False 9 ပုံစံ ပထမဆုံးကစားခဲ့တဲ့ ဒီဘရိုင်းနား

ချယ်လ်ဆီး ၁-၃ မန်စီးတီး

ချယ်လ်ဆီးအသင်းက ဒီပွဲအပါအဝင် နောက်ဆုံး (၆)ပွဲမှာ (၄)မှတ်သာရတဲ့အထိ အခြေအနေဆိုးသွားတယ်။ ချယ်လ်ဆီးအတွက် အပြောင်းအလဲကြီးတစ်ခုခု လိုအပ်နေပြီလို့ ခံစားလာရသလို၊ လမ်းပတ်ရဲ့ နောက်ဆုံးအချိန်တွေကို ရောက်နေပြီလားဆိုတဲ့ အတွေးလည်း ဝင်လာမိတယ်။ မန်စီးတီးက ချယ်လ်ဆီးထက် သာတယ်ဆိုရုံလောက်ကစားခဲ့တာမဟုတ်ဘဲ အစစအရာရာအသာစီးကယူပြီး၊ အသင်းကြီးနဲ့ အသင်းငယ်ကစားသလို ကစားသွားခဲ့ခြင်းဖြစ်တယ်။ လမ်းပတ်ရဲ့အသင်းက ပွဲအစမှာ ကောင်း ကောင်းမွန်မွန် တာထွက်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ ဂွန်ဒိုဂန်ရဲ့သွင်းဂိုးနောက်ပိုင်းမှာ ယုံကြည်မှု ပျက်စီးသွားခဲ့ပုံကို တွေ့ရတယ်။

myan789

ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးရဲ့ကစားပုံ ပိုဆိုးလာခဲ့ပြီး Possession ပိုင်းမှာ အားနည်းချက်တွေ ရှိလာသလို၊ မန်စီးတီးရဲ့Wave of Attacks ဒဏ်ကိုလည်း ခံနိုင်ရည်နည်းလာတာ တွေ့ရတယ်။ မန်စီးတီးအသင်းမှာ COVID-19 ပြဿနာကြောင့် အဓိကကစားသမား (၅)ဦးလောက် မကစားနိုင်တဲ့အချိန်မှာတောင် ချယ်လ်ဆီးထက်ပိုကောင်းအောင် ကစားနိုင်ဆဲဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ မန်စီးတီးကတော့ သူတို့အသင်းရဲ့ ခြေစွမ်းအတွက် အပြည့်အဝပျော် ရွှင်ကျေနပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဖိုဒန်က လျှပ်စစ်လိုမြန်အောင် ကစားပြနိုင်ခဲ့ပြီး ဂျွန်စ တုန်း-ဒီယက်စ်အတွဲရဲ့ တိုးတက်လာမှုကလည်း ဂွါဒီယိုလာအတွက် ကျေနပ်စရာဖြစ်တယ်။ သူတို့နှစ်ဦးက Formidable ဖြစ်တဲ့ အတွဲအဖက်တစ်ခုကို ထုဆစ်နေသလိုဖြစ်နေပြီး၊ လာပေါ့တ် ကြံ့ခိုင်မှုပြန်ကောင်းလာရင်တောင် အရန်ခုံဆက်ထိုင်ခိုင်းထားသင့်တဲ့ ပုံစံမျိုးလည်း ကစားပြနေတယ်။

အကောင်းဆုံးကစားသမားကတော့ ဒီဘရိုင်းနားဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ကြတဲ့ ကစားသမားတိုင်းထက် ခေါင်းတစ်လုံးလောက်ပိုသာနေအောင် ကစားပြခဲ့ပါတယ်။ ဒီဘရိုင်းနားက ဒီပွဲမှာ ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးလို ခြေစွမ်းပြခဲ့သလို၊ False 9 လိုလည်း ကစားသွားခဲ့တာတွေ့ရတယ်။ ဒါ့အပြင် စတာလင်က အရင်လို ပြိုင်ဘက်တွေကို ပြန်ခြိမ်းခြောက်လာနိုင်တာ၊ ကန်ဆယ်လိုက အသင်းနဲ့ အထိုင်ကျသထက်ကျလာတာကိုလည်း တွေ့ရတယ်။ ချယ်လ်ဆီးအသင်းမှာ အားနည်း ချက်တွေ အများကြီးရှိခဲ့တယ်။ ဇူးမားအတွက် ဒီ ရာသီအခက်ခဲဆုံးပွဲတစ်ပွဲ ဖြစ်ခဲ့သလို၊ ကွင်းလယ်ကလည်း Weak ဖြစ်လွန်းတယ်။ အဆိုးဆုံးကတော့ ချယ်လ်ဆီးတိုက်စစ်မှာ ကြံ့ခိုင်မှုမပြည့်တဲ့ ဇီယာ့ရှ်ကတောင် အကောင်းဆုံးလိုဖြစ်နေပြီး ဗာနာ၊ ပူလီဆစ်တို့က ကစားနေတာပဲရှိပြီး ထိရောက်မှု အားနည်းနေခြင်းဖြစ်တယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ ဂွန်ဒိုဂန်က သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ (၂၁)မိနစ်မှာ ဖိုဒန်က သွင်းယူခဲ့တယ်။ ဒီဂိုးကို ဒီဘရိုင်းနားက ဖန်တီးပေးခဲ့တာဖြစ်ပြီး (၃၄)မိနစ်မှာတော့ ဒီဘရိုင်းနားက တတိယဂိုးကို ကိုယ်တိုင်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ အကယ်ဒမီထွက်လူငယ် အိုဒွိုင်းက သွင်းယူခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှုကိုလည်း အကယ်ဒမီထွက်လူငယ် မေဆန်မောင့်ကပဲ ဖန်တီးပေးခဲ့တာဖြစ်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular