ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ကြီး ဖီဖာ က 2020 အတွက် အကောင်းဆုံးဆုတွေ ရွေးချယ် ချီးမြှင့်ဖို့ အတွက် ဆန်ကာတင် စာရင်းကို ဒီညနေမှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အခုလို ကြေငြာတဲ့ နေရာမှာ 2019 ခုနှစ် ဇူလိုင် 20 ရက် ကနေ ၊ 2020 ခုနှစ် အောက်တိုဘာ 7 ရက် နေ့ အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေ အပေါ် အခြေခံကာ ၊ ဒိုင်လူကြီးများ အဖွဲ့က ရွေးချယ် ပေးလိုက်ာ ဖြစ်ပါတယ်။
အကောင်းဆုံးဆု တွေ အတွက် ရွေးချယ်ရာမှာတော့ ဖန်တွေ ရဲ့ Voting တွေ ၊ ဂျာနယ်လစ် ၊ နိုင်ငံ့လက်ရွေးစင် နည်းပြ နဲ့ အသင်းခေါင်းဆောင် တွေ့ရဲ့ Voting တွေကို အချိုးကျ ကောက်ယူကာ တွက်ချက် သွားမှာ ဖြစ်ပါတယ်။
အကောင်းဆုံး ကစားသမားဆု အတွက်တော့ ဆန်ကာတင် စာရင်း 11 ယောက် အထိ ထုတ်ပြန်လိုက်ပြီး ၊ နောက်မှာ 3 ယောက် အထိ လျှော့ချသွားမှာ ဖြစ်ကာ ၊ ဒီဇင်ဘာလ 17 ရက်နေ့မှာ တရားဝင် ဆုပေးပွဲ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်း
- တီယာဂို အယ်ကန်တရာ (စပိန်)
- ရိုနာဒို (ပေါ်တူဂီ)
- ဒီဘရိုင်း (ဘယ်လ်ဂျီယံ)
- လီဝန်ဒေါ့စကီး (ပိုလန်)
- မာနေး (ဆီနီဂေါ)
- ဘာပေ (ပြင်သစ်)
- မက်ဆီ (အာဂျင်တီးနား)
- နေမာ (ဘရာဇီး)
- ရာမို့စ် (စပိန်)
- ဆာလတ် (အီဂျစ်)
- ဗန်ဒိုက် (နယ်သာလန်)
အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ဆန်ကာတင် စာရင်း
- လူစီ ဘရွန်ဇီ (အင်္ဂလန်)
- ဆက်ကာရီနို (ပြင်သစ်)
- ဟာဆန် (နော်ဝေ)
- ဟာဒါ (ဒိန်းမတ်)
- ဟာမိုဆို (စပိန်)
- ဆမ်ခါး (သြစတေးလျ)
- ဆိုယွန်ဂျီ (တောင်ကိုရီးယား)
- ဆာကီ ကူမာဂိုင် (ဂျပန်)
- မာရော့ဆန် (ဂျာမဏီ)
- မီဒီမာ (နယ်သာလန်)
- ရီးနာ့ဒ် (ပြင်သစ်)
အကောင်းဆုံး နည်းပြဆု
- ဘီရယ်ဆာ (လိဒ် ယူနိုက်တက်)
- ဟန်ဆီ ဖလစ် (ဘိုင်ယန် မြူးနစ်)
- ကလော့ပ် (လီဗာပူး)
- လိုပက်တီဂူ (ဆီဗီလား)
- ဇီဒန်း (ရီးရဲ မက်ဒရစ်)
အကောင်းဆုံး ဂိုးသမားဆု
- အလီဆွန် (လီဗာပူး)
- ကော့တွိုက်စ် (ရီးရဲ)
- နာဗက် (ပီအက်စ်ဂျီ)
- နူအာ (ဘိုင်ယန်)
- အော့ဘလက် (အေတီကို)
- တာစတီဂျန် (ဘာစီလိုနာ)
ဆန်ကာတင် စာရင်းမှာတော့ လီဗာပူး က ကစားသမား 5 ယောက် + နည်းပြ 1 ယောက် နဲ့ အရေအတွက် အများဆုံး ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ 12 လ အတွင်း ဆုဖလားပေါင်း 4 လုံး အထိ ဆွတ်ခူးထားတဲ့ ဘိုင်ယန် မြူးနစ် ကတော့ ဆန်ကာတင် စာရင်းမှာ 3 ယောက်ပဲ ရှိနေပေမယ့် ၊ ဆု ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ပြိုင်ပွဲပေါင်းစုံ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ လီဝန်ဒေါ့စကီးဟာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးဖို့ သေချာနေသလို ၊ ဟန်ဆီ ဖလစ် နဲ့ နူအာ တို့ကလဲ အကောင်းဆုံး နည်းပြ နဲ့ အကောင်းဆုံး ဂိုးသမား ဆုတွေကို ဆွတ်ခူးသွားဖွယ် ရှိနေပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ် ဆုပေးပွဲမှာ ဘိုင်ယန် ကပဲ အောင်ပွဲခံသွားမယ် ဆိုရင် အံ့အားသင့်စရာတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။