ဥရောပထိပ်သီးလိဂ်(၅)ခု၏ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကို ဖေဖော်ဝါရီ (၁)ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လှုပ်ရှားမှုများပြားဖွယ်ရှိသည်ဟု ထင်ကြေးပေးခံထားရ

ဥရောပထိပ်သီးလိဂ်(၅)ခု၏ ၂၀၂၄ ခုနှစ် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ကို ဇန်နဝါရီ(၁)ရက်မှ ဖေဖော်ဝါရီ (၁)ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များတွင် ထိပ်သီးလိဂ်များအကြား စျေးကွက်ပိတ်သိမ်းသည့်ရက် ကွဲလွဲမှုအနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ်၌ တညီတညွတ်တည်းဖြစ်စေရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက် စတင်ဖွင့်လှစ် သည့် ဇန်နဝါရီ(၁)ရက်နေ့တွင်ပင် မန်ယူကွင်းလယ်လူ ဗန်ဒယ်ဘိခ် ဖရန့်ဖတ်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ကြေး၊ ဆော်ပေါ်လိုနောက်ခံလူ လူးကပ်စ်ဘီရယ်လ်ဒိုကို PSG အသင်းခေါ်ယူခြင်း စသည့် အပြောင်းအရွှေ့လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဗြိတိန်မီဒီယာအချို့က လှုပ်ရှားမှုများပြားသည့် စျေးကွက်တစ်ခု ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်ထားသည်။ 

myan789

အထူး သဖြင့် ၂၀၂၄ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်ကိုပင် ဗဟိုပြုဖွယ်ရှိနေပြီး ထိပ်သီးအသင်း အားလုံးနီးပါး အားဖြည့်မှုပြုလုပ်ရန် စီစဉ်နေသည့်အတွက် ထိပ်တန်းအပြောင်းအရွှေ့များ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်းလည်း သုံးသပ်ခဲ့သည်။ ပရီးမီးယားလိဂ်သည် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်လည်း ပေါင် (၈၁၅)သန်းအထိ အသုံးပြုကာ စံချိန်တင်ခဲ့သည်။ 

ယခု ၂၀၂၄ ခုနှစ်၌ အဆိုပါစံချိန်အား ချိုးဖျက်နိုင်ခြင်းရှိ၊ မရှိ အဓိကစောင့်ကြည့်ရမည်ဖြစ်ပြီး ကစားသမားအနေဖြင့်မူ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေး၊ PSG တိုုက်စစ်မှူး ဘာ ပေ၊ မန်ယူတောင်ပံကစားသမား ဆန်ချို၊ နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ မန်စီးတီးကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်၊ မန်ယူ နောက်ခံလူ ဗာရန်း၊ ဖူလ်ဟမ်ကွင်းလယ်လူ ပယ်လ်ဟင်ညာ၊ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်၊ ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီ၊ မန်ယူဂိုးသမားဟောင်း ဒီဟေးယားတို့မှာ အဓိက စောင့်ကြည့်ရမည့်သူများဖြစ်ကြောင်း ESPN က သုံးသပ်ဖော်ပြခဲ့သည်။ 

ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်၌ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင်(၁)ဘီလီယံကျော် သုံးစွဲထားသော ချယ်လ်ဆီးအသင်းသည် ယခုစျေးကွက်တွင်လည်း ထိပ်တန်း ကစားသမားများကို ပစ်မှတ်ထားလျက်ရှိနေသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular