FA ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – လီဗာပူးလ် (မြန်မာစံတော်ချိန် မေလ ၁၄ ရက် ည ၁၀:၁၅ နာရီ)

လာမယ့်စနေနေ့မှာ ဒီရာသီမှာ အနိုင်အရှုံးအဖြေမထွက်ခဲ့တဲ့ ချယ်လ်ဆီး-လီဗာပူးလ် Rivalry ရဲ့ စတုတ္ထမြောက်ပွဲစဉ်ကို ကစားတော့မှာဖြစ်တယ်။ ချယ်လ်ဆီးအသင်းက လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် (၃)ပွဲစလုံးမှာ အောက်အသင်းအနေနဲ့ ရှိခဲ့တာမှန်ပေမဲ့ ခြေစွမ်းအနိမ့်မဟုတ်၊ ၅၀-၅၀ အနေအထားမျိုးနဲ့ (၃)ပွဲစလုံး မိနစ် (၉၀) သရေရလဒ်တွေကစားနိုင်ခဲ့တယ်။ ဒီပွဲကတော့ ချယ်လ်ဆီးအတွက် (၁၆)ကြိမ်မြောက် FA ဖလား ဗိုလ် လုပွဲဖြစ်ပြီး လီဗာပူးလ်အတွက် (၁၅)ကြိမ်မြောက် FA ဖလား ဗိုလ်လုပွဲလည်းဖြစ်တယ်။

myan789

ချယ်လ်ဆီးအသင်းက ၂၀၁၉ ခုနှစ်ကလွဲရင် နောက်ဆုံး ကစားခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲ (၆)ကြိမ်မှာ (၅)ကြိမ် ဗိုလ်လုပွဲရောက်ခဲ့တဲ့အသင်းဖြစ်တယ်။ စုစုပေါင်းအနေနဲ့ FA ဖလား ပြိုင်ပွဲမှာ (၈)ကြိမ် ဗိုလ်စွဲခဲ့ပြီး၊ ဗိုလ်လုပွဲမှာ (၇)ကြိမ် ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ မမေ့သင့်တာက ချယ်လ်ဆီးအသင်းဟာ FA ဖလားဗိုလ်လုပွဲရဲ့ နောက်ဆုံး (၆)ကြိမ်မှာ (၅)ကြိမ်က ရှုံးနိမ့်ခဲ့ခြင်းဖြစ်တယ်။ ဒီအစဉ်အလာဆိုးကို သောမတ်စ်တူဟယ်လ် ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး သူကိုယ်တိုင်လည်း မနှစ်ကဗိုလ်လုပွဲမှာ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာ အသင်းကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။

လီဗာပူးလ်အသင်းကတော့ နောက်ဆုံး (၁၀)နှစ်အတွင်း FA ဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်တယ်။ ယာဂန်ကလော့ပ်နဲ့ လက်တွဲခဲ့ပြီးနောက် အသင်းက အကောင်းဆုံးပုံစံ ပြသလာနိုင်ခဲ့တာတောင် လီဗာပူးလ်ဟာ FA ဖလားပြိုင်ပွဲမှာတော့ အောင်မြင်မှုနဲ့ဝေးကွာနေခဲ့ပြီး နှစ်တိုင်းနီးပါး ပြိုင်ပွဲက စောစောစီးစီး ထွက်ခွာရလေ့ရှိတယ်။ ဒီရာသီမှာတော့ FA ဖလားပြိုင်ပွဲတင်မဟုတ်ဘဲ လိဂ်ဖလားပြိုင်ပွဲမှာပါ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရဗိုလ်စွဲထားခဲ့ပါတယ်။

ဒီရာသီ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဖြတ်သန်းမှုအရ လီဗာပူးလ်က ပိုတည်ငြိမ် ပိုကောင်းမွန်ပြီး အထင်ကြီးလောက်စရာပုံစံကို ပြသနေတဲ့အသင်းဖြစ်တယ်။ တစ်ရာသီလုံး ဖြတ်သန်းခဲ့တဲ့ ခြေစွမ်းပိုင်းတင်မဟုတ်ဘဲ Current Form အရကြည့်မယ်ဆိုရင်လည်း လီဗာပူးလ် စပါးအသင်းကို မထင်မှတ်ဘဲ သရေကျခဲ့တာကလွဲရင် ရလဒ်ပိုင်းက အားရစရာကောင်းပြီး ပွဲတိုင်းလိုလို နိုင်ပွဲတွေယူနိုင်ခဲ့တယ်။ ချယ်လ်ဆီးကတော့ ခြေပျက်နေတာ တွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက ဂိုးတွေကို လွယ်လွယ်ကူကူ ခွင့်ပြုနေပြီး တိုက်စစ်ပိုင်းကတော့ မဆိုးဘူးလို့ ပြောရမယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းက ပုံမှန်ကစားနေကျ လူစာရင်းနဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ In-form ဖြစ်နေတဲ့ မာနေ၊ ဒီယက်ဇ်တို့နဲ့အတူ နောက်ပိုင်းပွဲတွေမှာ အနည်းငယ် ရုန်းကန်နေရတဲ့ ဆာလာတို့ ပါလာမယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ အပြောင်းအလဲ အများကြီးမရှိလောက်ဘူး။ ချယ်လ်ဆီးကတော့ နေရာစုံမှာ ဘယ်ကစားသမားတွေကို သုံးမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့တိုက်စစ်မှာ ဟာဗက်ဇ၊် ဗာနာနဲ့ မေဆန်မောင့်တို့ ကစားဖို့များပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာတော့ တူဟယ်လ်ဘာလုပ်ချင်သလဲဆိုတဲ့အပေါ် မူတည်တယ်။ ဒီပွဲက သရေရလဒ်ဆီပဲ ဦးတည်နေပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ ချယ်လ်ဆီးလက်စားချေနိုင်မယ်ထင်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular