spot_img

၂၀၂၁ တုန်းက ရော်နယ်ဒိုကို ပြန်လည်မခေါ်ယူသင့်ကြောင်း မက်ကန်နာအကြံပေးခဲ့တယ်လို့ ဆိုးလ်ရှား ထုတ်ဖော်ပြောကြား

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက ၂၀၂၁ တုန်းက ရော်နယ်ဒိုကို အသင်းထံပြန်လည်မခေါ်ယူဖို့ မက်ကန်နာက အကြံပေးခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားဟာ မန်စီးတီးကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးနောက်မှာမှ ဆိုးလ်ရှားကိုင်တွယ်နေတဲ့အသင်းဟောင်း ယူနိုက်တက်ထံ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပထမဆုံးရာသီမှာတင် ရော်နယ်ဒိုတစ်ယောက် ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းက ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ နဲ့ ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေကတော့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တာဟာ စီးတီးလက်ထဲရောက်သွားမှာကို မလိုလားတာကြောင့်လို့ သုံးသပ်နေကြပါတယ်။

myan789

အခုချိန်မှာလည်း အစ်ဝှစ်တောင်းနည်းပြ မက်ကန်နာက ရော်နယ်ဒိုကို ပြန်လည်မခေါ်ယူဖို့ သတိပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ နော်ဝေမီဒီယာနဲ့အင်တာဗျူးမှာ ဆိုးလ်ရှားက ပေါ်တူဂီသားပွဲတွေကိုသုံးသပ်ခဲ့တဲ့ မက်ကန်နာက မခေါ်ယူဖို့ တိုက်တွန်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘယ်လိုကာကွယ်မှာလဲ။ ဒါက မက်ကန်နာ ပထမဆုံးပြောကြားတဲ့အရာပါ။ အဲ့တာက ကျွန်တော်တို့အားလုံးမှားယွင်းတဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ပိုင်းမှာ အဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ခံစားခဲ့ရပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

Former United coach Solskjaer revealed that McKenna advised him not to bring Ronaldo back to the team in 2021.  

ယူနိုက်တက်ကနေ အထုတ်ခံခဲ့ရပြီးနောက် ၃ နှစ်နီးပါးကြာတဲ့အထိ ဆိုးလ်ရှားဟာ အလုပ်သစ်လက်မခံသေးပဲ မှန်ကန်တဲ့အသင်းကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

“ကျွန်တော်လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်ပြောချင်တာက ယူနိုက်တက်နဲ့အတူ အချိန်ကောင်းတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ တတိယ နဲ့ ဒုတိယရခဲ့သလို ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျွန်တေ်တို့ ဖိုင်နယ်မှာ ဗီလာရီးရဲလ်ကိုအရေးနိမ့်ခဲ့ပါတယ်။ ဒါက ကျွန်တော်တွေးဖြစ်တဲ့အရာပါ။ တကယ်လို့ ကျွန်တော်တို့ အနိုင်ရခဲ့ရင် အဲ့တာက မတူညီတဲ့ရလဒ်ဖြစ်လာနိုင်ပါတယ်”လို့ ဆိုးလ်ရှားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular