အိုဇေးဟာ အာဆင်နယ် အတွက် အဖြေ မဟုတ်သေးဘူးလို့ ပြောဆိုလိုက်တဲ့ ကာရေဂါ

မနေ့ညက Sky Sports ကနေ တင်ဆက်ခဲ့တဲ့ MNF အစီအစဉ်မှာတော့ ကာရေဂါ နဲ့ အတူ အာဆင်နယ် နည်းပြဟောင်း ယွန်းဘတ် လဲ ပါဝင် အားဖြည့်သွားခဲ့ ပါတယ်။

သူတို့ ဆွေးနွေးကြတဲ့ အထဲမှာ လက်ရှိ အာဆင်နယ် အသင်းရဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့ပြီး ၊ ယိုင်နဲ့နေတဲ့ အနေအထားတွေ နဲ့ ပတ်သက်လို့ အိုဇေး က အဖြေမဟုတ်သေးဘူးလို့ ကာရေဂါ က သုံးသပ်ခဲ့ပါတယ်။

myan789

အာဆင်နယ် ဟာ ဒီရာသီ 11 ပွဲ ကစားအပြီးမှာတော့ 4 ပွဲ ပဲ အနိုင်ရရှိကာ ၊ အမှတ်ပေးဇယား ရဲ့ အဆင့် 15 နေရာ အထိတောင် ကျဆင်းလျှက် ရှိနေပါတယ်။ အဆိုးဆုံးက ဒီတစ်ပတ်မှာ ကစားသွားတဲ့ မြောက် လန်ဒန် ဒါဘီပွဲစဉ် ဖြစ်ပြီး ၊ တစ်ချိန်လုံး ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူထားနိုင်ခဲ့ရဲ့သားနဲ့ ဂိုးရဖို့ နီးနီးစပ်စပ် မရှိခဲ့တဲ့ အချက်က တော်တော်လေးကို ဆိုးဝါးလွန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဝေဖန် သုံးသပ်သူ တစ်ချို့ က ကွင်းလယ် ကစားသမား အိုဇေးလ် ကို ပရီးမီးယားလိဂ် ကစားသမား စာရင်း ၊ ယူရိုပါလိဂ် ကစားသမား စာရင်းတွေ ကနေ ချန်လှပ် ထားခဲ့တဲ့ အချက်ကို မီးမောင်းထိုးကာ ၊ တကယ် လိုအပ်တဲ့ အချိန်မျိုးတွေမှာ အသုံးပြုသင့်တယ်လို့ ဝေဖန်နေကြပါတယ်။

ကာရေဂါ ကတော့ အဲဒီ ပြောဆိုမှုတွေ နဲ့ ပတ်သက်ပြီး – “ ကျနော် ကတော့ အိုးဇေးလ် ကို ပြန်ခေါ်လိုက်တာဟာ ပြသနာတွေ ရဲ့ အဖြေလို့ မထင်ပါဘူး။

အာဆင်နယ် ကို တာဝန်ယူခဲ့တဲ့ နောက်ဆုံး မန်နေဂျာ သုံးယောက် စလုံးက သူ့အပေါ်ကို အပြည့်အ၀ ထောက်ခံခြင်း မရှိကြဘူးလေ။ ယွန်းဘတ်…….ခင်ဗျား က အခြား မန်နေဂျာတွေထက် ပိုပြီး ၊ အိုဇေးကို နေရာ ပေးခဲ့တယ် ဆိုတာ ကျနော် သိပါတယ်။ ဒါတောင် အိုဇေး က လက်အိတ်တွေ ချွတ်ပစ်ပြီး ကွင်းဘေးထွက်ခွာခဲ့တာမျိုးကို ကြုံခဲ့ရသေးတယ် မို့လား။

အာတီတာ ကတော့ လောလောဆယ် သုံးတောင် မသုံးတော့ပါဘူး ။ အူနိုင်း အမ်မရီလဲ အတူတူပါပဲ။ ဆိုတော့ သူတို့ နှစ်ယောက် စလုံးကပဲ မှားနေတာလား ဆိုတဲ့ မေးခွန်းက စဉ်းစားချင်စရာပါ။

အိုဇေးမှာ ထိပ်တန်းအဆင့် အရည်အသွေးတွေ ပိုင်ဆိုင်ထားတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သူ့ရဲ့ အနေအထား နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ကျနော်တို့လဲ အများကြီး ကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သေချာတာ တစ်ခုက သူ့ကို ပြန်ပြီး ကစားခွင့် ပေးလိုက်တာ နဲ့ ပြသနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။

နည်းပြတွေ ကလဲ ဘာလို့ မရွေးချယ်ကြလဲ ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း တစ်ခုခုက တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပြီးတော့ အာဆင်နယ် ကလပ်မှာ ဖြစ်ပျက်နေတာတွေ ကလဲ ပရမ်းပတာ နိုင်လွန်းတယ်ဗျာ။ ကျနော့် အမြင်မှာတော့ ဒေးဗစ် လူးဝစ် ၊ စီးဒရစ် ၊ ဝီလီယံ တို့လို ကစားသမားတွေ ကို ခေါ်ယူလိုက်တာတော့ တော်တော် ဟာသဆန်လွန်းတယ် ထင်ပါတယ်။ ဒါတွေဟာ အေးဂျင့် ဂျော်ရက်ချိယန် တစ်ယောက်ထဲ လက်ရာတွေမို့လား။

အာတီတာ လက်ထဲမှာ ဂါဘရီရယ် နဲ့ ပါတေးကို ခေါ်ယူခဲ့တယ်။ လက်ရှိ အာဆင်နယ် အသင်းမှာ သူတို့ နှစ်ယောက် က အကောင်းဆုံးလို့တောင် သတ်မှတ်လို့ ရမယ် ထင်ပါတယ်။

ပြီးတော့ 2018 ခုနှစ် နောက်ပိုင်း သူတို့ အသင်းမှာ CEO ရာထူး တစ်ခုတည်းတင် အပြောင်းအလဲ က 3 ကြိမ် ဖြစ်ခဲ့သလို ၊ မန်နေဂျာ က 4 ယောက် ရှိနေပါပြီ။ ဒါတွေက အသင်းရဲ့ မတည်ငြိမ်မှုတွေကို ဖော်ပြနေတာပါ” လို့ သုံးသပ်သွားခဲ့ ပါတယ်။

ယွန်းဘတ် ကတော့ အိုဇေး ကို ပြန်ခေါ်တာ အဖြေ မဟုတ်ပေမယ့် ၊ တစ်ချို့ ပွဲတွေ ဆိုရင် တကယ် ထိထိရောက်ရောက် ဖြစ်အောင် လုပ်ပြနိုင်မယ့် အကြောင်းကို အခုလို ဖြည့်စွက် ပြောဆိုသွားခဲ့ ပါတယ်။

“ အိုဇေး ဟာ အသင်းအတွက် အမြဲတမ်း ကစားပေးနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် မန်စီးတီး လို အသင်းမျိုး နဲ့ ကစားတဲ့ အချိန်ရောက်ရင် ကိုယ့်အသင်းဟာ အမြဲတမ်း ခံစစ်ကို အာရုံစိုက်ထားနေရမှာလေ။ ဘောလုံး ပြန်ရရင်တော့ အကျိုးရှိရှိ ပြန်ပြီး အသုံးချနိုင်ဖို့ လိုပါတယ်။ အိုဇေးဟာ အဲဒီလို အခိုက်အတန့်တွေမှာ အကျဉ်းအကျပ်တွေ ကြားကနေ ဖန်တီးမှုတွေ လုပ်ပြနိုင်တဲ့သူပါ။

ခံစစ် ကစားပုံကတော့ နည်းနည်း ထောက်ပြစရာ ရှိတာပေါ့။

ဒါကလဲ နည်းပြ က ဆုံးဖြတ်ချက် ချရမှာပဲလေ။ သူဟာ အသင်းရဲ့ ကစားသမား စာရင်းတွေမှာ ဘာလို့ မပါခဲ့တာလဲ ဆိုတာတော့ ကျနော်လဲ မသိပါဘူး။ သေချာတာ တစ်ခုက အခုန ပြောခဲ့တဲ့ အခိုက်အတန့်မျိုးတွေ မှာ ဆိုရင်တော့ ကမ္ဘာပေါ်မှာ အိုဇေးထက် ပိုကောင်းအောင် ဖန်တီးပြနိုင်တဲ့ ကစားသမားမျိုး လုံး၀ မရှိပါဘူး” လို့ ဖြည့်စွက် ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular