အို၀င် ဆွာရက်ဇ် တောရက်စ် ဖောင်လာ တို့ထက် အဆုံးသတ် ပိုကောင်းတဲ့ လီဗာပူးစတားကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါဟာ ဒီယိုဂိုဂျိုတာကို ချီူးကျူးမှု လုပ်သွားခဲ့ပြီး ပေါ်တူဂီ တိုက်စစ်မှုးဟာ ပြီးခဲ့့တဲ့ ၁၀ စုနှစ် အနည်းငယ် အတွင်းမှာ လီဗာပူးတို့ ပိုင်ဆိုင်တဲ့ အကောင်းဆုံး အဆုံးသတ် သမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဂျိုတာဟာ မနေ့ညက ဘုန်းမောက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းကာ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး လီဗာပူးကို အမှတ်ပေးဇယားမှာ ငါးမှတ်အသာနဲ့ ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးဟာ ခက်ခဲမှုတွေ ကြုံခဲ့ရပေမယ့်လည်း ကလော့ဟာ ဗျူဟာပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ဂျိုတာကို အထောင် တိုက်စစ်ကနေ ညာတောင်ပံ တိုက်စစ်ကို ပို့ကစားခဲ့ပါတယ်။ ကာရေဂါက ကလော့ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးသွားခဲ့ပြီး နောက်ပွဲစဉ်တွေမှာလည်း ဒီပုံစံ အတိုင်း အသုံးပြုရန် တိုက်တွန်းသွားခဲ့ပါတယ်။

myan789

ကာရေဂါက “ယာဂန်ကလော့ဟာ ဂျိုတာ ဘယ်လောက် ပါးနပ်သလဲဆိုတာ ပြောထားခဲ့ပြီးသားပါ။ သူဟာ တိုက်စစ်မှာ နေရာစုံ ကစားပေးနိုင်ပါတယ်။ လီဗာပူးဟာ နိုင်ပွဲတွေ ရနေပေမယ့်လည်း အထောင် တိုက်စစ်မှာ ဘယ်သူ့ကို ကစားခိုင်းရမလဲ ဆိုတာ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ဆာလား မရှိချိန် ညာတောင်ပံ တိုက်စစ်မှာပေါ့။

ကလော့ အနေနဲ့ ညာခြမ်း တိုက်စစ်မှာ ဒီယက် ဂျိုတာ အယ်လီယော့ တို့ကို အသုံးပြုနိုင်ပါတယ်။ အခုဆိုရင်တော့ ဒီနေရာမှာ ဂျိုတာကို သုံးရတော့မယ့် ပုံစံပါပဲ။ ကျနော်ဟာ ကြီးကြယ်တဲ့ လီဗာပူး တိုက်စစ်မှုးတွေနဲ့ တွဲဖက် ကစားခဲ့ဖူးပါတယ်။ မိုက်ကယ်အို၀င် ဆွာရက် တောရက်စ် ဖောင် တို့နဲ့ပေါ့။ ကျနော်ကတော့ ဂျိုတာဟာ အကောင်းဆုံး အဆုံးသတ်သမားလို့ ထင်ပါတယ်။

ဖောင်လာကတော့ အဆုံးသတ်သမား သက်သက် ဖြစ်ပြီး ဂိုးထောင့်တွေထဲကို ပြင်းပြင်း ကန်သွင်းလေ့ရှိသူပါ။ ဒါပေမယ့် ဂျိုတာ ကတော့ တကယ့် အဆုံးသတ် သမား ပါပဲ။ သူဟာ အခွင့်အရေး ရတိုင်း တအားကို အဆုံးသတ် သေချာသူပါ။ ဒီရာသီမှာ သူဟာ ၈၄ မိနစ် ကစားတိုင်း ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှု လုပ်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ သူ့ထက် စွမ်းဆောင်ရည် မြင့်မားတဲ့သူ ၂ ဦး ၃ ဦးလောက်ပဲ ရှိမှာပါ။

သူဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း လီဗာပူးရဲ့ လူခေါ်ယူမှု ဘယ်လောက်ကောင်းသလဲဆိုတာ သက်သေတစ်ခုပါပဲ။ သူဟာ ဝုဖ်မှာ ကစားရလိုက် မကစားရလိုက် ဖြစ်နေတဲ့သူ ဖြစ်ပြီး သူ့ကို ခေါ်ယူခဲ့တဲ့ အချိန်တုန်းက လူတော်တော်များများ သိပ်သဘောမကျကြပါဘူး။ ဒါပေမယ့် လီဗာပူးဟာ သူ့ကို သေချာ analyse လုပ်ပြီးမှ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကျနော်ကတော့ ဒါဟာ တကယ့် အချိုအချောင် ရခဲ့တဲ့ အပြောင်းအရွေ့လို့ ထင်ပါတယ်။

သူဟာ လီဗာပူးရဲ့ အဓိက ကစားသမားတော့ မဟုတ်ပါဘူး။ အကယ်လို့များ အားလုံး ကြံု့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် သူ နေရာ ရမရ ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာတော့ သူဟာ တောရက်စ် ဆွာရက်ဇ် ဆာလား တို့ထက် မကောင်းရင်တောင် တန်းတူတော့ ရှိပါတယ်။ ဒီအပိုင်းမှာ သူဟာ တကယ့်ကို ထူးချွန်လှပါတယ်။”

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular