Breaking_News: 2020 ဖီဖာ အကောင်းဆုံးဆု ချီးမြင့်ဖို့ အတွက် ဆန်ကာတင် စာရင်းတွေ ကြေငြာလိုက်ပြီ

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ကြီး ဖီဖာ က 2020 အတွက် အကောင်းဆုံးဆုတွေ ရွေးချယ် ချီးမြှင့်ဖို့ အတွက် ဆန်ကာတင် စာရင်းကို ဒီညနေမှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အခုလို ကြေငြာတဲ့ နေရာမှာ 2019 ခုနှစ် ဇူလိုင် 20 ရက် ကနေ ၊ 2020 ခုနှစ် အောက်တိုဘာ 7 ရက် နေ့ အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေ အပေါ် အခြေခံကာ ၊ ဒိုင်လူကြီးများ အဖွဲ့က ရွေးချယ် ပေးလိုက်ာ ဖြစ်ပါတယ်။

အကောင်းဆုံးဆု တွေ အတွက် ရွေးချယ်ရာမှာတော့ ဖန်တွေ ရဲ့ Voting တွေ ၊ ဂျာနယ်လစ် ၊ နိုင်ငံ့လက်ရွေးစင် နည်းပြ နဲ့ အသင်းခေါင်းဆောင် တွေ့ရဲ့ Voting တွေကို အချိုးကျ ကောက်ယူကာ တွက်ချက် သွားမှာ ဖြစ်ပါတယ်။

myan789

အကောင်းဆုံး ကစားသမားဆု အတွက်တော့ ဆန်ကာတင် စာရင်း 11 ယောက် အထိ ထုတ်ပြန်လိုက်ပြီး ၊ နောက်မှာ 3 ယောက် အထိ လျှော့ချသွားမှာ ဖြစ်ကာ ၊ ဒီဇင်ဘာလ 17 ရက်နေ့မှာ တရားဝင် ဆုပေးပွဲ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်း

  1. တီယာဂို အယ်ကန်တရာ (စပိန်)
  2. ရိုနာဒို (ပေါ်တူဂီ)
  3. ဒီဘရိုင်း (ဘယ်လ်ဂျီယံ)
  4. လီဝန်ဒေါ့စကီး (ပိုလန်)
  5. မာနေး (ဆီနီဂေါ)
  6. ဘာပေ (ပြင်သစ်)
  7. မက်ဆီ (အာဂျင်တီးနား)
  8. နေမာ (ဘရာဇီး)
  9. ရာမို့စ် (စပိန်)
  10. ဆာလတ် (အီဂျစ်)
  11. ဗန်ဒိုက် (နယ်သာလန်)

အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ဆန်ကာတင် စာရင်း

  1. လူစီ ဘရွန်ဇီ (အင်္ဂလန်)
  2. ဆက်ကာရီနို (ပြင်သစ်)
  3. ဟာဆန် (နော်ဝေ)
  4. ဟာဒါ (ဒိန်းမတ်)
  5. ဟာမိုဆို (စပိန်)
  6. ဆမ်ခါး (သြစတေးလျ)
  7. ဆိုယွန်ဂျီ (တောင်ကိုရီးယား)
  8. ဆာကီ ကူမာဂိုင် (ဂျပန်)
  9. မာရော့ဆန် (ဂျာမဏီ)
  10. မီဒီမာ (နယ်သာလန်)
  11. ရီးနာ့ဒ် (ပြင်သစ်)

အကောင်းဆုံး နည်းပြဆု

  1. ဘီရယ်ဆာ (လိဒ် ယူနိုက်တက်)
  2. ဟန်ဆီ ဖလစ် (ဘိုင်ယန် မြူးနစ်)
  3. ကလော့ပ် (လီဗာပူး)
  4. လိုပက်တီဂူ (ဆီဗီလား)
  5. ဇီဒန်း (ရီးရဲ မက်ဒရစ်)

အကောင်းဆုံး ဂိုးသမားဆု

  1. အလီဆွန် (လီဗာပူး)
  2. ကော့တွိုက်စ် (ရီးရဲ)
  3. နာဗက် (ပီအက်စ်ဂျီ)
  4. နူအာ (ဘိုင်ယန်)
  5. အော့ဘလက် (အေတီကို)
  6. တာစတီဂျန် (ဘာစီလိုနာ)

ဆန်ကာတင် စာရင်းမှာတော့ လီဗာပူး က ကစားသမား 5 ယောက် + နည်းပြ 1 ယောက် နဲ့ အရေအတွက် အများဆုံး ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ 12 လ အတွင်း ဆုဖလားပေါင်း 4 လုံး အထိ ဆွတ်ခူးထားတဲ့ ဘိုင်ယန် မြူးနစ် ကတော့ ဆန်ကာတင် စာရင်းမှာ 3 ယောက်ပဲ ရှိနေပေမယ့် ၊ ဆု ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ပြိုင်ပွဲပေါင်းစုံ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ လီဝန်ဒေါ့စကီးဟာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးဖို့ သေချာနေသလို ၊ ဟန်ဆီ ဖလစ် နဲ့ နူအာ တို့ကလဲ အကောင်းဆုံး နည်းပြ နဲ့ အကောင်းဆုံး ဂိုးသမား ဆုတွေကို ဆွတ်ခူးသွားဖွယ် ရှိနေပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ် ဆုပေးပွဲမှာ ဘိုင်ယန် ကပဲ အောင်ပွဲခံသွားမယ် ဆိုရင် အံ့အားသင့်စရာတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular