ဥရောပစူပါလိဂ်မှ မနုတ်ထွက်ရသေးသော်လည်း ရီးယဲလ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိ

ဥရောပစူပါလိဂ်စီမံကိန်းကို လက်ရှိအချိန်ထိ စွန့်လွှတ်ခြင်းမရှိသေးသည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် လာမည့် ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ပြီးခဲ့သည့် အင်္ဂါနေ့က လာမည့် ၂၀၂၁-၂၂ ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသည့်အသင်းများကို ဝင်ခွင့်စာများ ပို့ပေးခဲ့ရာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့လည်း ပါဝင်ခဲ့ကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။

myan789

ပရီးမီးယားလိဂ်ထိပ်သီး (၆)သင်းအပါအဝင် ဥရောပထိပ်တန်း (၁၂)သင်းသည် ပြီးခဲ့သည့်ဧပြီလက ဥရောပစူပါလိဂ်စီမံကိန်းကို အတည်ပြုပြီး လာမည့်သြဂုတ်လတွင် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည်။

သို့သော် အဆိုပါစီမံကိန်းကို ဘောလုံးအလွှာအသီးသီးမှ ကန့်ကွက်မှုကြောင့် ရက်ပိုင်းအတွင်းမှာပင် အင်္ဂလန်ထိပ်သီး (၆)သင်းအပါအဝင် အေစီမီလန်၊ အင်တာမီလန်နှင့် အက်သလက်တီကိုမက်ဒရစ်တို့က ပြိုင်ပွဲမှနုတ်ထွက်ကြောင်း ကြေညာခဲ့ကြသည်။

သို့ သော် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်းတို့မှာ အဆိုပါပြိုင်ပွဲမှ နုတ်ထွက်ခြင်းမရှိဘဲ အနာဂတ်တွင် ယင်းကဲ့သို့ပြိုင်ပွဲမျိုး ဖန်တီးရန်စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် UEFA သည် အဆိုပါ (၃)သင်းကို UEFA ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းအသင်းများမှာ ဥရောပပြိုင်ပွဲများမှ (၂)နှစ်အထိ ထုတ်ပယ်နိုင်သည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် ဇွန်လအစပိုင်းတွင် FIFA နှင့် UEFA တို့အပေါ် လွှမ်းမိုးရှိသည့် ဆွစ်ဇာလန်တရားရုံးမှ တာဝန်ရှိသူများက FIFA နှင့် UEFA တို့အနေဖြင့် ရီးယဲလ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့ကို ဥရောပပြိုင်ပွဲများမှထုတ်ပယ်ခွင့်မရှိဟု စာပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် UEFA သည် လက်ရှိတွင် အဆိုပါ(၃)သင်းအား စစ်ဆေးခြင်းကို ဆိုင်းငံ့ထားပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့်အသင်းများကို ဝင်ခွင့်စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် UEFA က ဥရောပစူပါလိဂ် စီမံကိန်းမှ နုတ်ထွက်ခြင်းမရှိသေးသည့် ရီးယဲလ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့အား စစ်ဆေးခြင်းကို ယာယီရပ်နားထားခြင်းသာဖြစ်ပြီး အဆိုပါအသင်းများအနေဖြင့် အကျိုးဆက်ကို ခံစားရမည်ဟု သတိပေးခဲ့ကြောင်း သိရှိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular