(၅)နှစ်အတွင်း အီတလီဒါဘီမှာ နိုင်ပွဲပြန်ရတဲ့ အင်တာမီလန်

အင်တာမီလန် ၂-၀ ဂျူဗင်တပ်စ်

အင်တာမီလန်ရဲ့အီတလီဒါဘီနိုင်ပွဲက အဖက်ဖက်က ပြည့်စုံလွန်းခဲ့ပြီး ပထမပိုင်းမှာ ရရှိတဲ့အခွင့်အရေးတွေကို မလွတ်တမ်းအသုံးချနိုင်ရင် ဂျူဗင်တပ်စ်အတွက် အခုထက် ပိုအရှက်ကွဲရမယ့်အနေအထားရှိခဲ့တယ်။ အင်တာမီလန်အနေနဲ့ ဂျူဗင်တပ်စ်ကို ၂၀၁၆ စက်တင်ဘာလနောက်ပိုင်း ပထမဆုံး အနိုင်ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။

myan789

ဂျူဗင်တပ်စ်အသင်း နောက်တန်းမှာ ဒဏ်ရာကပြန်သက်သာလာတဲ့ ချီလီနီကို ဘိုနူချီနဲ့ တွဲပေးခဲ့ပြီး ဒီအတွဲအဖက်ကပဲ အသင်းကို ဒုက္ခပြန်ပေးခဲ့တာပါ။ ချီလီနီ-ဘိုနူချီ အတွဲက အကောင်းဆုံးအချိန်တွေကို ကျော်လွန်စပြုနေပြီဆိုတာ ဂျူဗင်တပ်စ်နည်းပြ ပီယာလိုတစ်ယောက် သတိမမူမိခဲ့ပုံပါပဲ။ အင်တာမီလန်လို တိုးအားကောင်းတဲ့အသင်းနဲ့ တွေ့ဆုံမှုမှာ ဒီအားနည်းချက်က သိသာခဲ့ပြီး ခံစစ်အစွန်လူတွေကလည်း ကူမပေးချိန်မှာ အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတယ်။ အင်တာမီလန်တိုက်စစ်ပိုင်းက လော်တာရိုမာတီနက်ဇ်၊ လူကာကူတို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဒီနေ့ပွဲမှာ ဂိုးလာဘ်မရှိခဲ့ပါဘူး။ လူကာကူရဲ့ကန်သွင်းချက်တွေကို ဂျူဗင်တပ်စ်ဂိုးသမား ဆဇက်စနီ ကာကွယ်နိုင်ခဲ့ပြီး လော်တာရိုမာတီ နက်ဇ်ကတော့ ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။

အင်တာအသင်းမှာ ခြေစွမ်းအပြနိုင်ဆုံးကစားသမားကတော့ ဘာရယ်လာပါပဲ။ ဒီရာသီမှာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိနေပြီဆိုတာ သက်သေပြနိုင်ခဲ့တာပဲဖြစ်တယ်။ နည်းပြ ကွန်တီက ဘာရယ်လာကို No.10 Role ဆန်ဆန် အသုံးပြုပေမဲ့ သူက နေရာစုံကစားခဲ့တယ်။ ခံစစ်နဲ့ တိုက်စစ်ကို အဓိကချိတ်ဆက်ပြီး တိုက်စစ်လမ်းကြောင်း တွေကလည်း သူ့ထံကပဲ အဓိကစခဲ့တာများပါတယ်။ အခုပွဲမှာလည်း အရေးပါတဲ့အခွင့်အရေး (၃)ကြိမ်လောက် ဖန်တီးပေးနိုင်ခဲ့ပြီး ဒီအထဲမှာ ဗီဒယ်လ်(၁၂ မိနစ်)သွင်းယူတဲ့ဂိုးကို ဖန်တီးပေးမှုက သပ်ရပ်လွန်းပါတယ်။ အင်တာအတွက် ဒုတိယဂိုးကို ဘာရယ်လာက (၅၂)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular