း မှာ ရော လီဝန် ဒေါ့စကီး က နံပါတ် ၁ ချိတ်ခဲ့သလား . . . ဘယ်သူတွေ က ၂၀၂၀ ရဲ့ Top Ten တွေလဲ ? ကျန်တဲ့ သူတွေက ဘယ်သူတွေ လဲ ဆိုတာ လေ့လာ ကြည့်ုလိုက် ကြရအောင်ဗျာ . . . . .

၂၅ ။ ပေါ်လို ဒိုင်ဘားလား ( ယူဗင်တပ် ၊ အာဂျင်တီးနား )

၂၄ ။ ဂျေဒန် ဆန်ချို ( ဒေါ့မွန် ၊ အင်္ဂလန် )
၂၃ ။ ဂျော်ဒန် ဟန်ဒါဆင် ( လီဗာပူး ၊ အင်္ဂလန် )

၂၂ ။ ဘရူနို ဖာနန်ဒက်စ် ( မန်ချက်စတာ ယူနိုက်တက် ၊ ပေါ်တူဂီ )

၂၁ ။ မန်နူရယ် နူအာ ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )

၂၀ ။ အယ်ဖွန်ဆို ဒေဗီးစ် ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )
၁၉ ။ ကိုင်ရို အင်မိုဘီလီ ( လာဇီယို ၊ အီတလီ )

၁၈ ။ မိုဟာမက် ဆာလာ ( လီဗာပူး ၊ အီဂျစ် )

17 ။ အာလင်း ဟာလန်း ( ဒေါ့မွန် ၊ နော်ေ၀ )
၁၆ ။ ဆာ့ဂျ် ဂနာဘရီ ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )
၁၅ ။ ရိုမီရို လူကာကူ ( အင်တာ မီလန် ၊ ဘယ်လ်ဂျီယံ )

၁၄ ။ ထရန့် အလက်ဇန်းဒါး အာနိုးလ် ( လီဗာပူး ၊ အင်္ဂလန် )
၁၃ ။ ဆာဂျီယို ရာမိုစ့် ( ရီးရဲမက်ဒရစ် ၊ စပိန် )

၁၂ ။ သီယာဂို အယ်ကန်ထရာ ( ဘိုင်ယန်မြုးနစ် ၊ လီဗာပူး ၊ စပိန် )
၁၁ ။ ဂျိုရှုအာ ကင်မစ်ချ် ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )

၁၀ ။ ဆာဒီယို မာနေး ( လီဗာပူး ၊ ဆီနီဂေါ )

၉ ။ သောမတ်စ် မူလာ ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )
၈ ။ ကာရင် ဘန်ဇီးမား ( ရီးရဲ မက်ဒရစ် ၊ ပြင်သစ် )
7 ။ ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး ၊ နယ်သာလန် )

၆ ။ ကိုင်လီယံ အမ်ဘာပေ ( PSG ၊ ပြင်သစ် )

၅ ။ ခရစ္စတီယာနို ရိုနယ်ဒို ( ယူဗင်တပ် ၊ ပေါ်တူဂီ )
အသက် ကြီးလာပြီး အရင်လို ၁-၂ မဟုတ်တော့ ပေမယ့် ရိုနယ်ဒို က ကတော့ ထိပ်ဆုံး ၅ ယောက် အဆင့်မှာ ရှိနေ ပါသေးတယ် ။ ပြီးခဲ့တဲ့ ရာသီမှာ ပေါ်တူဂီ တိုက်စစ်မှူးကြီး ဟာ ၄၆ ပွဲ ကစားပြီး 37 ဂိုး သွင်းပေးခဲ့ ပါတယ် ။ ၃၅ နှစ် အရွယ် ကစား သမားကြီး အတွက်တော့ တကယ်ကောင်းတဲ့ စွမ်းဆောင်မှုပါ ။

၄ ။ နေမာ ( PSG ၊ ဘရာဇီး )
PSG တို့ မနှစ်က ရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့ ပါတယ် ။ အဲ့ဒိ ခရီးမှာ နေမာ ရဲ့ စွမ်းဆောင်ရည် က အများကြီး အရေးပါခဲ့ တာပါ ။ ပြည်တွင်း မှာလည်း ၁၅ ပွဲတည်း ကစားခဲ့ရ ပေမယ့် ၁၃ ဂိုး သွင်းကာ သူ့ရဲ့ အရည် အချင်းကို သက်သေပြ ခဲ့ ပါတယ် ။

၃ ။ လီယွန်နယ် မက်ဆီ ( ဘာစီလိုနာ ၊ အာဂျင်တီးနား )
ရိုနယ်ဒို တင် မဟုတ်ပါဘူး . . . မက်ဆီ လည်း ထိပ်ဆုံး ၂ ဦး စာရင်းကနေ ကျသွားပေမယ့် ထိပ်ဆုံး ၅ ဦး ထဲတော့ ဝင်နေဆဲပါ ။ မနှစ် က ဘာစီလိုနာ တို့ ဘာဖလားမှ မရခဲ့ ပေမယ့် မက်ဆီ က တော့ ၃၁ ဂိုးသွင်း ၊ ၂၅ ဂိုး ဖန်တီးပြီး အသက် ၃၃ နှစ် အရွယ် တစ်ယောက် အတွက် အလွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ ပါတယ် ။

၂ ။ ကီဗင် ဒီဘရိုင်းနား ( မန်စီးတီး ၊ ဘယ်လ်ဂျီယံ )
မနှစ်က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစား သမား ဆုရှင် ဒီဘရိုင်းနား ဟာ ဒီစာရင်း ရဲ့ ထိပ်ဆုံး အဆင့်မှာ ပါဝင် လာခဲ့တာကို အံ့အား သင့်စရာ မရှိပါဘူး ။ ပရီးမီးယားလိဂ် တစ်ခုတည်းမှာ တင် ၁၃ ဂိုး သွင်းပြီး ဂိုး ၂၀ ဖန်တီးပေး ခဲ့တဲ့ ဘယ်လ်ဂျီယံသား ဟာ ဒီနေရာမှာ ရပ်တည်ဖို့ ထိုက်တန်ခဲ့ ပါတယ် ။

၁ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် ၊ ပိုလန် )
ပြီးခဲ့တဲ့ ရာသီ ရဲ့ အကောင်းဆုံး ကစား သမားလို့ တစ်ကမ္ဘာလုံးက သတ်မှတ် ထားတဲ့ လီဝန်ဒေါ့စကီး ကို အဆင့် ၁ နေရာမှာပဲ ထပ်ပြီး တွေ့ခဲ့ရ ပါတယ် ။

ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး ။ 47 ပွဲမှာ ၅၅ ဂိုး သွင်းနိုင် ခဲ့တဲ့ မှတ်တမ်းကို ပိုလန်သားကြီး ပြန်ချိုး နိုင်မလား ဆိုတာ စောင့်ကြည့် ကြပါစို့ဗျာ .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular