အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမိုးရွာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၉-၀ ဆောက်သမ်တန်

ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းကို (၉-၀)ဂိုးနဲ့ အပြတ်အသတ်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ရမှတ်တူနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။

myan789

မန်ယူအသင်းရဲ့ တိုက်စစ်ကို ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်၊ တွမ်မီနေးတို့နဲ့ လူစုံခဲ့ပါတယ်။ ဆောက်သမ်ကတော့ တိုက်စစ်မှာ ဒန်နီအင့်စ်နဲ့ ချီအဒမ်တို့ကို ပွဲထုတ်ခဲ့သလို၊ အဓိကကစားသမားတွေ အစုံအလင်နဲ့ မန်ယူအသင်းကို ရင်ဆိုင်ခဲ့တာပါ။

ပွဲစပြီး တစ်မိနစ်ကျော်လောက်မှာပဲ မန်ယူကွင်းလယ်လူ တွမ်မီနေးကို ကစားပုံကြမ်းတမ်းလို့ ဆောက်သမ်တန်ကွင်းလယ်လူ ဂျန်ကီဝစ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ပွဲစကတည်းက တစ်ယောက်အသာရသွားတဲ့ မန်ယူအသင်းက ဆောက်သမ်တန်ကို စိတ်ကြိုက်ဖိကစားပြီး ဂိုးသွင်းခွင့်များစွာ ရရှိခဲ့သလို၊ ဂိုးတွေလည်း ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၈)မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ဝမ်ဘစ်ဆာကာက ပြေးဝင်ပိတ်သွင်းခဲ့တာပါ။

ဂိုးပေါက်သွင်းသွားတဲ့ မန်ယူအသင်းဟာ တောက်လျှောက် တိုက်စစ်ဆင်ခဲ့ပြီး ပွဲချိန် (၂၅)မိနစ်မှာ ရပ်ရှ်ဖို့ဒ်၊ (၃၄)မိနစ်မှာ ဘတ်နာရက်ခ်ရဲ့ OG ဂိုးနဲ့ ပွဲချိန် (၃၉)မိနစ်မှာ ကာဗာနီရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်းမှာတင် (၄)ဂိုးပြတ်အနိုင်ရနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားဟာ ကာဗာနီနဲ့ လုခ်ရှောတို့ကို ထုတ်ပြီး မာစီယဲလ်နဲ့ ဗန်ဒယ်ဘိခ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒုတိယပိုင်း (၅၄)မိနစ်မှာ ချီအဒမ် တစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ VAR နဲ့ ပယ်ချခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မန်ယူအသင်းက တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ ပြန်လည်ရရှိခဲ့ပြီး ပွဲချိန် (၆၉)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ မာစီယဲလ်က (၅)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပြီး နောက် (၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၇၁)မိနစ်မှာ တွမ်မီနေးက အဝေးကန်ချက်နဲ့ မန်ယူအတွက် (၆)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ မန်ယူအသင်းဟာ ဂိုးရသလောက်သွင်းနိုင်ဖို့ တိုက်စစ်ကို ဆက်တိုက်ဖွင့်ခဲ့ပြီး ပွဲချိန် (၈၇)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်(ပယ်နယ်တီ)၊ မိနစ် (၉၀)မှာ မာစီယဲလ်နဲ့ နာကျင်အချိန်ပို (၉၀+၃)မိနစ်မှာ ဒန်နီယဲလ်ဂျိမ်းစ်တို့က မန်ယူအသင်းအတွက် ဂိုးတွေ ဆက်သွင်းခဲ့တာကြောင့် မန်ယူဟာ ပွဲအပြီးမှာ (၉-၀)ဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တာပါ။

ဒီပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအပြတ်ဆုံးပွဲဖြစ်ခဲ့ပြီး မန်ယူအသင်းရဲ့သွင်းဂိုး (၄၆)ဂိုးအထိ ရှိလာခဲ့ကာ ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဂိုးသွင်းအများဆုံးအသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ မန်ယူအသင်းဟာ အမှတ်ပေးဇယား အဆင့်(၁)နေရာက (၂)ပွဲလျှော့ကစားထားတဲ့ မန်စီးတီးအသင်း (၄၄ မှတ်)ကို ရမှတ်တူနဲ့ ဖိအားပေးနိုင်ခဲ့တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular