၂ပွဲဆက်တိုက် တီမို ဗာနာ ရဲ့ အပိုင် အခွင့်အရေး လွဲချော်မှုတွေ အပေါ် တုန့်ပြန်လိုက်တဲ့ လမ်းပတ်

ချဲလ်ဆီး အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ဖြစ်တဲ့ ရန်းနက်စ် ကို ၁ – ၂ နဲ့ အနိုင်ရခဲ့ရာမှာ ၊ အပိုင် အခွင့်အရေး တချို့ ရရှိခဲ့ပေမယ့် ၊ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး ။

ဗာနာ ဟာ ဒီမတိုင်ခင် ၊ စနေနေ့ည က ကစားခဲ့တဲ့ နယူးကာဆယ် အသင်း ကို ၀ – ၂ နဲ့ အနိုင် ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ဒီလိုပဲ အပိုင် အခွင့်အရေး ၂ကြိမ် ရခဲ့ပေမယ့် ၊ အဆုံးသတ်တွေ မကောင်းခဲ့တာ ကို တွေ့ရပါတယ် ။ ဒီတော့ ၎င်းဟာ ချဲလ်ဆီး ပရိသတ်တွေနဲ့ ပြိုင်ဖက် ပရိသတ်တွေ အကြား မေးခွန်းထုတ် ခံနေရတာ မဆန်းတော့ပါဘူး ။

myan789

တဖက်မှာ ဗာနာ ဟာ ချဲလ်ဆီး အသင်း အတွက် ဒီရာသီ မှာ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲက လွဲရင် ၊ ကျန်တဲ့ ပြိုင်ပွဲစုံ က ပွဲစဉ်တိုင်း ကို ပွဲထွက် ကစားပေးခဲ့ပြီး ၊ အများစု က ပွဲချိန်ပြည့် အထိ ဖြစ်ခဲ့ပါတယ် ။ ဒီတော့ ဗာနာ ဟာ အခုအချိန် မှာ ပွဲပန်းမှုဒဏ် ကို ခံစား နေရတယ် ဆိုတာ ဖုံးဖိထားစရာတောင် လိုမယ် မထင်ပါဘူး ။

ဒါ့အပြင် international break အတွင်းမှာလည်း ဂျာမနီ လက်ရွေးစင် အသင်း အတွက် ၂ပွဲလောက် ပုံမှန် ကစားနေရတာ ဖြစ်လို့ ၊ ဗာနာ ဟာ အနည်း နဲ့ အများတော့ အာရုံစိုက်မှု လျော့ကျလာနိုင်ပါတယ် ။ မနေ့ည က ပွဲမှာဆိုရင် အဖွင့် ၅မိနစ် အတွင်း ရခဲ့တဲ့ ဂိုးသမား နဲ့ တဦးချင်း အတွေ့ အခွင့်အရေး ကို ဖြုန်းတီးခဲ့ပြီးနောက် ၊ ဗာနာ ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တဖြည်းဖြည်း ကျဆင်းလာတာကို ခံစားခဲ့ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကတော့ သူ့ အသင်းသား တီမို ဗာနာ ဖက်က အပြည့်အဝ ကာကွယ်ပေးခဲ့ပြီး ၊ ပွဲအစ ၅မိနစ် မှာ ရခဲ့တဲ့ အပိုင် အခွင့်အရေး မှာလည်း ဘောလုံး ဟာ မြေလှိမ့်ဘော နဲ့ ရောက်လာတာ မဟုတ်တဲ့ အတွက် ဗာနာ ကို ဆုံးဖြတ်ရ ကျပ်စေတယ် လို့ သုံးသပ်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ လမ်းပတ် က ” ( အပိုင် အခွင့်အရေး ထပ်မံ ဖြုန်းတီးခဲ့တဲ့ ဗာနာ အတွက် ရှေ့ဆက် တိုးတက်မှု အလားအလား ရှိမရှိ နဲ့ ပတ်သက်ပြီး ) ကျွန်တော် မသိပါဘူး ။ သူဟာ ဒီရာသီမှာ ကျွန်တော်တို့ အသင်း အတွက် ဂိုးတွေ အများကြီး သွင်းထားပေးပါတယ် ။ နောက်ပြီး မတူညီတဲ့ လိဂ်တခုမှာ ကိုယ့်ကိုယ်ကို လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေရဆဲပါ ။ “

” ဒီနေ့ အစောပိုင်း မိနစ်မှာ ရခဲ့တဲ့ အပိုင် အခွင့်အရေး အကြောင်း ပြောရရင် ၊ တီမို ဟာ ဒီ အလုံး ကို အဆုံးသတ်ချင်ခဲ့တာပါ ။ ဒါပေမယ့် ဘောလုံး ဟာ သူ့ဆီကို မရောက်လာခင် ကတည်းက မြေလှိမ့်ဘော သဘောမျိုး မဟုတ်ခဲ့လို့ သူ့အတွက် အဆုံးသတ်ရ ခက်စေခဲ့ပါတယ် ။ “

” ကျွန်တော် တို့လို ပရိသတ် တယောက် အနေနဲ့ ကြည့်ရင်တော့ ဒီ အခွင့်အရေးမျိုး က လွယ်လွယ် နဲ့ အဆုံးသတ်နိုင်တယ် လို့ ထင်ကြပေမယ့် ၊ ထင်သလောက် မလွယ်ကူပါဘူး ။ ဒါဟာ တီမို လို အရည်အသွေးမျိုး နဲ့ ကစားသမား တယောက် ပုံမှန် ဖြစ်စဉ် တခုပါပဲ ။ နောက်ပြီး သူဟာ ဒီထက် ပိုကောင်းလာဖို့ ရှိပါသေးတယ် ။ “

” ချဲလ်ဆီး ကို စရောက်လာကတည်းက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် တကယ်ပဲ ပျော်ရွှင် ကျေနပ်မှု ရှိပါတယ် ။ သူ့မှာ အသင်းဖော်တွေနဲ့ အပြန်အလှန် ထပ်တူကျတဲ့ ခံစားမှုတွေ ရှိနေပါတယ် ။ ဒီတော့ မကြာခင်မှာ ကစားမယ့် ပွဲတိုင်းမှာ သူဟာ ဂိုးသွင်းနိုင်မယ့် အခိုက်အတန့် တွေ ဆက်လက် ပိုင်ဆိုင်နေဦးမှာပါ ။ နောက်ဆက်တွဲ တိုးတက်မှု တရပ် အနေနဲ့ ဒီထက် ဂိုးများများလည်း သွင်းနိုင်ပါဦးမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က နာကျင် အချိန်ပိုမှာမှ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ စိတ်ဓာတ် အပေါ် ချီးကျူးရင်း ၊ ဂျရူး ဟာ အသက် ပိုကြီးလာမှာ အရည်အသွေး ပိုမြင့်မားလာတယ် လို့ မှတ်ချက် ပေးခဲ့ပါတယ် ။

လမ်းပတ် က ” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တဝက်လောက် တမ်မီ ( အေဘရာဟမ် ) ရဲ့ စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ် ။ အဲ့ဒီနောက် Lockdown ကာလ နောက်ပိုင်း မှာ အိုလီ ရဲ့ ခြေစွမ်း က လုံးဝ အံ့သြဖွယ်ပါ ။ အခု လူတိုင်း မြင်တွေ့ထားရတာ က အိုလီ ရဲ့ မျှတမှု ရှိတဲ့ ပရော်ဖက်ရှင်နယ် ဆန်ခြင်း ၊ ကျွန်တော် အပါအဝင် အသင်းသားတွေရဲ့ သူ့ အပေါ် မြင့်မြင့်မားမား တန်ဖိုးထားမှု ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ “

” ဒီနေ့ပွဲမှာ သူ နာကျင် အချိန်ပိုမှာ ဂိုးရခဲ့ပြီးနောက် သူ့ အသင်းဖော်တွေနဲ့ တုန့်ပြန်မှု ကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ သူဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း အရမ်း ပရော်ဖက်ရှင်နယ် ဆန်ပြီး ၊ သူ့ကိုယ်သူ ကောင်းကောင်း ထိန်းကျောင်းနိုင်စွမ်း ရှိလို့ ၊ အသက်အရွယ် က သူ့အဖို့ အကြောင်း မဟုတ်တော့ပါဘူး ။ “

” အိုလီ ဟာ အသက်ကြီးလာတာနဲ့ အမျှ ခြေစွမ်းက ပိုကောင်းလာပါတယ် ။ ဒီတော့ သူဟာ ကျွန်တော်တို့ အတွက် များစွာသော ကမ်းလှမ်းမှုတွေကို ပေးစွမ်းထားနိုင်ပါတယ် ။ အရင်ကတည်းကလည်း ကျွန်တော် ဒီအကြောင်း ကို ပြောခဲ့ဖူးပါတယ် ။ ပွဲဆက် ကစားရမယ့် ကာလ ကို ရောက်လာတော့မှာ ဖြစ်လို့ ၊ ကစားသမားတိုင်း ကို ကျွန်တော် မှီခိုရမယ် ဆိုတဲ့ အကြောင်းအရာပါ ။ “

” ကံကောင်း ထောင့်မစွာနဲ့ အိုလီ ဟာ ကျွန်တော် အားထားလို့ ရတဲ့ ၊ မှန်ကန်တဲ့ ခံယူချက် ရှိတဲ့ ကစားသမားမျိုး ဖြစ်လို့ နေပါတယ် ။ ပုံမှန် ကစားခွင့်တွေ မရတဲ့ အနေအထားမှာတောင်ပေါ့ ။ ကျွန်တော် သူ့ကို လိုတဲ့အချိန် ခေါ်လိုက်တိုင်း သူ အသင့် ဝင်ရောက်ပြီး စွမ်းဆောင်ပေးမယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular