၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို သြဂုတ် ၆ ရက်စတင်မည်ဖြစ်ပြီး အသင်းခုနစ်သင်း ယှဉ်ပြိုင်မည်

၂၀၂၂ ရာသီ MNL-2(ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို သြဂုတ် ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်သည် ယခုနှစ်အတွင်း ဒုတိယမြောက် ပြည်တွင်းလိဂ်ပြိုင်ပွဲအဖြစ် MNL-2(ပထမတန်း) ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ပြီး အသင်းခုနစ်သင်း ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်သည်  အမှတ်ပေးပြိုင်ပွဲကို တန်းတက်၊ တန်းဆင်း စနစ်ကျင့်သုံးရန်အတွက် MNL-2 (ပထမတန်း) ပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းများနှင့် ပွဲစဉ်ဇယားကို ယခုလကုန်ပိုင်း သို့မဟုတ် သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်သည်။

myan789

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ပြိုင်ပွဲဝင်အသင်းများကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်နေသည့် မြန်မာ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့မှာ အတွေ့အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) က တရားဝင်သတင်းထုတ် ပြန်ထားသည်။ မြန်မာ ယူ-၁၉ နှင့် ယူ-၁၆ အသင်းသည် ပထမတန်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း တန်းတက်ခွင့်ရပါက MNL သို့ တန်းတက်မည်မဟုတ်ကြောင်း သိရသည်။

MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲကို သြဂုတ်မှ နိုဝင်ဘာအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့်နှစ်သင်းမှာ တန်းတက်ခွင့်ရမည်ဖြစ်သည်။ MNL-2(ပထမတန်း) ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပထမအကျော့ပြီးဆုံးချိန်တွင် ရပ်နားခဲ့ရပြီး နောက်ပိုင်းတွင်မကျင်းပနိုင်သဖြင့် ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးကျင်းပသည့် ၂၀၂၀ ရာသီ MNL-2 ပြိုင်ပွဲတွင် အသင်းရှစ်သင်း ယှဉ်ပြိုင်ခဲ့ပြီး ယင်းအသင်းများအနက် မြဝတီအသင်းနှင့် GFA အသင်းတို့မှာ ယခုရာသီတွင် MNL သို့ တန်းတက်ကစားနေပြီဖြစ် သည်။ ၂၀၂၀ ရာသီအပြီးတွင်MNL မှ အသင်းအချို့ဖျက်သိမ်းခဲ့သဖြင် MNL-2 သို့ တန်းဆင်းရသည့်အသင်းမရှိဘဲ တန်းတက်ခွင့်သာပြုခဲ့ခြင်းဖြစ်သည်။

MNL-2 (ပထမတန်း) ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုများကို ချင်းယူနိုက်တက်အသင်းက နှစ်ကြိမ်ရရှိဖူးပြီး ဟံသာဝတီ၊Southern ၊ မနောမြေ၊ စီးတီးရန်ကုန်နှင့် ရွိုင်ရယ်သန်လျင် အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။ နောက်ဆုံးကျင်းပသည့် ၂၀၂၀ ရာသီတွင် ပထမအကျော့အပြီး ဖျက်သိမ်းခဲ့ရသဖြင့် ချန်ပီယံအသင်း ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular