အူဘာမီယန်း ကို ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး သတိပေး စကားဆိုရင်း ဒါဘီရှုံးပွဲအပြီး အသင်းသားတွေရဲ့ တုန့်ပြန်ပုံကို ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က ပုံစံကောင်းတွေ ပျောက်ဆုံး နေတဲ့ အသင်း ခေါင်းဆောင် အူဘာမီယန်း ကို အမြဲတမ်း ပွဲထွက် ကစားခွင့် အတွက် အာမခံချက် မပေးနိုင်ကြောင်း ပြောကြားလိုက်ပြီး ဂါဘွန်သား တစ်ယောက် သွင်းဂိုးပျောက်ဆုံးနေမှုကို အဆုံးသတ် နိုင်လိမ့်မယ်လို့ ထင်ကြောင်း ဆိုပါတယ် ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ဖူလ်ဟမ် အသင်း နဲ့ အဖွင့်ပွဲစဉ် နောက်ပိုင်း ပြီးကတည်းက ပရီးမီးယားလိဂ်မှာ open play ကနေ ဂိုးသွင်း နိုင်ခြင်း မရှိတော့ဘဲ မန်ယူနိုက်တက် နဲ့ ပွဲက ပင်နယ်တီ သွင်းဂိုးဟာ အာဆင်နယ် အတွက် နောက်ဆုံး သွင်းယူ ခဲ့တဲ့ သွင်းဂိုး ဖြစ်ပါတယ် ။

myan789

အူဘာမီယန်း ဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ့မွန် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာ သူ ဖြစ်ပြီး ပွဲပေါင်း ၁၂၂ ပွဲ ကစားထားကာ ၇၄ ဂိုး သွင်းယူ ပေးထားပါတယ် ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းနဲ့ ရာသီအစကတည်းက ကစားတဲ့နှစ်မှာ သွင်းဂိုး ၂၂ ဂိုး နဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကို ရယူ နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာလည်း အူဘာမီယန်း ဟာ ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၂၉ ဂိုး သွင်းယူ ပေးခဲ့ပြီး အာဆင်နယ် အသင်း အက်ဖ်အေ ဖလား ရရှိရာမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူ ပေးခဲ့ပါတယ် ။ ဒါ့အပြင် လီဗာပူး အသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြုနတီဒိုင်းပွဲမှာ အူဘာမီယန်း ဟာ ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

အာတီတာ က ဒန်းဒေါ့ အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အူဘာမီယန်း ဟာ ချန်လှပ်လို့ မရတဲ့ ကစားသမားလား ဆိုတဲ့ မေးခွန်းကို ” အသင်းမှာ ချန်လှပ်လို့ မရတဲ့ ကစားသမား ရယ်လို့ မရှိပါဘူး၊ပွဲတစ်ပွဲမှာ အနိုင်ရဖို့ အတွက် အသင့်တော်ဆုံး ကစားသမားကို ရွေးချယ် သွားမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အူဘာ အသင်း အတွက် ပြီးခဲ့တဲ့နှစ်တွေ ၊ လတွေ အတွင်းမှာ လုပ်ပြခဲ့တဲ့ အရာတွေ အားလုံးကို မေ့ထားလို့ မရပါဘူး ။ နောက်ပြီး သူ ဒီအခြေအနေတွေကို ပြောင်းလဲ နိုင်ဖို့ရာ လေ့ကျင့်ရေးကွင်းမှာ ဘယ်လို ပြုမူ ကြိုးစားနေသလဲ ဆိုတာ ကျွန်တော် မြင်တွေ့ထားပါတယ် ။ ”

” သူ့ဆီက ဒီလို ဆာလောင်မှုမျိုးကို မြင်ရတော့ ကျွန်တော့် ဘက်ကလည်း သူ့လို ကစားသမားကို အပြည့်အဝ ထောက်ပံ့ ပေးရမှာပေါ့ဗျာ ။ သူက ဒီ အသင်းအတွက် အများကြီး စွမ်းဆောင် ပေးနိုင်ခဲ့သူပါ ။ ”

အူဘာမီယန်း က သူ လက်တစ်လော ရုန်းကန်နေရမှုကို ဘယ်လို တုန့်ပြန်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို အာတီတာ က ” နားထောင် ၊ ဒီကနေ့ကော ဒီတစ်ပတ်မှာကော ပြီးခဲ့တဲ့ ရှုံးပွဲအပြီး ကစားသမားတွေရဲ့ တုန့်ပြန်မှု ကို မြင်ရတာ ကျွန်တော် ဂုဏ်ယူလို့ မဆုံးပါဘူး ။ ”

” အခု အချိန်မှာ အားလုံး အတွက် ဘယ်လောက် အထိ ခက်ခဲ နေသလဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါဘီ ရှုံးပွဲ အပြီးမှာ အားလုံးက စိတ်ဓတ် ကျသွားတတ်ပါတယ် ၊ ဒါပေမယ့် ကျွန်တော် မြင်ရတာက လုံးဝ ကွဲပြား ခြားနားတဲ့ အသင်းပါ ။ အသင်း က တိုက်ပွဲဝင်စိတ် ရှိနေပြီး စည်းလုံး ညီညွတ်မှုလည်း ရှိပါတယ် ၊ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာအပေါ်လည်း ယုံကြည်မှု ရှိကြပါတယ် ၊ သူတို့ကိုယ်သူတို့ အပြင်းအထန် တွန်းအားပေး ကြိုးစား နေကြတာပါ ။ ”

” အူဘာ က အသင်းရဲ့ အဓိက ကစားသမား တစ်ဦးပါ ၊ သူက အသင်း ရဲ့ ဝန်းကျင်ကို ခွန်အား အပြည့်နဲ့ လျှောက်လှမ်းနေတာကို မြင်ရပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ဒီလို နည်းတွေနဲ့ပဲ ရလဒ်ကောင်းတွေ ရဖို့ ကြိုးစား လုပ်ဆောင်ရမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular