FA ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – လက်စတာ (မြန်မာစံတော်ချိန် မေလ ၁၅ ရက် ည ၁၀:၄၅ နာရီ)

ဒီရာသီ FA ဖလားဗိုလ်လုပွဲကို ရောက်လာတဲ့ နှစ်သင်းစလုံးက ပရီးမီးယားလိဂ်မှာလည်း အခြေအနေကောင်းနေတဲ့ နှစ်သင်းဖြစ်ပြီး အဆင့် (၃၊ ၄) နေရာတွေမှာ ရပ်တည်နေကြတယ်။ အသင်းနှစ်သင်းရဲ ့ ကစားဟန်က နည်းနည်းကွဲပြီး ချယ်လ်ဆီးက ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်တယ်။ လက်စတာက တန်ပြန်တိုက်စစ်ဟန်ကို ပိုပြီးပီပြင်အောင်ကစားနိုင်တယ်။ ဒါပေမဲ့ ခြုံကြည့်ရင် နှစ်သင်းစလုံးရဲ့ တန်ပြန်တိုက်စစ်လက်နက်တွေက ထိရောက်ပြီး အားကောင်းတယ်လို့ ပြောနို်င်တယ်။ ဆီမီးဖိုင်နယ် အဆင့်တွေမှာ နှစ်သင်းစလုံးက ပြိုင်ဘက်တွေကို (၁-၀) ရလဒ်တွေနဲ့ အနိုင်ယူခဲ့တာတွေ့ရတယ်။ ချယ်လ်ဆီးက ရေပန်းစားနေ တဲ့ မန်စီးတီးကို နိုင်ခဲ့ပြီး၊ လက်စတာကတော့ ဆောက်သမ်တန် ကို ကျော်ဖြတ်လာခဲ့တာဖြစ်တယ်။

myan789

ချယ်လ်ဆီးက မနှစ်ကလည်း FA ဖလားဗိုလ်လုပွဲကို တက်ခဲ့ဖူးပြီး Favourite နေရာကနေ ကစားခဲ့ရတယ်။ ဒါပေမဲ့ အာဆင်နယ်ကို ရှုံးပြီး ဖလားလက်လွွှတ်ခဲ့ရတယ်။ ဒီရာသီမှာ ဗိုလ်လုပွဲကို ထပ်ရောက်လာခဲ့ပြီး မနှစ်ကနဲ့ လုံးဝခြားနားသွားခဲ့တာကတော့ ခံစစ်ပိုင်းဖြစ်တယ်။ ချယ်လ်ဆီးအသင်းက ဒီရာသီ FA ဖလားပွဲစဉ် (၅)ပွဲမှာ (၁)ဂိုးပဲ ပေးခဲ့ရတဲ့အသင်းဖြစ်ပြီး တူဟယ်လ်လက်ထက် ချယ်လ်ဆီးအသင်းရဲ့ပုံစံကို ဒီပြိုင်ပွဲမှာလည်း ထိန်းထားနိုင်ခဲ့တယ်။ ပြိုင်ဘက်တွေကို စိုးမိုးတယ်။ အခွင့်အရေးတွေဖန်တီးတယ်။ ပေးဂိုးမရှိအောင် ကစားနိုင်တယ်ဆိုတာ တွေ့ရတယ်။ တိုက်စစ်ပိုင်းမှာ ကစားသမားအများစုက ဂိုးတွေ တဒိုင်းဒိုင်းသွင်း နေတာမျိုးမဟုတ်ပေမဲ့ အားလုံးက ဂိုးသွင်းနိုင်သူတွေ ဖြစ်နေတယ်။ ဟာဗတ်ဇ်၊ ဇီယာ့ရှ်၊ ဗာနာ၊ မေဆန်မောင့်၊ ပူလီဆစ်တို့က နောက်ပိုင်းပွဲတွေမှာ အလှည့်ကျ ဂိုးသွင်းနေကျပြီး အေဘရာဟမ်၊ ဂျရူးတို့ကို သုံးဖို့မရှိဘူး။ သုံးဖို့ မရှိသလို အားလျော့သွားစရာလည်း မရှိတာကို တွေ့ရတယ်။ တူဟယ်လ်က ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူချိန်ကတည်းက FA ဖလားပွဲတွေကိုလည်း အလေးအနက်ထားကြောင်း ပြသခဲ့ပြီး သူ လိုချင်တဲ့ ဖလားတစ်လုံးဆိုတာ သေချာတယ်။ လူတန်နဲ့ပွဲမှာ ဂိုးတစ်ဂိုးပေးခဲ့ရပြီးနောက် ဘန်လေ၊ ရှက်ဖီးယူနိုက်တက်၊ မန်စီးတီးတို့ကို Clean Sheet တွေနဲ့ ဆက်တိုက်နိုင်ခဲ့တယ်။ ဒီပြိုင်ပွဲမှာ တစ်ပွဲထက်တစ်ပွဲ အားကောင်းလာပြီး ခံစစ်ပုံစံကောင်းကိုရော၊ ဘောလုံးပိုင်ဆိုင်မှုကိုပါ ပြသနိုင်ခဲ့တယ်။ ဂိုးသွင်းနှုန်းက သာမန်အဆင့်သာရှိပေမဲ့ အခွင့်အရေးဖန်တီးမှု အားကောင်းတယ်။ တိုက်စစ်ကစားသမားတွေ အဆုံးသတ်ပိုကောင်းရင် ဘယ်အချိန်မဆို ဂိုးထမြူးသွားနို်င်တဲ့ အသင်းဖြစ်တယ်။

ဘရန်ဒန်ရော်ဂျာရဲ့လက်စတာက အခုအချိန်အထိ ရာသီအစက Form ကို ပြန်မရသေးဘူး။ ဒါပေမဲ့ အခုအချိန်အထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၃)နေရာကို ယူထားနိုင်ဆဲဖြစ်သလို၊ ဒီပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်လာတာကို ကြည့်ရင် ချယ်လ်ဆီး အများကြီးအားသာနေတာမဟုတ်ဘူးဆို တာ သိသာတယ်။ လက်စတာက ပေါက်ကွဲအားကောင်းပြီး၊ တန်ပြန်တိုက်စစ်တွေမှာ ထိရောက်တယ်။ မြန်ဆန်တယ်။ ရလဒ်ဆိုးတွေကနေ မကြာခဏ ပြန်ရုန်းထွက်ပြနိုင်တာလည်း တွေ့ရတယ်။ နယူးကာဆယ်ကို ဂိုးပြတ်ရှုံးပြီးနောက် မန်ယူကို နို်င်ပွဲပြန်ယူခဲ့တာကိုကြည့်ရင် လက်စတာရဲ့ စိတ်ဓာတ်အင်အားကို လျှော့တွက်လို့မရဘူးဆိုတာ မြင်ရတယ်။ ဗာဒီ ဂိုးသွင်းနှုန်းကျသွားပြီး၊ မတ်ဒီဆန်ကလည်း ရာသီသိမ်းပွဲတွေမှာ ခြေကျသလိုဖြစ်သွား တာကတော့ ငြင်းလို့မရတဲ့ အချက်ဖြစ်တယ်။ ဟာဗေးဘန်းစ် ဒဏ်ရာရသွားပြီးကတည်းက လက်စတာရဲ့တိုက်စစ်အားနည်းသွားပြီး ခံစစ်မှာလည်း ပြဿနာတချို့ရှိတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဟီယန်နာချိုက ဗာဒီ အားနည်းသွားတဲ့ သွင်းဂိုးတွေကို ပြန်ဖြည့်တင်းပေးနေတယ်။

ဒီပွဲက နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိပြီး၊ ခြေစွမ်းအရမ်းမကွာဘူး။ ဒါပေမဲ့ ချယ်လ်ဆီးက ပိုကောင်းတဲ့အသင်းဆိုတာ သေချာပြီး ယုံကြည်မှုလည်း ပိုအားကောင်းနေတာတွေ့ရတယ်။ ချယ်လ်ဆီး နိုင်မယ့်ပွဲဖြစ်ပြီး (၂-၁)လောက် ဖြစ်နိုင်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular