၂၀၁၈ သြဂုတ်လနောက်ပိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပထမဆုံးအကြိမ် ဦးဆောင်ခဲ့တဲ့ မန်ယူ

ဘန်လေ ၀-၁ မန်ယူ

ဒီပွဲမှာ သရေတစ်မှတ်ရရုံနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၁)နေရာကို ရယူနိုင်မယ့် မန်ယူအသင်းဟာ အဝေးကွင်းမှာ ဘန်လေအသင်းကို ပေါ့ဘာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

myan789

မန်ယူအသင်းရဲ့ ပွဲထွက်စာရင်းမှာ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ မက်ဂွိုင်းရားတို့နဲ့ လူစုံပွဲထွက်ခဲ့ပြီး ဘန်လေအသင်းမှာလည်း ဘန်းစ်၊ ခရစ္စဝုဒ်၊ ဝက်စ်ဝုဒ်၊ ဘန်မီးတို့နဲ့ လူစုံခဲ့ပါတယ်။

မန်ယူအသင်းက ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာရယူကာ ကစားခဲ့ပေမဲ့ ပွဲပန်းနေပုံရပြီး ပွဲအစပိုင်းမှာ ဘန်လေအသင်းကတောင် ဂိုးကန်သွင်းခွင့်တွေရခဲ့တာပါ။ ဒါပေမဲ့ ဘန်လေရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေဟာ ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။

ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်း ကစားကွက်ပိုမိလာခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးချနိုင်ခြင်းမရှိသလို၊ ပွဲချိန် (၃၅)မိနစ်မှာ မက်ဂွိုင်းရား ဂိုးသွင်းခဲ့ပေမဲ့ ဘန်လေကစားသမားကို ဖိကာ ခေါင်းတိုက်ခဲ့လို့ ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ပါဘူး။

ပထမပိုင်းပြီးခါနီးမှာ မန်ယူအသင်း ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ပွဲချိန် (၄၄)မိနစ်မှာ မာစီယဲလ်ရဲ့ ဧရိယာအပြင်ဘက်က ကန်ချက်ဟာ ကောင်းမွန်ခဲ့ပေမဲ့ ဘန်လေဂိုးသမား နစ်ပုပ် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူရဲ့တိုက်စစ်ပိုင်းက ရုန်းကန်ခဲ့ရပြီး ကွင်းလယ်မှာတော့ ပေါ့ဘာ အကောင်းဆုံးကြိုးစားသွားတာကို တွေ့ရပါတယ်။

ဒုတိယပိုင်းမှာ မန်ယူအသင်းဟာ တစ်ဖက်သတ်ဖိကစားခဲ့ပြီး ဘန်လေကတော့ မန်ယူအသင်းရဲ့ တိုက်စစ်ကို ထိန်းရင်း အချိန်ကုန်ခဲ့ရပြီး ပထမပိုင်းတုန်းကလို တန်ပြန်တိုက်စစ်တောင် ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။

ဂိုးရဖို့ခက်နေတဲ့ မန်ယူအသင်းဟာ ပွဲချိန် (၇၁)မိနစ်မှာ အဖွင့်ဂိုး စရခဲ့ပါတယ်။ ညာတောင်ပံကနေ ရပ်ရှ်ဖို့ဒ် တင်ပေးတာကို ဧရိယာထိပ်မှာ အသင့်စောင့်နေတဲ့ ပေါ့ဘာက လှလှပပ Volly ကန်သွင်းခဲ့ရာ ဘန်လေနောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပေါ့ဘာဟာ ဒဏ်ရာရရှိနေပေမဲ့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို၊ အရေးကြီးချိန်မှာ အသင်းအတွက် အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက် ဘန်လေဟာ ဗီဒရာ၊ ဂျေရိုဒရီဂွက်ဇ်တို့ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်တချို့ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ မရခဲ့ပါဘူး။

ဒါကြောင့် ပွဲအပြီးမှာ မန်ယူအသင်းက ပေါ့ဘာ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် (၃၆)မှတ်နဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာက လီဗာပူးလ်(၃၃ မှတ်)ကို (၃)မှတ် ဖြတ်နိုင်ခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်သလို၊ ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးမှာ အဆင့်(၁)နေရာမှာ ရပ်တည်နိုင်တာဟာ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular