Breaking : လမ်းပတ် နေရာ အစားဝင်ဖို့ ရေပန်း အစားဆုံး ဖြစ်လာတဲ့ သောမတ်စ် တူချယ်

မနေ့ည က အက်ဖ်အေ ဖလား စတုတ္ထ အဆင့်ပွဲမှာ လူတန်တောင်း အသင်း ကို ၃ – ၁ နဲ့ အနိုင်ရခဲ့ပေမယ့် ၊ ဖရန့် လမ်းပတ် ဟာ လာမယ့် ၂၄ နာရီ အတွင်း ချဲလ်ဆီး နည်းပြ ရာထူး ကနေ ဖယ်ရှားခံရတော့မှာ ဖြစ်တယ် လို့ The Telegraph သတင်း က အခိုင်အမာ အတည်ပြုထားပါတယ် ။

လမ်းပတ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပြီး ၊ ချဲလ်ဆီး ဘုတ်အဖွဲ့ ဟာ ဒီ စွမ်းဆောင်ရည် အပေါ် လုံးဝ အားမရတော့တဲ့ အပြင် ၊ လမ်းပတ် အပေါ် စိတ်ရှည် သည်းခံမှု ကုန်ဆုံးလာခဲ့တဲ့ အတွက် အခုလို ရာထူးက ထုတ်ပယ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ် ။

myan789

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ လမ်းပတ် နေရာ အစားထိုးဖို့ ယာယီ နည်းပြ မလိုချင်ပဲ ၊ အပြီးသတ် ပုံစံ နဲ့ ၃နှစ် စာချုပ် ချုပ်ဆိုလို့ရမယ့် နည်းပြမျိုး ကို အလိုရှိနေပါတယ် ။ အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ကတော့ လစ်ပ်ဇစ် နည်းပြ ဂျူလီယန် နာဂယ်စ်မန်း ကို အလိုရှိနေပေမယ့် ၊ ၎င်းကို ခေါ်ယူချင်ရင် ရာသီကုန် အထိ စောင့်ရမှာ ဖြစ်ပါတယ် ။

လောလောဆယ် ချဲလ်ဆီး အသင်း ဖက်က လမ်းပတ် နေရာ အစားထိုးလို့ ရမယ့် နည်းပြ အနည်းအကျဉ်းသာ ရှိနေပါတယ် ။ ပီအက်စ်ဂျီ နည်းပြဟောင်း သောမတ်စ် တူချယ် ကတော့ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး အဆင့် ကို ရောက်လာတယ် လို့ Sky Sports သတင်းဌာန က ဖော်ပြထားပါတယ် ။

တူချယ် ဟာ ပြီးခဲ့တဲ့ တလကျော်ကျော်ကမှ ပီအက်စ်ဂျီ အသင်း ကနေ အထုတ်ခံခဲ့ရတာ ဖြစ်ပြီး ၊ ကလပ် ဘုတ်အဖွဲ့ဝင်တွေနဲ့ ပြဿနာ တချို့ တက်ထားဖူးတဲ့ ရာဇဝင် ရှိခဲ့ပါတယ် ။ ဒီတော့ တူချယ် ကို ခေါ်ယူချင်ရင် ချဲလ်ဆီး အသင်း အနေနဲ့ ဒီ အချက် ကို သတိချပ်သင့်ပါတယ် ။

ဒါ့အပြင် တူချယ် ဟာ ပြင်သစ် လီဂူးဝမ်း လို ပြိုင်ဖက် အများစု အင်အားနည်းတဲ့လိဂ်မှာ ပြိုင်စံရှား ပီအက်စ်ဂျီ အသင်း ကို ကိုင်တွယ်ပြီး ပြည်တွင်း ဖလားတွေသာ ဆွတ်ခူးထားပေးတဲ့ သမိုင်းကြောင်းသာ ရှိခဲ့ပါတယ် ။ ဒေါ့မွန် အသင်းမှာလည်း အောင်မြင်မှု မရခဲ့ပါဘူး ။

တဖက်မှာ တူချယ် ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ခရစ်တီယန် ပူလီဆစ် ၊ သီယာဂို ဆေးလ်ဗား တို့တော့ လက်ရှိ ချဲလ်ဆီး အသင်းမှာ ရှိနေပါတယ် ။ နောက်ပြီး ချဲလ်ဆီး အသင်း ရဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ဟာ တူချယ် ကို ခေါ်ယူဖို့ favour ပေးနေတဲ့ အတွက် ၎င်းဟာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလာတာ မဆန်းတော့မဆန်းပါဘူး ။

အကယ်၍ တူချယ် သာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ် ဆိုရင် ၊ ဘုတ်အဖွဲ့ ဟာ အရင်က တူချယ် ရဲ့ ဘုတ်အဖွဲ့ နဲ့ အချေအတင် တချို့ ရှိခဲ့ဖူးတဲ့ အချက်ကို ဖယ်ပြီး ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ပီအက်စ်ဂျီ အသင်း ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အချက် ၊ နေမာ ၊ အမ်ဘတ်ပေ တို့လို စူပါစတားတွေ ကိုင်တွယ်ဖူးတဲ့ အချက် ၊ လက်ရှိ အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန်သား ၂ဦး ဖြစ်တဲ့ တီ်မို ဗာနာ ၊ ကိုင်ဟာဗက်ဇ် တို့ကို ပုံစံကောင်း ပြန်ရအောင် လုပ်ဆောင်ပေးနိုင်ဖွယ် ရှိတဲ့ အချက်တွေကို စဉ်းစားပေးလိုက်တာ ဖြစ်နိုင်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular