အံ့ဖွယ် သမိုင်း မှတ်တိုင်သစ် တစ်ခုကို စိုက်ထူဖို့ နီးစပ်နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဝါရင့် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ချီလီ လက်ရွေးစင် အလက်ဆစ် ဆန်ချက်ဇ်နဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ရိုမီလူ လူကာကူ တို့ကို အသင်းမှ ထွက်ခွာ စေခဲ့တဲ့ အတွက် ဝေဖန်မှု ခံခဲ့ ရပါ သေးတယ် ။

ဒါပေမယ့် ဆိုးလ်ရှား ကတော့ အသင်းကို တည်ဆောက် နေဆဲ ကာလ တစ်ခုမှာ လူငယ် တွေကို နေရာ ပေးပြီး ရေရှည် စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်လို နေခဲ့တဲ့ အတွက် အန်သိုနီ မာရှယ် ၊ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ မေဆွန် ဂရင်းဝုဒ် တို့ကိုပဲ နေရာပေး ကစား စေခဲ့ ပါတယ် ။

myan789

အဆိုပါ လူငယ် သုံးဦး ကတော့ ဆိုးလ်ရှား ကို စိတ်မပျက် စေခဲ့ကြ ပါဘူး ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မာရှယ်ဟာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 23 ဂိုး ၊ ရပ်ရှ်ဖို့ က ပြိုင်ပွဲစုံ 22 ဂိုး ၊ ဂရင်းဝုဒ် က ပြိုင်ပွဲစုံ 17 ဂိုး သွင်းယူ နိုင်ခဲ့ပြီး သုံးဦးပေါင်း 62 ဂိုး အထိ ရယူ ပေးနိုင် ခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ဘောလုံး ရာသီ အတွင်း ပြိုင်ပွဲစုံ 112 ဂိုး အထိ သွင်းယူ နိုင်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ အသင်း ကို တည်ထောင် ခဲ့တဲ့ အချိန် ကာလ အတွင်း ဆု ဖလား ပြိုင်ပွဲ တွေမှာ ပြိုင်ပွဲစုံ 9,994 ဂိုး အထိ သွင်းယူ နိုင်ခဲ့ကြ ပါပြီ ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက် ရာသီ မှာ 6 ဂိုး ထပ်မံ သွင်းယူ လိုက်ရုံ နဲ့ အသင်း ရဲ့ သမိုင်း တစ်လျှောက် သွင်းဂိုး 10,000 သွင်းယူ နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင် သွားမှာပဲ ဖြစ်ပါတယ် ။ ဒါကို ဘယ်သူ လုပ်ဆောင် ပြမလဲ ဆိုတာ ကတော့ စိတ်ဝင်စား စရာ ပါပဲ ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ 2019 – 20 ဘောလုံး ရာသီ ကို သြဂုတ်လ 16 ရက် နေ့မှ ကုန်ဆုံးခဲ့ ရတဲ့ အတွက် လက်ရှိ အချိန်မှာ အားလပ်ရက် တွေကို အခြား အသင်း တွေထက် တစ်ပါတ် ပိုပြီး ပိုင်ဆိုင် နေခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ဟာ ရာသီ အသစ် ကို စက်တင်ဘာ 19 ရက် နေ့မှာ စတင် ကြမှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမား အများစုက အားလပ်ရက် တွေကို ပိုင်ဆိုင် နေကြ သလို အချို့ ကတော့ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေ အတွက် ဥရောပ နေးရှင်းလိဂ် အုပ်စု ပွဲစဉ် တွေကို ကစားပေး နေခဲ့ကြ ပါတယ် ။

2020 – 21 ဘောလုံး ရာသီ စတင်တဲ့ အခါ မှာတော့ ယူနိုက်တက် တို့ဟာ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ရင်ဆိုင် ကစား ရမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ဂယက်တွေ ရှိနေခဲ့ သေးတဲ့ အတွက် ကွင်းပိတ် ကစား ရဦးမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ပရိသတ်တွေ ဝင်ခွင့် ရဖို့ အလားအလာ များပြား နေခဲ့ ပါတယ် ။

ဒီလို အနေအထား မှာတော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလိုပဲ ခြေစွမ်းကောင်း တွေကို ဆက်လက် ပြသ နိုင်ကြ ဦးမလား ဆိုတာ စောင့်ကြည့် ရပါ တော့မယ် ။ ဒါ့အပြင် ဘယ် ပွဲစဉ်မှာ ယူနိုက်တက် တို့ သွင်းဂိုး 10,000 ပြည့်မလဲ ဆိုတာလည်း စိတ်ဝင်စားဖွယ် ပါပဲ ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် တို့ဟာ နွေ ရာသီရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် အေဂျက်ဇ် အသင်း မှ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ကို ခေါ်ယူ ထားခဲ့ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် တို့ဟာ ညာ တောင်ပံ တိုက်စစ် ၊ ဗဟို ခံစစ် နဲ့ ဘယ် နောက်ခံလူ နေရာတွေ ကိုလည်း အင်အား ဖြည့်တင်းဖို့ ဆက်လက် စီစဉ် နေကြပါ သေးတယ် ။

ဒါ့ကြောင့် လက်ရှိ အနေအထား အရတော့ အသင်းဆီ ဘယ်သူတွေ ထပ်မံ ရောက်ရှိ လာကြမလဲ ဆိုတာက ယူနိုက်တက် ပရိသတ်တွေ အတွက် ပိုပြီး စိတ်လှုပ်ရှား စရာ ဖြစ်နေ ခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ဟာ အဆိုပါ နေရာတွေ အတွက် ဂျေဒန် ဆန်ချို ၊ အူပါမီကာနို နဲ့ ရီဂွီလွန် တို့ကို ဦးစားပေး ပစ်မှတ် အဖြစ် စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular