FA King ဖြစ်ကြောင်းပြခဲ့တဲ့ အာဆင်နယ် ၊ အနာဂါတ်ကို ထုတ်ပြောလာတဲ့ ဆန်ချို တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားသွား ခဲ့တဲ့ FA Cup ဆီမီး ဖိုင်နယ် ပွဲစဉ် မှာတော့ အာဆင်နယ် အသင်းဟာ ဗိုလ်စွဲ ဖို့ ရေပန်း စား နေတဲ့ မန်ချက်စတာ စီးတီး အသင်း ကို ဝင်ဘာလေ ကွင်းမှာ ၂ – ၀ နဲ့ အနိုင် ကစားပြီး ဗိုလ်လုပွဲ ကို တက်ရောက် သွားခဲ့ ပါတယ် ။ အာဆင်နယ် ဟာ FA Cup ကို ၁၃ ကြိမ် နဲ့ အများဆုံး ရရှိ ထားတဲ့ အသင်း ဖြစ်ပြီး ၁၄ ကြိမ် ရယူဖို့ အားခဲ နေပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ဝါရင့် တိုက်စစ်မှုးကြီး အော်ဘားမီးယန်း က သွင်းယူ ပေးသွားခဲ့ တာပဲ ဖြစ်ပါတယ် ။ အာဆင်နယ် ဟာ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲက အနိုင် ရရှိသူတဲ့ ဗိုလ်လု ရမှာ ဖြစ်ပါတယ် ။

myan789

ရီးရဲ မက်ဒရစ် ဂိုး သမား ကော့တွိုက် နဲ့ တိုက်စစ်မှူး ဘန်ဇီးမား တို့ကတော့ လာလီဂါ ရဲ့ တစ်လတာ အကောင်းဆုံး ကစား သမား ဆုတွေ ကို အသီးသီး ဆွတ်ခူး ခဲ့ကြပါတယ် ။ ကော့တွိုက် ဟာ ဇန်နဝါရီ လ အတွက် ရရှိ တာ ဖြစ်ပြီး ဘန်ဇီးမား ကတော့ ဇွန်လ ရဲ့ တစ်လတာ အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။

သောကြာနေ့ က ပရီးမီးယားလိဂ် ကို တန်းတက်ဖို့ သေချာ ခဲ့တဲ့ လိဒ် ယူနိုက်တက် ဟာ ယမန်နေ့ ညက စတုတ် စီးတီး အနိုင် ရရှိ သွားခဲ့တာ ကြောင့် ပွဲ မကစားရဘဲ ချန်ပီယံရှစ် မှာ ဗိုလ်စွဲ သွားခဲ့တယ် လို့ သိရ ပါတယ် ။

လိဒ် ဟာ ၁၆ နှစ် ကြာပြီးမှ ပရီးမီးယားလိဂ် ကို တန်းပြန်တက် လာခဲ့တာ ဖြစ်ပြီး ဒီအောင်ပွဲ ကို ဦးဆောင် ခဲ့တဲ့ နည်းပြကြီး မာဆယ်လို ဘီရယ်ဆာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ အသင်းရဲ့ လမ်းတစ်ခု ကို မာဆယ်လို ဘီရယ်ဆာ လမ်း လို့ အမည်ပေး ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

မန်စီးတီး ကတော့ ဗလင်စီယာ တောင်ပံ ကစား သမားလေး ဖာရန် တောရက်စ် ကို ခေါ်ယူ လိုသလို ကစား သမား ကလည်း မန်ချက်စတာ ကို ပြောင်းချင် ပေမယ့် ဗလင်စီယာ အသင်း သတ်မှတ် ထားတဲ့ ပေါင် သန်း ၄၀ ကို မန်စီးတီး ဘက်က ပေးချေဖို့ ဆန္ဒ မရှိဘူး လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ လ ထဲ မှာ ဖခင် ဖြစ်သူ ကွယ်လွန် သွားခဲ့ တဲ့ UFC ဖိုက်တာ ခါဘစ် က သူ ဟာ ဖိုက်တာ လောက ထဲကနေ အနားယူ မှာ မဟုတ်သေးဘူး လို့ ပြောဆို ခဲ့သလို ဒီနှစ် နှောင်းပိုင်း ထဲမှာပဲ ဂျပ်စတင် ဂတ်ဂျေး နဲ့ ထိုးသတ်ဖို့ ဖြစ်လာ နိုင်တယ် လို့လည်း ဆိုသွားခဲ့ ပါတယ် ။

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့က စိတ်ဝင်စား နေတဲ့ ဂျန့် လူငယ်လေး ဂျိုနသန် ဒေးဗစ် ကတော့ သူ့ရဲ့ နောက်ထပ် ခြေလှမ်းဟာ ပြင်သစ်မြေ ဖြစ်ပါတယ် လို့ ပြောဆို ခဲ့သလို လိုင်လီ အသင်းကို ပြောင်း ကစားလိုကြောင်း ဆိုသွားခဲ့ ပါတယ် ။

ဒေါ့မွန် စတား ဂျေဒန် ဆန်ချို ကတော့ အနာဂါတ် မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် ရမှာပါ လို့ ပြောဆို ခဲ့သလို လီဗာပူး ဂန္ထဝင်ကြီး ဂျွန်ဘန်းစ် ဟာ သူတို့ မိသားစု အားပေး တဲ့ ကစား သမား ဖြစ်ပါတယ် လို့လည်း ဆိုသွားခဲ့ ပါတယ် ။

လက်စတာ စီးတီး နောက်ခံလူ ဘန်ချီဝဲ ကတော့ ဖနောင့်ကြော ဒဏ်ရာ ကြောင့် အသင်းရဲ့ လက်ကျန် ပွဲတွေ သာမက လာမယ့် ရာသီသစ် ရဲ့ အဖွင့် ပွဲအချို့ ကိုပါ လွဲချော် ဖွယ် ရှိနေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ရှက်ဖီး ယူနိုက်တက် နည်းပြ ခရစ် ဝိုင်းဒါး ကတော့ သူတို့ နဲ့ ဂိုး သမား ဟန်ဒါဆင် တို့ ဟာ အငှား စာချုပ် ကို သက်တမ်း တိုးဖို့ အတွက် ဆွေးနွေး နေကြတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး အသင်း ကတော့ ဘရာဇီး ကလပ် ဂရီမီယို အသင်းကွင်းလယ် ကစား သမားလေး ဒီယေဂို ရိုဆာ ကို ပေါင် ၄ သန်းခွဲ နဲ့ ခေါ်ယူဖို့ ဆွေးနွေး နေတယ်လို့ သိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာတော့ အေစီ မီလန် ဟာ ဘိုလော့နာ အသင်း ကို ၅-၁ ရလဒ် နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ ဒါဟာ အေစီ ကို နောက်ဆုံး ၈ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစား ထားနိုင် စေခဲ့တာ ဖြစ်ပြီး အဆိုပါ ၈ ပွဲမှာ ၂၅ ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့တာလည်း ဖြစ်ပါတယ် ။

ဝါရင့် တိုက်စစ်မှုးကြီး ဇလာတန် ကတော့ အေစီမီလန် အတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက် သွားခဲ့သလို မီလန် အတွက် ပွဲတွေ အများကြီး ကစား ပေးလိုပါတယ် လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular