အိုဒွိုင်း ကို ခေါ်ယူဖို့ အတွက် ကြိုးစားလာနေတဲ့ ဘိုင်ယန် မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာချဲဆီးတောင်ပံကစားသမားအိုဒွိုင်းရဲ့ခြေစွမ်းကိုအရမ်းသဘောကျတဲ့ ကလပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ 4 ခု အတွင်းမှာ သူတို့ဟာ အိုဒွိုင်း ကို ခေါ်ယူဖို့ အတွက် 3 ကြိမ် အထိ အလေးအနက်ထား ကြိုးစားခဲ့ဖူးပါတယ်။

လက်ရှိ မှာလဲ ချဲဆီး မှာ ပုံမှန် ပွဲထွက် ကစားခွင့် ပျောက်ဆုံးနေတဲ့ လူငယ် ကစားသမားလေးကို ခေါ်ယူဖို့ အတွက် နောက်တစ်ကြိမ် ချဉ်းကပ်လာပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကနဦး အငှား + အပြီးသတ် ခေါ်ယူမယ့် ပုံစံမျိုး နဲ့ ကြိုးစားနေတာပါ။

myan789

သို့သော် နှစ်ဖက် အကြား အပြန်အလှန် ပြောဆိုမှုတွေဟာ ကနဦး သဘောတူညီမှုတစ်စုံတစ်ရာ ရယူနိုင်ဖို့ အတွက် ဝေးကွာနေဆဲ ဆိုတာတော့ သေချာပါတယ်။ အသက် 19နှစ်အရွယ်တောင်ပံ ကစားသမားလေးဟာပြီးခဲ့တဲ့စက်တင်ဘာလကမှ5နှစ်စာချုပ်သစ်ကိုသက်တမ်းတိုးချုပ်ဆိုထားတာ ဖြစ်သလို ၊ ချဲဆီး ကလဲ လစာပမာဏကောင်းကောင်းပေးထားတယ်လို့ယုံကြည်ရပါတယ်။

သို့သော် ချဲဆီး နည်းပြ လမ်းပတ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ အေဂျက်ကဇီယက် လိုက်ပ်ဇ်စ က တီမို ဗာနာ ၊ လေဗာကူဆင် ကကိုင်ဟားဗတ်တို့ကိုခေါ်ယူပြီးနောက်ပိုင်းမှာတော့ ၊ သူ့အတွက် ပွဲထွက် ကစားသမားခွင့် မျှော်လင့်ချက် ကေ၀ဝါးလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပွဲစဉ်တွေ ပြန်လည် စတင်ချိန် က စလို့ ၊ အခုထိ ပရီးမီးယားလိဂ် တစ်ပွဲမှာ ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်ထားခြင်း မရှိသေးပါဘူး။

သို့သော် ကြားရက်မှာ ကစားခဲ့တဲ့ စပါးနဲ့ ကာရာဘောင် ဖလားပွဲစဉ်မှာ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်နိုင်ခဲ့တာကြောင့် ၊ ဒီနေ့မှာ ကစားမယ့်ပဲလေ့နဲ့ပွဲစဉ်ကိုတော့ပြန်လည် ပါဝင်လာဖွယ် ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။

တစ်ချိန်တည်းမှာပဲ ချဲဆီး နည်းပြ ကိုယ်တိုင်က အိုဒွိုင် ၊ တိုမိုရီ နဲ့ ရူဘင် လော့ဖ်တပ်ချိခ် တို့ဟာ အသင်းနဲ့ လမ်းခွဲ သွားနိုင်ချေ ရှိနေတယ် ဆိုတဲ့သတင်းတွေကိုငြင်းဆန်ထားခြင်းလုံး၀မရှိပါဘူး။

“ အသင်းမှာ ရှိတဲ့ ကစားသမား တိုင်းရဲ့ အနာဂတ်ကိုပြောရရင်၊ကစားသမားအတွက်ဘယ်အရာ က အသင့်တော်ဆုံးဖြစ်မလဲ၊ကလပ်အသင်းအတွက်ရောဘယ်လိုလုပ်ဆောင်ရင်အသင့်တော်ဆုံး ဖြစ်လာနိုင်လဲ ဆိုတ့ အချက်ပေါ်ကို အဓိက မူတည်ပြီး စဉ်းစားရမှာပါ။

အထက်မှာဖော်ပြခဲ့တဲ့ကစားသမား3ယောက်နဲ့ပတ်သက်ပြီးကျနော်ကတော့အဲဒီလိုစဉ်းစားကြည့်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဘယ်လို အဖြေမျိုးမှ ထွက်မလာသေးပါဘူး။

သူတို့ အားလုံး နဲ့ ကျနော့် အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိသလို ၊ပွင့်ပွင့်လင်းလင်း နဲ့ ပြောဆိုထားကြပြီးသားပါ။ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ပြီ ဆိုတာနဲ့အားလုံးဟာအသင်းရဲ့ အရေးပါတဲ့ကစားသမားတွေပါပဲ။ဘာလို့လဲဆိုတော့ခရီးရှည်တစ်ခုဖြစ်သန်းရတဲ့အနေအထားမှာ ၊ကစားသမားတိုင်းဟာအသင်းအတွက်လိုအပ်နေမှာပဲလေ။တနင်္လာနေ့အပြောင်းအရွှေ့ပိတသွားတဲ့ အချိန်ရောက်ရင်တော့ အားလုံးကတည်တည်ငြိမ်ငြိမ် ဖြစ်သွားမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းမှာ နေရာ မရတော့တဲ့ ဂျာမန် ခံစစ်မှုး ရူဒီဂါ ကို ခေါ်ယူဖို့ အတွက် အေစီမီလန် နဲ့ ဝက်စ်ဟမ်း တို့ကအပြိုင်ကြိုးစားနေကြပါတယ်။အင်တာမီလန်ကလဲရှရွန်နီးယား ကိုသာ စပါးဆီ လက်လွှတ်လိုက်ရမယ် ဆိုပါက ၊ အဲဒီနေရာကို ချက်ခြင်းအစားထိုးနိုင်ဖို့အတွက် ရူဒီဂါ ကို ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

ကာယကံ ရှင်ကိုယ်တိုင်ကတော့ပရီးမီးယားလိဂ်မှာဆက်နေဖို့ဆန္ဒရှိနေပြီး၊ဖြစ်နိုင်ရင်လန်ဒန်မှာ ကလပ် တစ်ခုခုမှာပဲ ပြောင်းရွှေ့ ကစားချင်နေတယ်လို့ သိရပါတယ်။

ဘယ်နောက်ခံလူတွေ ဖြစ်တဲ့ မားကို့စ် အလွန်ဆို နဲ့ အီမာဆင်တို့ရဲ့အနေအထားတွေကိုကတော့ အခုရှင်းရှင်းလင်းလင်းပေါ်ပေါက်လာခြင်းမရှိသေးပါဘူး။အင်တာမီလန်ဟာသူတို့ထဲကတစ်ဦးဦး ကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့်၊အသင်းမှာရှိတဲ့ဒါလ်ဘတ်ကိုရင်းနက်အသင်းထံရောင်းချနိုင်မှသာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်မှာပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular