FA ဖလား ဖိုင်နယ်ပွဲ မတိုင်မီ အန်တိုနီ အပါအဝင် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေအကြောင်း ပြောပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 8 နာရီခွဲ အချိန်မှာတော့ ဝင်ဘလေ ကွင်းထဲမှာ FA ဖလား ဖိုင်နယ် ပွဲစဥ် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒီပွဲမတိုင်မီမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို ထုတ်ပြောသွားလိုက် ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ ဟာ လွန်ခဲ့တဲ့ 8 ရက်တုန်းက ချဲလ်ဆီး အသင််းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ထမ်းစင်နဲ့ သယ်ထုတ်ခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူဟာ FA ဖလား ဖိုင်နယ် အမီ သက်သာနိုင်တယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ် ။

myan789

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဘရာဇီးသားဟာ ကစားနိုင်ခွင့် ရှိနေကြောင်း ၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း ၊ အန်တိုနီဟာ လုံလောက်စွာ ကောင်းမွန်တဲ့ progress တစ်ခုကို မလုပ်နိုင်ခဲ့ကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” မဖြစ်နိုင်သလောက်ပါပဲ ။ ဒေါ့စ် ဆန်းတို့စ် မှာ အခွင့်အလမ်း တစ်ခု ရှိနေပါသေးတယ် ။ ဒါပေမဲ့ အဲ့ဒီ အခွင့်အရေးက အရမ်းကို နည်းပါးလွန်းလှပါတယ် ။ သူဟာ လုံလောက်တဲ့ progress တစ်ခုကို မလုပ်ပြနိုင်ခဲ့ပါဘူး ။ အခုတော့ ကျွန်တော် ပြောနိုင်တာက သူ့မှာ အခွင့်အရေး ရှိပါသေးတယ် ။ ဒါပေမဲ့ အရမ်းနည်းတယ် ဆိုတာပါပဲ ”

” ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးသလိုပါပဲ ၊ ကျွန်တော့်မှာ ခင်ဗျားတို့ဆီက ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက််လို့ ပြီးဆုံးခဲ့တဲ့ 2 လလောက်ကတည်းက ဒီလိုမေးခွန်းတွေ အမြဲလို ကြားခဲ့ရပါတယ် ။ အဲ့ဒီလို အချိန်တိုင်းမှာလည်း ကျွန်တော့်ဖက်က တူညီတဲ့ အဖြေကိုချည်း ပေးခဲ့ဖူးပါတယ် ”

” ကျွန်တော် ပြောချင်တာက ဘယ်သူတွေ ကစားပေးနိုင်သလဲဆိုတဲ့ အကြောင်းပါ ။ ကျွန်တော်တို့ များသောအားဖြင့် အခက်အခဲတွေကို ကျော်ဖြတ် ပြနိုင်ခဲ့ကြပါတယ် ။ အချိန််တိုင်းတော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ များသောအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်ပြနိုင်ခဲ့တာချည်းပါပဲ ”

” ကျွန််တော်တို့မှာ ကောင်းမွန်တဲ့ ကစားသမား စာရင်း ရှိနေပြီးသားပါ ။ အဲ့တာက အသင်းကောင်း တစ်သင်းကို ဖြစ်စေတယ်လေ ” ဆိုပြီး မာရှယ် နဲ့ အခြားသော ဒဏ်ရာရ ကစားသမားတွေ အကြောင်း အမေးခံလိုက်ရချိန်မှာ တန်ဟတ် က အခုလို တုန့်ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular