အိုဇေးလ် အပါအဝင် အာဆင်နယ် အသင်း အသုံးပြုသင့်တဲ့ ကွင်းလယ် နဲ့ တိုက်စစ် ကစားသမားတွေကို ပြောပြလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ပေါလ်မာဆင် က သောမက်စ် ပါတေး ပါတဲ့ ပွဲတွေမှာ အိုဇေးလ် ကို အသုံးပြုလို့ ရကြောင်း ပြောကြားရင်း သူ့စိတ်ကြိုက် ကွင်းလယ် နဲ့ တိုက်စစ် ကစားသမားတွေကို ရွေးချယ် ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း ခွဲ နှင့် လစာ အများဆုံး ရရှိ နေတဲ့ မီဆွတ် အိုဇေးလ် ဟာ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းကတည်းက အသင်း အတွက် ကစားခွင့် မရတော့တာ အခု အချိန်အထိပဲ ဖြစ်ပါတယ် ။

myan789

ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ဒီရာသီ အာဆင်နယ် အသင်း ရဲ့ ယူရိုပါလိဂ်အုပ်စု အဆင့်ပွဲစဉ်တွေအတွက် အပြီးသတ် လူစာရင်း မှာ ပါဝင် ခဲ့ခြင်း မရှိသလို ပရီးမီးယားလိဂ် လူစာရင်း ကနေလည်း ထပ်မံ ချန်လှပ် ခံခဲ့ရပြန် ပါတယ် ။

ပေါလ်မာဆင် က Sky Sports မှာ ” သောမက်စ် ပါတေး သာ ကြံ့ခိုင်မှု ပြန်ပြည့်လာရင် အိုဇေးလ် ကို ပြန်အသုံးပြုလို့ ရပါတယ် ။ ပါတေး က ကွင်းထဲမှာ နေရာစုံ လိုက်ကစားပြီး ကွင်းလယ်ကို စိုးမိုးထားနိုင်ရင် အိုဇေးလ် အတွက် ကစားဖို့ အခွင့်အလမ်း ပွင့်သွားတာပါပဲ ။ “

” အခု အချိန်မှာ အာဆင်နယ် အသင်း ကွင်းလယ်က တိုက်စစ် ကို ပံ့ပိုးပေးမယ့်သူ မရှိ ဖြစ်နေပါတယ် ။ တိုက်စစ်မှူးတွေ အနေနဲ့ တစ်နေကုန် ပြေးလွှား နေရာယူ ကစားနိုင်ပေမယ့် ကိုယ့်နောက်က ပံ့ပိုး ပေးမယ့် ကစားသမားက ကောင်းမှပဲ သူတို့ ပြေးလွှား နေရာယူရတာ ကောင်းမှာပါ ။ “

” အူဘာမီယန်း ကသာ ပြေးထွက် သွားပေမယ့် ကွင်းလယ်က လူတွေက သူ့ပြေးလမ်းကြောင်းကို မြင်မယ်လို့ ထင်လား ၊ ကျနော်ကတော့ မထင်ပါဘူး ။ အာဆင်နယ် မှာ ကွင်းလယ် ဖန်တီးရှင် လိုအပ် နေပါတယ်။ တစ်ဖက်ခံစစ်ကို ဖြိုဖျက် နိုင်ဖို့ အာဆင်နယ် မှာ ဂိုးသွင်းခွင့်တွေ ဖန်တီး နိုင်မယ့်သူ လိုပါတယ် ။ “

” ပါတေး သာ မကစားနိုင်ရင် အိုဇေးလ် လည်း ကစားလို့ မရပါဘူး ၊ ပါတေး မပါရင် အာဆင်နယ် ကွင်းလယ် က ပြိုင်ဘက်ကို လွှမ်းမိုးနိုင်မှာ မဟုတ်ပါဘူး ။ ၁၀ ယောက်ထဲ နဲ့ ကစားရသလို ဖြစ်နေပါလိမ့်မယ် ၊ ပါတေး သာ ကစားနိုင်ရင် အိုဇေးလ် ကို အူဘာမီယန်း နောက်မှာ ထားပြီး တောင်ပံ ကစားသမား နှစ်ဦး နဲ့ ပွဲထုတ် သင့်ပါတယ် ။ “

” နောက်တန်း လေးယောက်ကိုတော့ နောက်မှာပဲ နေခိုင်း သင့်ပါတယ် ၊ ပါတေး ရဲ့ အတွဲအဖက် အဖြစ် ရှာကာ ကို ထားကစားပြီး အိုဇေးလ် ကို ရှေ့မှာ ထားရမှာပါ ၊ အူဘာ ကတော့ အထောင်တိုက်စစ်ပေါ့ဗျာ ။ ဆာကာ ကို ဘယ်တောင်ပံ ပေပေ ကို ညာခြမ်းမှာ ထားကစားရမှာပါ ၊ အိုဇေးလ် ကို ဘောလုံး ပေးလိုက်ရင် တိုက်စစ်မှူးတွေ ပြေးတာနဲ့ သူက ရှာဖွေပြီး ဘောလုံး ပေးပို့မှာပါ ။ “

” အိုဇေးလ် ကို ချန်လှပ်တဲ့ အတွက် အာတီတာ ကို ဝေဖန် ရမှာလား ? ကျနော်ကတော့ ဒီဆုံးဖြတ်ချက်ချတာ အာတီတာ လား ကလပ်လား ဆိုတာ မသိပါဘူး ၊ အာတီတာ က ဘယ်သူက ကောင်းတယ် ၊ ဘယ်သူကဖြင့် မကောင်းဘူး ဆိုတာ သိနိုင်တဲ့လူလို့ ထင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular