ဥရောပထိပ်သီးကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ဂီတာဖေးအသင်းမှ အင်္ဂလန်တိုုက်စစ်မှူး ဂရင်းဝုဒ်ကို ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်ခိုင်းထားကြောင်း သိရသည်။
အသက် (၂၂)နှစ်အရွယ်ရှိ ဂရင်းဝုဒ်သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ခဲ့ရပြီးနောက် မန်ယူအသင်းက ဂီတာဖေးအသင်းထံ အငှားချထား ခြင်းဖြစ်သည်။
ပရိသတ်များ၏ဖိအားပေးမှုကြောင့် မန်ယူအသင်းအနေဖြင့် ဂရင်းဝုဒ်အား အသင်းတွင် ပြန်လည်နေရာပေးရန် အခက်တွေ့နေကြောင်းလည်း သိရသည်။
ထို့ကြောင့် ဂီတာဖေးတွင် ခြေစွမ်းပြနေသည့် ဂရင်းဝုဒ်ကို ထိပ်သီးအသင်းများက ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂရင်းဝုဒ်သည် ဂီတာဖေးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၁၃) ပွဲတွင် (၄) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားသည်။