2020 ခုနှစ် အတွက် Golden Foot ဆုကို ဆွတ်ခူး ရရှိ သွားတဲ့ ခရစ္စတီယာနို ရိုနယ်ဒို

နောက်ဆုံး မှာတော့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ တစ်ကြိမ် တစ်ခါ မှ မရရှိ ဖူးသေးတဲ့ ဂုဏ်ပြု ဆု တစ်ခု ကို ရရှိ သွားခဲ့ ပါပြီ ။ အဲ့ဒိ ဆု ကတော့ ရွှေဖဝါး ( Golden Foot Award ) ပါပဲ ။ ရွှေဖိနပ်ဆု ၊ ရွှေဘောလုံး ဆုတွေ ကို ဆွတ်ခူး ရရှိ ထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး အတွက် တော့ ဒီဆု ဟာ ပြတိုက် ထဲ မှာ ဂုဏ်ယူ စွာနဲ့ ပြသ ထားရ မယ့် ဆုတစ်ခု ဖြစ်လာ မှာပါ ။ နောက်ပြီး ရိုနယ်ဒို ပရိသတ်တွေ အတွက် ပိုပြီး ကျေနပ် စရာ ကတော့ ပြိုင်ဘက် မက်ဆီ က ဒီဆုကို မရဖူး သေးတာပါပဲ ။

ရွှေဖဝါး ( Golden Foot ) ဆု ကို ၂၀၀၃ ခုနှစ် က စတင် ပေးအပ် ခဲ့တာ ဖြစ်ပြီး ဘောလုံး လောက ထဲ မှာ ထိပ်တန်း ကစား သမား အဖြစ် နဲ့ နှစ်ပေါင်း များစွာ ဖြတ်သန်း လာခဲ့တဲ့ ဘောလုံး သမားကြီးတွေ ကို ပေးအပ် ချီးမြှင့်တဲ့ ဆု ဖြစ်ပါတယ် ။ ဒီဆု ကို ကစား သမား တစ်ယောက် ဟာ တစ်ကြိမ်သာ ရရှိမှာ ဖြစ်ပြီး အသက် ၂၈ နှစ် နဲ့ အထက် တွေကို သာ ဆုအတွက် စဉ်းစား ပေးတာ ဖြစ်ပါတယ် ။

myan789

ရိုနယ်ဒို နဲ့ မက်ဆီ တို့ ဟာ အသက် ၂၈ နှစ် နောက်ပိုင်း က စပြီး စကာတင် ၁၀ ဦး စာရင်း ကို နှစ်တိုင်း လိုလို ပါဝင် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခြား ကစား သမားတွေ က ပဲ ဆွတ်ခူး ခဲ့ကြ တာပါ ။ ဒီနှစ် မှာတော့ ရိုနယ်ဒို ရဲ့ အလှည့် ရောက်လာခဲ့ ပါပြီ ။ မက်ဆီ လည်း အနားမယူ ခင် ၁ နှစ်နှစ် တော့ ရဖို့ ရှိပါတယ် ။

ဆုရှင် ဟာ မိုနာကို မှာ ရှိတဲ့ ဆု ကမ ကထ ပြုလုပ် ရာနေရာ ကို ဖိတ်ကြား ခံရမှာ ဖြစ်ပြီး ဖဝါး ကို ရွှေပြား မှာ ခတ်နှိပ် မှတ်တမ်း တင်ခံ ရမှာ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ ကိုဗစ် ကာလ ကြောင့် ရိုနယ်ဒို တစ်ယောက် သူ့ရဲ့ အောင်မြင်မှု ကို မသိမ်းပိုက် နိုင်သေး ပါဘူး ။

ရိုနယ်ဒို ဟာ ဒီနှစ် ဆု အတွက် ရောဘတ် လီဝန်ဒေါ့စကီး ၊ မိုဟာမက် ဆာလာ ၊ နေမာ နဲ့ မက်ဆီ တို့ နဲ့ ယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပြီး မဲ အများဆုံး ရရှိ ကာ ဆုရှင် ဖြစ်လာ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဆု ဟာ တစ်ဦးကို တစ်ကြိမ်သာ ပေးတဲ့ ဆု ဖြစ်တာကြောင့် လာမယ့် နှစ်တွေက စပြီး ရိုနယ်ဒို ပါဝင်ခွင့် ရတော့ မှာ မဟုတ်ပါဘူး ။ မက်ဆီ ကတော့ ရိုနယ်ဒို ထက် ၂ နှစ် ငယ်တာကြောင့် နောက် ၃-၄-၅ နှစ် အထိ ဆက်ပြီး မျှော်လင့် နိုင်ဦးမှာ ဖြစ်ပါတယ် ။

ရွှေဖဝါး ( Golden Foot Award ) ဆုရှင်များ –

၂၀၀၃ – ရော်ဘတ်တို ဘက်ဂျီယို
၂၀၀၄ – ပေဗယ် နက်ဗက်
၂၀၀၅ – အန်ဒရီ ရှက်ဗ်ချန်ကို

၂၀၀၆ – ရိုနယ်ဒို ( ဘရာဇီး )
၂၀၀၇ – အဲလက်ဇန်ဒရို ပီယာလို
၂၀၀၈ – ရော်ဘတ်တို ကားလိုစ့်

၂၀၀၉ – ရော်နယ်ဒင်ဟို
၂၀၁၀ – ဖရန်စစ္စကို တော့တီ
၂၀၁၁ – ရိုင်ယန်ဂစ်

၂၀၁၂ – ဇလာတန် အီဘရာဟီမိုဗစ်
၂၀၁၃ – ဒီဒီယာ ဒရော့ဘာ
၂၀၁၄ – အန်ဒရေ အင်နီယေစတာ

၂၀၁၅ – ဆင်မြူရယ် အီတူး
၂၀၁၆ – ဂီယန်လူဂီ ဘူဖွန်
၂၀၁၇ – အိုင်ကာ ကာဆီးလက်

၂၀၁၈ – အီဒီဆင် ကာဗာနီ
၂၀၁၉ – လူကာမိုဒရစ်
၂၀၂၀ – ခရစ္စတီယာနို ရိုနယ်ဒို

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular