အိုလေဂန်နာ ဆိုးရှား ရဲ့ အနာဂါတ်ကို အဖြေထုတ်ပေးလိုက်တဲ့ ဂလေဇာ မိသားစု

အိုလေ ဂန်နာ ဆိုးရှား ဟာ ၂၀၁၈ – ၁၉ ရာသီ အလယ် မှာ ဟိုဆေး မော်ရင်ဟို ကို ထုတ်ပယ်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ဖြစ်လာခဲ့ ပါတယ် ။ သူ့ရဲ့ ပထမဆုံး ၃ လ အတွင်းက စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန် ခဲ့တာကြောင့် ဖေဖော်ဝါရီမှာ အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ တာပါ ။ အခုဆိုရင် ဆိုးရှား ယူနိုက်တက် နည်းပြ ဖြစ်လာ ခဲ့တာ ၂ နှစ် ခွဲ သွားခဲ့ ပါပြီ ။

ဒီ ၂ နှစ်ခွဲ အတွင်းမှာ ယူနိုက်တက် ကို တိုးတက် လာအောင် ဆိုးရှား စွမ်းဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဖလား အောင်မြင်မှုတော့ မရခဲ့ ပါဘူး ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညက ယူရိုပါလိဂ် ဖိုင်နယ် မှာ အရေးနိမ့် ခဲ့ အပြီးမှာတော့ ဆိုးရှား ကို ပိုကောင်းတဲ့ နည်းပြ နဲ့ အစားထိုးဖို့ လိုလားသူတွေ ရှိလာခဲ့ ကြပါတယ် ။

myan789

မန်ချက်စတာ ယူနိုက်တက် ဟာ ဆိုးရှား လက်ထက် မှာ ကစားပုံ ၊ အမှတ်ပေး ဇယား ရပ်တည်မှု ၊ ခံစစ် စွမ်းဆောင်ရည်တွေ တိုးတက် လာခဲ့သလို ရှုံးထွက် ပြိုင်ပွဲတွေ မှာလည်း ဆီမီး ဖိုင်နယ် မှသည် ဗိုလ်လုပွဲ အဆင့် အထိ တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် နည်းပြ ရဲ့ အေးတိ အေးစက် နိုင်ပုံတွေ ၊ နားလည်ရ ခက်တဲ့ နည်းဗျူဟာ နဲ့ လူစားလဲမှုတွေ ဟာ ပရိသတ်တွေ ကို အားမလို အားမရ ဖြစ်စေခဲ့ ပါတယ် ။

ဒီလို အချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင် မှာပဲ ဥရောပ ကလပ် အသင်းကြီးတွေ မှာ နည်းပြတွေ လမ်းခွဲမှုတွေ ရှိလာခဲ့ ပါတယ် ။ အင်တာ နည်းပြ ကွန်တီ ၊ ရီးရဲ နည်းပြ ဇီဒန်း ၊ လိုင်လီ နည်းပြ ၊ ယူဗင်တပ် နည်းပြ ပီယာလို ၊ လာဇီယို နည်းပြ အင်ဇာဂီ စတဲ့ သူတွေ ဟာ လက်တလော မှာ အသင်းလက်မဲ့ ဖြစ်နေကြသလို ပိုချက်တီနို ဟာလည်း PSG ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

ဒီလိုမျိုး ကြုံကြိုက်တဲ့ အခိုက်အတန့်မှာ နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ လိုလားသူတွေ များပြား လာပေမယ့် ဂလေဇာ မိသားစု ဝင်တွေ ကတော့ ဆိုးရှား ဟာ ယူနိုက်တက် အတွက် အသင့်တော်ဆုံး နည်းပြ ဖြစ်တယ်လို့ လက်ရှိ အချိန် အထိ ယူဆ ထားကြဆဲ ဖြစ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ကို ဆယ်စုနှစ် ၁ ခုကျော်ကြာအောင် ပိုင်ဆိုင် ထားတဲ့ ဂလေဇာ မိသားစု ဟာ ယူရိုပါလိဂ် ဖိုင်နယ် အပြီးမှာ ဆိုးရှား နဲ့ တွေ့ဆုံပြီး ကတိ စကားတွေ ပေးသွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် အသင်းပိုင်ရှင်တွေဟာ ဆိုးရှား ကို ၃ နှစ် သက်တမ်း ရှိမယ့် စာချုပ်သစ် ကို ကမ်းလှမ်းတော့မှာ ဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့ အတွက်လည်း ငွေ ထပ် ထုတ်ပေး သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။ ကိုဗစ်ကြောင့် ကလပ်အသင်း အတော်များများ ငွေကို စိစစ် သုံးစွဲ နေပေမယ့် မန်ချက်စတာ ယူနိုက်တက် ကတော့ ဈေးကွက် ထဲမှာ ငွေသုံး နိုင်တဲ့ အသင်း အနည်းငယ်ထဲက တစ်သင်း အဖြစ် ဆက်လက် ရှိနေခဲ့ ပါတယ် ။

အသင်းမှာ နှစ်ပေါင်းများစွာ အားနည်းချက် ရှိနေခဲ့တဲ့ ညာခြမ်း အတွက် ကစားသမားကောင်း တစ်ယောက်ကို အဓိက ခေါ်ယူဖို့ ငွေထုတ်ပေးမှာ ဖြစ်သလို ကွင်းလယ် ၊ ခံစစ် နဲ့ တိုက်စစ်မှူး တစ်ဦး ကိုလည်း ခေါ်ယူဖို့ ပံ့ပိုး ပေးမယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။ ကွင်းလယ်ကိုတော့ ရေရှည်သုံး နိုင်ဖို့ လူငယ်တွေကို ဦးစားပေး ခေါ်ယူမယ်လို့ သိရပါတယ် ။

ကာဗာနီ ကို ၁ နှစ် သက်တမ်း တိုးလိုက်ပေမယ့် ဥရုဂွေးသားကြီးရဲ့ အသက် အရွယ်ဟာ ပွဲတိုင်းကို အချိန်ပြည့် ကစားနိုင်မှာ မဟုတ်တာကြောင့် ဒေါင်ဒေါင်မြည် တိုက်စစ်မှူး တစ်ယောက်ကို ဆိုးရှား ရှာဖွေ နေတယ်လို့ သိရ ပါတယ် ။ အသင်းကို ရောက်လာတာ ၆ နှစ် ကြာပေမယ့် အားထားရသူ ဖြစ်မလာခဲ့တဲ့ အန်တိုနီ မာရှယ် ကို နွေရာသီ ဈေးကွက်မှာ ထည့်သွင်း သွားဖို့ ရှိနေပြီး လစ်လပ်သွားမယ့် ကျောနံပါတ် ၉ အတွက် ပိုင်ရှင်သစ်ကို ခေါ်ယူသွားမယ်လို့ သိရ ပါတယ် ။

လက်ရှိ မှာတော့ ဥရောပ က ကောင်းပေ့ညွှန့်ပေ့ ဆိုတဲ့ ကစားသမား အားလုံးနီးပါး ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းထွက်လို့ နေပါတယ် ။ ဘယ်သူတွေ အမှန်တကယ် ရောက်လာမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရုံကလွဲပြီး ဘာမှ မရှိပါဘူး . . .

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular