အဲဗာတန် ကို ပြောင်းခွင့် မပေးလို့ ၊ ယူနိုက်တက် နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ရိုမဲရိုး

ယူနိုက်တက် ဂိုးသမား ဆာဂျီယို ရိုမဲရိုး ဟာ အပြောင်းအရွှေ့ နောက်ဆုံး အချိန်မှာ အဲဗာတန် အသင်းဆီ ကို အငှားနဲ့ ပြောင်းခွင့် မရခဲ့လို့ မကျေမနပ် ဖြစ်လျှက် ရှိနေပါတယ်။ အဲဗာတန် ဟာ သူ့အတွက် အငှားခေါ်ယူခွင့် ပေါင် 2 သန်း + လစာ အပြည့်အ၀ ပေးချေမှု နဲ့ တောင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အသက် 33 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂိုးသမားကြီးဟာ အိုးထရက်ဖို့ဒ်မှာ တစ်ပတ် လုပ်ခ ပေါင် 100000 ရရှိနေသူ ဖြစ်ပြီး ၊ လက်ရှိ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။ ယူနိုတက် နဲ့ နီးစပ်တဲ့ သတင်းတွေ အရတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် 8 သန်း ဝန်းကျင် ရမှပဲ အပြီးသတ် ရောင်းထုတ်ပေးနိုင်မယ်လို့ တင်းခံခဲ့တာကြောင့် ၊ အပြောင်းအရွှေ့ ကိစ္စက ပျက်ပြယ်သွားခဲ့တာလို့ သိရပါတယ်။

myan789

နည်းပြ အိုလီ ဂန်နာ ဆိုးရှားဟာ ပြီးခဲ့တဲ့ အပတ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားမယ့် ဘောလုံးသမား စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ရာ ၊ ရိုမဲရိုး ကို ချန်လုပ်ခဲ့ပြန်တာကြောင့် ၊ ကာယကံရှင် ကစားသမားက တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ဆိုးရှားဟာ ဒီဂီယာ ၊ ဟန်ဒါဆင် တို့ အပြင် တတိယ မြောက် ဦးစားပေး ဂိုးသမား အဖြစ် လီ ဂရန့်ကို ရွေးချယ်သွားခဲ့တာပါ။

ဒါ့အပြင် အက်ဖ်အေ ဖလား နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွေ မှာလဲ ဒီဂီယာ ကိုပဲ ဆက်လက် အသုံးပြုခဲ့တဲ့ အချိန် ကတည်းက ရိုမဲရိုး ရဲ့ အသင်းမှာ ပါဝင် ကစားခွင့်တွေဟာ မသေချာမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဘောလုံးရာသီ စတင်ချိန်မှာတော့ လူငယ် ဂိုးသမား ဟန်ဒါဆင် ပါ ပြန်လည်ရောက်ရှိလာတာကြောင့် ၊ သူ့ရဲ့ ကစားခွင့် မျှော်လင့်ချက်တွေက ပိုပြီးတော့ ဝေးကွာသွားခဲ့ရပါတယ်။

အာဂျင်တိုင်းသား ကိုယ်တိုင်ကတော့ သူ့ အတွက် နေရာ မရှိတော့ဘူး ဆိုရင် အသင်းကနေ ထွက်ခွါခွင့် ပေးခဲ့သင့်တယ်လို့ ယုံကြည်ခဲ့သလို ၊ အဲဗာတန် မှာလဲ ပွဲထွက် ဂိုးသမား နေရာအတွက် ပစ်ဖို့ဒ် နဲ့ အပြိုင် ကြိုးစားနိုင်တယ်လို့ ယုံကြည်နေခဲ့တာပါ။အဲဒီလို အကြောင်းအရင်းတွေ ကြောင့်ပဲ ရိုမဲရိုး ရဲ့ ဇနီး ကိုယ်တိုင်က အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်မှာ သူမ ရဲ့ အင်စတာဂရမ် ကနေ တဆင့် မကျေနပ်ချက်တွေကို အခုလို ရင်ဖွင့် သွားခဲ့ ပါတယ်။

“ ဆာဂျီယို ရိုမဲရိုး ဟာ ကလပ် အသင်းအတွက် အမြဲတမ်းကို အလုပ်တွေ ကြိုးစားနေခဲ့တဲ့ သူပါ။ သူတို့ နောက်ဆုံး ဖလားကို ဆွတ်ခူးခဲ့တဲ့ အချိန်က ၊ သူလဲ အသင်းနဲ့ အတူတူ ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖိုင်နယ်/ဆီမီးဖိုင်နယ် 4 ပွဲ ရောက်အောင်လဲ ကူညီပေးထားတဲ့သူလေ။အခုတော့ သူ့ကို အရံခုံပေါ် ပို့ထားပြီး ၊ အရှုံးတွေ နဲ့ ရင်ဆိုင်ခဲ့ရတယ်လေ။

ဒီအချိန်က အခွင့်အရေး တစ်ခုကို ပြန်လည် ပေးသင့်ပြီ ဖြစ်သလို ၊ မပေးနိုင်ရင်လဲ အသင်းကနေ ပြောင်းရွှေ့ခွင့် ပေးသင့်ပါပြီ။ လူတစ်ယောက် ရဲ့ ခံစားချက်ကို လေးစားမှု ထားသင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ရိုမဲရိုး က အဲဗာတန် ရဲ့ ကမ်းလှမ်းမှုတွေဟာ သင့်တော်တဲ့ နှုန်းထားတွေလို့ ယုံကြည်ခဲ့ပြီး ၊ ယူနိုက်တက် ကိုလဲ လက်ခံပေးစေချင်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ သူ့ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့လို့ ၊ ရိုးမား အသင်းရဲ့ ဂိုးသမား ရိုဘင် အော်လ်ဆင် ကို အစားထိုး ခေါ်ယူသွားခဲ့ပါတယ်။

လက်ရှိမှာ MLS ကလပ် တစ်ချို့ က ရိုမဲရိုး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ၊ မေဂျာလိဂ် အပြောင်းအရွှေ့ ကာလ က 29 ရက်နေ့ ရောက်မှ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular