အိုးထရက်ဖိုဒ့် ရှုံးပွဲမှာ အပျော်တမ်းဆင့် ခြေစွမ်းတွေကို ဘယ်သူတွေ ထုတ်ပြခဲ့ကြသလဲ ( Rating )

မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီရာသီ အဝေးကွင်း နိုင်ပွဲ လုံး၀ မရှိ သေးတဲ့ အဆင့် ၂၀ က ရှက်ဖီး ယူနိုက်တက် ကို အိမ်ကွင်း မှာ ခေါ်ပြီး ၃ မှတ် နဲ့ ဧည့်ခံ ခဲ့ ပါတယ် ။ ဒါကြောင့် အင်္ဂါနေ့ ညက အဆင့် ၁ ကို ရယူ ခဲ့တဲ့ မန်စီးတီး တို့ နေရာ ဆက်မြဲ ခဲ့ပြီး အိုလေ ဂန်နာ ဆိုးရှား ရဲ့ အသင်း ကတော့ အဆင့် ၂ နေရာကို ပြောင်းယူ သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ရှက်ဖီး ဘက်ကို ဟယ်ရီ မက်ဂွဲယား ရဲ့ ခေါင်းတိုက် ဂိုးက လွဲရင် လောက်လောက် လားလား ခြိမ်းခြောက်မှု မလုပ် နိုင်ခဲ့ ပါဘူး ။ ရှက်ဖီး ယူနိုက်တက် ကတော့ ခံစစ် ကို အမှားအယွင်း မရှိအောင် ကစားပြီး ရလာတဲ့ အခွင့် အရေးတွေ ကနေ ဂိုးတွေ သွင်းနိုင် ခဲ့ ပါတယ် ။ သူတို့ အတွက် ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ တာပါ ။

myan789

ဒီပွဲမှာ တော့ ယူနိုက်တက် ကစား သမား အများစု Rating ကျခဲ့ ပါတယ် ။ အချို့ဆိုရင် Sunday League လို့ ခေါ်ကြတဲ့ အပျော်တမ်း အဆင့်က ကစား သမား ခြေစွမ်းတွေ လောက်ပဲ ရှိခဲ့ တာပါ ။ ဘယ်သူတွေ ဘယ်လောက် ညံ့ခဲ့ ကြတယ် ဆိုတာ ကြည့်လိုက် ကြရအောင် . . .

ဒီဂီယာ ( ၄ )
ဘီလ်ရှပ် ရဲ့ ကန်ချက် ကို ခြေထောက် နဲ့ ကာကွယ် နိုင်တာက လွဲရင် ဘာမှ ချီးကျုး စရာ မရှိ ပါဘူး ။ ပေးလိုက် ရတဲ့ ၂ ဂိုးစလုံးက ဒီဂီယာ ရဲ့ အပြစ်တွေနဲ့ မကင်း ခဲ့တာပါ ။ ဒီညအတွက်တော့ အညံ့ဆုံးတွေ ထဲက တစ်ယောက် ပါပဲ ။

ဝမ် ဘစ်ဆာကာ ( ၆ )
ဘောလုံး များများ ထိ ရလို့ Rating ဒီလောက် ရခဲ့တာပါ ။ ဘာမှ ထူးထူး ခြားခြား လုပ်မပြ နိုင်ခဲ့ ပါဘူး ။ တိုက်စစ် ရော ခံစစ်ပါ ကောင်းတဲ့ နောက်ခံလူ တစ်ယောက် ဖြစ်လာဖို့ ကိုင်လ်ဝေါ်ကာ ၊ အာနိုး တို့ ဆီက သင်ယူလိုက်ပါဦး လို့ပဲ ပြောချင်ပါတယ် ။

တွမ်ဇီဘီ ( ၄ )
ဆိုးရှား က မျက်နှာသာ ပေးပေမယ့် ကံကြမ္မာက တွမ်ဇီဘီ ကို မျက်နှာသာ မပေးခဲ့ ပါဘူး ။ ပထမ ပေးဂိုးမှာ သူ့ရဲ့ ခေါင်းခုန် တိုက်မှု ချော် ခဲ့သလို ဒုတိယဂိုး ကလည်း သူနဲ့ ထိပြီး လမ်းကြောင်း ပြောင်းဝင် သွားခဲ့တာပါ ။ ဒီ ဒုတိယဂိုးမှာ သူ့ရဲ့ ပျော့ပျောင်းလှတဲ့ ရှင်းထုတ်မှု ကလည်း ရှက်ဖီးရဲ့ သွင်းဂိုးကို တစ်ဖက် တစ်လမ်း ကနေ အထောက် အကူပြု ခဲ့ ပါတယ် ။

ဟယ်ရီ မက်ဂွဲယား ( ၆ )
ယူနိုက်တက် ကစား သမားတွေ ထဲ မှာ ရှားရှားပါးပါး ပုံစံ ကောင်း ရခဲ့တဲ့ တစ်ဦးတည်းသော သူပါပဲ ။ လူကပ် ထားတဲ့ ဂျာဂျယ်ကာ ကို လှည့်စားပြီး ချေပဂိုး ကို ခေါင်းတိုက် သွင်းပေး ခဲ့သလို ပထမပိုင်းမှာ ကတည်းက သူ့ရဲ့ အားထုတ်မှု ကနေ ဂိုးရ သင့်ခဲ့တာပါ ။ ယူနိုက်တက် ရဲ့ ဒုတိယမြောက် ပေးဂိုးမှာတော့ သူလည်း တာဝန် မကင်းခဲ့ ပါဘူး ။

အဲလက်စ် တဲလက်စ် ( ၅ )
လုခ်ရှော ဟာ ဘာကြောင့် ဘယ်နောက်ခံလူ နေရာမှာ ပိုပြီး ကစားခွင့် ရနေတာလဲ ဆိုတာ ဒီပွဲက အဖြေပေး သွားခဲ့ ပါတယ် ။ တဲလက်စ် ကြိုးစား ပါတယ် ၊ ဒါပေမယ့် ရှေ့က လူတွေ နဲ့ အချိတ်အဆက် မမိသလို ဖြတ်တင်ဘောတွေ ကလည်း မထိရောက်ခဲ့ ပါဘူး ။ ဆက်ပြီး ကြိုးစားရဦး မှာပါ ။

မာတစ် ( ၅ )
ဒီနေ့ည မှာ မာတစ် ရဲ့ ခြေက သာမာန် ပါပဲ ။ ရှက်ဖီး ရဲ့ တန်ပြန် တိုက်စစ်တွေ ကို တားဆီး နိုင်ခဲ့ ပေမယ့် တိုက်စစ် ကစားချိန် မှာတော့ အရွေ့တွေက နှေးကွေး နေခဲ့ ပါတယ် ။ ဒုတိယပေးဂိုး ကို ပူးပေါင်း ကြံစည် ခဲ့တာ ကလည်း ဆားဘီးယား သားကြီး ကို အမှတ်လျော့ စေခဲ့ တာပါ ။

ပေါလ် ပေါ့ဘာ ( ၅ )
ဘောလုံးတွေ အများကြီး ထိပါတယ် ။ ဒါပေမယ့် အကျိုးသက်ရောက်မှု ကတော့ တိုက်ရိုက် အချိုးမကျ ခဲ့ ပါဘူး ။ ပိတ်ဆို့ ထားတဲ့ ရှက်ဖီး ခံစစ် ကို ထိုးဖောက်နိုင်တဲ့ ပေးပိ့ုမှု ၊ ကန်ချက် ဘာတစ်ခု မှ မလုပ်ပြ နိုင်ခဲ့ ပါဘူး ။

ဘရူနို ဖာနန်ဒက်စ် ( ၅ )
ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဆုတွေကို ဆက်တိုက်ရပြီး စံချိန်တင် ခဲ့ အပြီးမှာတော့ ဖာနန်ဒက်စ် တစ်ယောက် ခြေကျ လာခဲ့တာ တစ်ပွဲ နှစ်ပွဲ မကတော့ ပါဘူး ။ ဒီည မှာလည်း မာရှယ် ကို ခုန်ပျံ ဖန်တီး ပေးခဲ့ တာက လွဲရင် ဟုတ်တိ ပတ်တိ ကစားပုံကို မတွေ့ ခဲ့ရ ပါဘူး ။

ဂရင်းဝုဒ် ( ၆ )
သူလည်း ဘောလုံးတွေ အများကြီး ထိခဲ့ ပါတယ် ။ ဘစ်ဆာကာ နဲ့ ပေါ့ဘာ ထက်တော့ ရှက်ဖီး ခံစစ် ကို အလုပ်များ စေခဲ့တာ အမှန်ပါ ။ ဒါပေမယ့် ထိရောက်မှု အပိုင်းမှာတော့ အများကြီး အားနည်း ခဲ့ ပါတယ် ။ မနှစ် က ဂရင်းဝုဒ် နဲ့ တော်တော်လေးကို ခြားနား သွားခဲ့ ပါပြီ ။

ရက်ဖိုဒ့် ( ၅ )
ဘယ်တောင်ပံ မှာ အထင်ကြီး စရာ ဘာတစ်ခုမှ မလုပ်ပြခဲ့ ပါဘူး ။ ညာတောင်ပံ ကို ပြောင်း ကစား တော့လည်း အတူတ ပါပဲ ။

မာရှယ် ( ၃ )
မီးလည်း မလောင် ၊ မီးလောင်တာကိုလည်း အားမပေးတဲ့ ဓါတ်ငွေ့ လို လူစားမျိုးက အန်တိုနီ မာရှယ်ပါ ။ သ့ူကို ကွင်းထဲ ထည့်ထားရတာက ကိုယ့်ဘက်မှာ တစ်ယောက်လျော့ပြီး ပြိုင်ဘက် ကို တစ်ယောက် ပေါင်းပေး လိုက်သလို ပါပဲ ။ တစ်ပွဲတစ်လေ ထကောင်းတတ် တာကလွဲရင် အသင်းကြီး တစ်သင်းရဲ့ တိုက်စစ်မှူး တစ်ယောက် လို့ ခံယူဖို့ အများကြီး လိုအပ် နေပါသေးတယ် ။

လူစားဝင် ကစားသမားများ – ကာဗာနီ ( ၅ ) ၊ ရှော ( ၅ ) ၊ ဗန်ဒီဘိ ( ၅ )

နည်းပြ ဆိုးရှား ( ၃ )
ပွဲအစ လူထုတ်ပုံ က အလုပ်မဖြစ် ခဲ့ရင် အချိန်မီ ပြောင်းလဲ ရမှာက နည်းပြ ရဲ့ တာဝန်ပါ ။ အသင်းက ရှုံးနေ ၊ ပုံစံကောင်း မပြနေလည်း ဆိုးရှား တို့က အထိုင် မပျက်ပါဘူး ။ ထိုင်ခုံ ချစ်တဲ့ လူမျိုး ဟာ နေရာတိုင်းမှာ ရှိပါတယ် ။ ဆိုးရှား လည်း တစ်ယောက် အပါအဝင် ပါ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular