Champions League အကြောင်း ပြောကြမယ်

ကွာတားဖိုင်နယ် ပထမအကျော့ အကြောင်း ပြောမယ်ဆိုရင် ဒါက ချန်ပီယံလိဂ် ဆိုတာကနေ စပြီး ပြောရမှာပါ ။ ချန်ပီယံလိဂ် ဆိုတာ အစဉ်အလာက အရမ်းစကားပြောတဲ့ နေရာတခုပါ ။ ပြည်တွင်းမှာ အခြေမလှတဲ့ ဘိုင်ယန် ၊ သိပ်ပြီး အသိအမှတ်ပြု မခံရတဲ့ ဘာစီလိုနာ တို့ဟာ အခု ကွာတားဖိုင်နယ် ပထမအကျော့မှာ မျှော်လင့် ထားတာထက်ကို ပိုပြီး စွမ်းဆောင်ပြနိုင်ခဲ့ကြပါတယ် ။ ဒီလို ပြောလို့ ဖလား ၁၄ လုံးရထားတဲ့ ရီးရဲကြီးကရောလို့ မေးချင်မှာပါ ၊ ဒါပေမယ့် သူတို့ ရင်ဆိုင်ခဲ့ရတာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတာကိုလည်း မေ့ထားလို့မရ ပါဘူး ။

ပထမအကျော့ ပြီးသွားတဲ့ အချိန်မှာတော့ ဆီမီးဖိုင်နယ် အတွက် ခန့်မှန်းရ လွယ်ကူသွားခဲ့ပါပြီ ။ ဒုတိယ အကျော့မှာ မထင်မှတ်ထားတာတွေ ဖြစ်နိုင်တာဆိုလို့ အာဆင်နယ် တသင်းလောက်ပဲ ရှိနိုင်ပါတော့တယ် ။ ကျန်တဲ့ ပွဲတွေက အခု အသာစီး ရယူနိုင်တဲ့ အသင်းတွေပဲ ဆက်လက် အသာစီး ရသွားမယ့် အနေအထားပါ ။

myan789

ဘာစီလိုနာ က ချီးကျူးစရာ ကောင်းတဲ့အသင်းပါ ။ အခုချိန်အထိ သူတို့ အနေအထားက ၂၀၁၁ တို့ ၂၀၁၅ တို့ကလို ပြန်မဖြစ်သေးပါဘူး ။ ဒါပေမယ့် နည်းပြ ဇာဗီ ရဲ့ လမ်းပြမှုနဲ့ အသားကျလာပြီး ရလဒ်တွေ တည်ငြိမ်လာတာကို သတိပြုမိသူတွေ သတိပြုမိ ကြမှာပါ ။ လာလီဂါ မှာ ရီးရဲ ကို ကျော်နိုင်ဖို့ ခက်ပေမယ့် ဦးဆောင်သူဘက်ကလည်း အရမ်း ပေါ့ဆလို့ မရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ် ။ ချန်ပီယံလိဂ် မှာတော့ ဘာပေ ကို ထိန်းချုပ် ထားနိုင်မယ်ဆိုရင် PSG ကို ကျော်ဖြတ်နိုင်ဖို့ အဆင်ပြေလိမ့်မယ်လို့ သုံးသပ်ခဲ့တဲ့ အတိုင်း သူတို့ လုပ်ပြနိုင်ခဲ့ပါတယ် ။ ၂-၁ ဖြစ်သွားရာကနေ ၃-၂ နဲ့ ပွဲသိမ်းနိုင်ခဲ့တဲ့ ကတ်တလန်သားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓါတ် ကိုလည်း အသိအမှတ်ပြုရမှာပါ ။ နောက်တကျော့ နူးကမ့် ပွဲက သူတို့ အတွက် ဖြစ်သွားပါပြီ ။

ဒုတိယအကျော့ အတွက် အက်သလက်တီကို မက်ဒရစ် လုပ်ရမှာက တခုတည်းရှိပါတယ် ။ ခံစစ် ကစားဖို့ပါ ။ ဒီရာသီမှာ ဆီးမြွန်းနီ ရဲ့ အသင်းကို အများကြီး မမျှော်လင့်ထားပါဘူး ။ ၁၆ သင်းအဆင့်တုန်းကလည်း အင်တာမီလန် ရဲ့ လွဲချော်မှုတွေကြောင့်သာ ဒီအဆင့်ကို တက်လာတာပါ ။ ဒီအဆင့်မှာလည်း ဒေါ့မွန်လို အားအနည်းဆုံး ( ၁၆ သင်းထဲမှာ ) အသင်းနဲ့ လာဆုံရပြီး ဆီမီးတက်ဖို့ ကံပါလာခဲ့ပြန်ပါတယ် ။ ဒုတိယအကျော့ မှာလည်း အင်တာနဲ့ ပွဲလိုပဲ လိမ်ဖယ်လိမ်ဖယ် နဲ့ ကျော်ဖြတ်သွားဦးမယ့် ပုံပါ ။ ဘာစီလိုနာ နဲ့ တွေ့ရင်တော့ ဆီးမြွန်းနီ ရဲ့ Luck ကုန်ဆုံးပြီလို့ ပြောလို့ ရလောက်ပါတယ် ။

အစ်တီဟတ် မှာ တခါမှ မနိုင်ဖူးတဲ့ ရီးရဲတို့ အိမ်ကွင်းမှာ မနိုင်လိုက်တာဟာ ဒုတိယအကျော့ အတွက် ဘယ်လောက် ဖိအားများစေခဲ့သလဲဆိုတာ သူတို့ ပရိသတ်တွေ အသိဆုံး ဖြစ်မှာပါ ။ လက်ရှိမှာ မန်စီးတီး ကိုဗျူဟာတွေ ဘာတွေ မပါဘဲ ခြေရည်တူ ယှဉ်ကစားနိုင်တဲ့ တသင်းတည်းသော အသင်းက ရီးရဲမက်ဒရစ်ပါ ။ အဲ့ဒီအသင်းတောင်မှ ဘာနေဗျူးမှာ ရုန်းကန်ခဲ့ရပါတယ် ။ ဒီနှစ်ဖလားလည်း မန်စီးတီး အတွကိ ဖြစ်နေဦးမလား မပြောတတ်ပါဘူး ။

အာဆင်နယ်တို့ ဂျာမန်မြေပေါ်မှာ အနိုင်ရနိုင်ချေ ရှိသလားဆိုရင်တော့ ဟုတ်ကဲ့ ရှိပါတယ်လို့ ဖြေရမှာပါ ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် ဆိုတဲ့ စိုးထိတ်မှု ၊ ချန်ပီယံလိဂ် ၆-၀ ဆိုတဲ့ ကွာခြားမှုတွေကို မေ့ပစ်ထားပြီး ကစားနိုင်ဖို့တော့ လိုပါမယ် ။ သောမတ်စ် တူချယ် က ချန်ပီယံလိဂ် မှာ အတွေ့အကြုံ ရင့်တဲ့ နည်းပြပါ ။ ဗိုလ်လုပွဲ ကို ၂ နှစ်ဆက် ရောက်ထားပြီး ၁ ကြိမ် ချန်ပီယံ ဖြစ်ဖူးထားပါတယ် ။ နောက်တကျော့ အိမ်ကွင်းပွဲစဉ် အတွက်လည်း ဗျူဟာ ခင်းထားမှာပါ ။ One goal enough ဗျူဟာမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ် ။ အာဆင်နယ် သာ တိုက်ပွဲဝင် စိတ်ဓါတ် တကယ်ပြင်းထန်မယ်ဆိုရင်တော့ ဘိုင်ယန်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်း ကို ရှာတွေ့မှာပါ ။ ဒီလိုမှ မဟုတ်ရင်တော့ ဂျာမန်ဘီလူးကြီး စားမယ့်ပွဲ ဖြစ်သွားလောက်ပါတယ် ။

အခုလောက်ဆိုရင်တော့ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ် တက်နိုင်မလဲဆိုတာ ရိပ်စားမိလောက် ကြပြီ ထင်ပါတယ် ။ နောက်ဆုံး မေးချင်တဲ့ မေးခွန်းကတော့ မန်စီးတီး ကို ဘယ်အသင်း အနိုင် ကစားနိုင်မှာလဲ ဆိုတာပါပဲ . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular