11 မိနစ်သာ ကစားပြီး လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခဲ့တဲ့ မာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ်ဟာ တနင်္ဂလာ နေ့မှာ ပြုလုပ် ခဲ့တဲ့ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ပြီး 11 မိနစ်သာ လေ့ကျင့် ခဲ့တဲ့နောက် လေ့ကျင့်ရေး ကွင်းမှ ထွက်ခွာ ခဲ့တယ်လို့ သိရှိ လိုက်ရ ပါတယ် ။

အန်သိုနီ မာရှယ်ဟာ ဆောက်သမ်တန် အသင်း နဲ့ ကစား ရမယ့် ကစားသမား စာရင်းမှာ ပါဝင်ဖို့ အဆင့်သင့် ရှိနေ ခဲ့ပါ သေးတယ် ။ ဒါပေမယ့် အဆိုပါ ရက်စွဲ မတိုင်မီမှာ သူဟာ နေမကောင်း ဖြစ်နေ ခဲ့တဲ့ အတွက် အသင်း ရဲ့ ဟော်တယ် မှာပဲ အနားယူ ခဲ့ရပြီး ပွဲကစားခွင့် လွဲချော်ခဲ့ရ ပါတယ် ။

myan789

အခုတော့ မန်ချက်စတာ ညနေခင်း သတင်းက မာရှယ်ဟာ တနင်္လာနေ့မှာ အသင်းနဲ့ အတူ လေ့ကျင့်ခဲ့ပေမယ့် 11 မိနစ်မျှသာ ကစားခဲ့ဲ ရပြီးနောက် ဆက်လက် ကစားဖို့ အဆင် မပြေတော့တဲ့ အနေအထားမှာ ရှိနေ ခဲ့တဲ့ အတွက် လေ့ကျင့်ရေး ကွင်းမှ ထွက်ခွာခဲ့ ရတယ်လို့ ဖော်ပြ သွားခဲ့လိုက် ပါတယ် ။

ဒီတစ်ပါတ် ကြားရက်ထဲမှာတော့ ယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် PSG အသင်း နဲ့ ရင်ဆိုင် ကစားသွား ရဖို့ ရှိနေကြ ပါတယ် ။ အခုတော့ မာရှယ်ဟာ အသင်းနဲ့ မလေ့ကျင့် နိုင်ခဲ့တဲ့ အတွက် အဆိုပါ ပွဲစဉ်ကို လွဲချော် နိုင်လိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့ ပါပြီ ။

ဒါဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ မာရှယ် အတွက်တော့ တစ်ကယ့်ကို စိတ်ပျက်ဖွယ် သတင်းဆိုး တစ်ခု ပါပဲ ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာအသင်း အတွက် 17 ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ မှာတော့ တစ်ဂိုးမှ မသွင်းယူ ပေးနိုင်ခဲ့သေး ပါဘူး ။ သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ 2 ဂိုး သွင်းယူ နိုင်ခဲ့ပါ သေးတယ် ။ ဒါပေမယ့် ပရိသတ်တွေ စိတ်ကျေနပ် စေနိုင်လောက်တဲ့ စွမ်းဆောင်ရည် တွေကို ပြသဖို့ အတွက် ရုန်းကန် နေရဆဲ ပါပဲ ။

အခြား တစ်ဖက် မှာတော့ သူမပါတဲ့ ဆောက်သမ်တန် နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးသစ် ကာဗာနီ က 45 မိနစ် လူစားဝင် ကစားခွင့် ရရှိခဲ့ပြီး ကိုယ်တိုင် 2 ဂိုးသွင်း ၊ 1 ဂိုး ဖန်တီး ပေးရင်း 2 – 0 နဲ့ ရှုံးနိမ့် နေခဲ့တဲ့ အသင်းကို 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိအောင် ကူညီ ပေးခဲ့ကာ MOTM ဖြစ်ခဲ့ ပါတယ် ။

ဒါ့ကြောင့် နောက်ပွဲတွေမှာ ကာဗာနီဟာ ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစားခွင့် ရရှိသင့်ကြောင်း နည်းပြ ဆိုးလ်ရှားကို တိုက်တွန်းသူတွေ များပြား နေခဲ့ ပါတယ် ။ ဒီလိုသာ ဖြစ်သွားမယ် ဆိုရင်တော့ မာရှယ်ဟာ တိုက်စစ်မှူး အဖြစ် ရှေ့ဆက် ပွဲကစားခွင့် ရရှိ နိုင်မှာ မဟုတ်တော့ ပါဘူး ။

လက်ရှိ အချိန်မှာတော့ ယူနိုက်တက် ပရိသတ်တွေက ကာဗာနီ ကို အထောင် တိုက်စစ် နေရာမှာ ကစားစေလိုကြပြီး မာရှယ်ကို ဘယ် တောင်ပံ ၊ ရပ်ရှ်ဖို့ ကို ညာ တောင်ပံ တိုက်စစ် နေရာမှာ ပွဲထွက် ကစားစေလို နေကြ ပါတယ် ။ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ ကို ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှာတော့ ဆိုးလ်ရှား က သူတို့ သုံးဦးကို အဲ့ဒီလို ကစား စေခဲ့ပြီး အလုပ် ဖြစ်ခဲ့ပါ သေးတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular