အိုဇေးလ် နောက်မှာ အာဆင်နယ် အသင်းသား​တွေ အားလုံး ရှိနေကြောင်း နဲ့ သူ အာဆင်နယ် မှာ ဆက်နေဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ မိတ်လန်နိုင်းလ်စ်

အာဆင်နယ် အသင်း ရဲ့စွယ်စုံရ ကစားသမား မိတ်လန်နိုင်းလ်စ် က အသင်းရဲ့လူစာရင်းကနေ ချန်လှပ် ခံရတဲ့ အိုဇေးလ် ဘက်မှာ အသင်းသား​တွေ အားလုံး ရှိနေကြောင်း ပြောကြားရင်း ဂျာမန်သားအနေနဲ့ သူဖြစ်ချင်တဲ့ အရာကို ပြောပြပြီး ပွင့်ပွင့်လင်းလင်း ဖြေရှင်း သင့်တယ်လို့ ဆိုပါတယ် ။

အိုဇေးလ် ဟာ လက်ရှိ အာဆင်နယ် အသင်း ကစားသမားတွေထဲမှာ စီနီယာ အကျဆုံး ကစားသမား ဖြစ်ပြီး နည်းပြ အာတီတာ နဲ့လည်း တွဲဖက် ကစားခဲ့ဖူးသူ ဖြစ်ပါတယ် ။ သို့သော်လည်း အိုဇေးလ် ဟာ အာဆင်နယ် အတွက် ကစားခွင့် မရတော့တာ ပြီးခဲ့တဲ့ မတ်လကတည်းက ဖြစ်ပြီး အခုဆို ၇ လကျော် ရှိသွားခဲ့ပါပြီ ။

myan789

ရာသီကြို တံခါးပိတ် ခြေစမ်းပွဲမှာ အာတီတာ ဟာ အိုဇေးလ် ကို ကစားခွင့် ပေးခဲ့တာကြောင့် ဒီရာသီမှာတော့ ပြန်လည် အသုံးပြု လောက်တယ်လို့ ပရိသတ်တွေဘက်က မျှော်မှန်း ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဖြစ်မလာဖို့ များသွားခဲ့ပါပြီ ။

အာတီတာ ဟာ အိုဇေးလ် ကို ပရီးမီးယားလိဂ် လူစာရင်းကနေ ကော ယူရိုပါလိဂ် လူစာရင်း ကနေပါ ချန်လှပ် ခဲ့ပါတယ် ။ အိုဇေးလ် ကတော့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် ခံရပြီးနောက် အင်စတာဂရမ် မှာ ပရိသတ်တွေထံ အိတ်ဖွင့် ပေးစာ ရေးသား ခဲ့ပြီး အသင်းမှာ ပြန်လည် ပါဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပြု ထားပါတယ် ။

အာတီတာ ကတော့ မနေ့ညက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အိုဇေးလ် ကို ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် ခဲ့တာဟာ ဘောလုံး နဲ့ သက်ဆိုင်တဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပြီး လစာလျော့မယူတာနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ဖြေရှင်း လိုက်ပါတယ် ။

မိတ်လန်နိုင်းလ်စ် က အိုဇေးလ် ရဲ့ အိတ်ဖွင့် ပေးစာ နဲ့ ပတ်သက်ပြီး ” အသင်းသားတွေ အားလုံး က မီဆွတ် နောက်မှာ ရှိကြပါတယ် ၊ကျွန်တော်တို့တစ်တွေက တစ်သင်းတည်းသားတွေပါ ၊ မီဆွတ် အိုဇေးလ် ဘက်က သူ ဖြစ်ချင်တဲ့ အရာကဘာလဲ ဆိုတာ ပြောဖို့ ဆုံးဖြတ်ချက် မချရင် ဒီပြဿနာက ဆက်ရှိနေဦးမှာပဲ ။ ”

” အခု အချိန်မှာတော့ ကျွန်တော်တို့ လာမယ့် ပွဲအတွက်ပဲ အာရုံ စိုက်ထားပါတယ် ၊ အဲ့ဒီပွဲ အပြီး လေ့ကျင့်ရေး ကွင်းထဲ ပြန်ရောက်ရင်တော့ ဒီအကြောင်း ကျွန်တော်တို့ကို ပြောပြလို့ ရပါတယ် ၊ သူ ပြောပြချင်ရင်ပေါ့ဗျာ ။ ”

” ကျွန်တော်တို့ လာမယ့်ပွဲကို အနိုင်ကစားပြီး သုံးမှတ် ရယူဖို့ အာရုံ စိုက်ထားပါတယ် ၊ အဲ့ဒီပွဲ ပြီးရင်တော့ လေ့ကျင့်ရေးကွင်းမှာ အိုဇေးလ် ရဲ့ ကိစ္စ ကို အသင်းလိုက် အဖြေရှာ ဖြေရှင်း လို့ ရနိုင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး နိုင်းလ်စ် က အာဆင်နယ် မှာ ဆက်နေဖြစ်ခဲ့တဲ့ အကြောင်းအရင်းဟာ နည်းပြ အာတီတာ ကြောင့် ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။ ” ကျွန်တော့်ကို ခေါ်ချင်ကြတဲ့ အသင်းတွေ ပတ်လည် ဝိုင်းနေခဲ့ကြပါတယ် ၊ ဒါပေမယ့် ကျွန်တော် ချစ်တဲ့ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ ”

” ကိုယ့်ဆုံးဖြတ်ချ​က် အပေါ် အားရ ကျေနပ် မိသလို နည်းပြ အာတီတာ လည်း ကျနော် ဆက်နေတဲ့ အတွက် ပျော်ရွှင်လိမ့်မယ်ဆိုတာ သေချာပါတယ် ။ နည်းပြ က ကျွန်တော့် အပေါ် ယုံကြည်မှု အပြည့်ရှိပါတယ် ၊ ဒါကြောင့် အဆုံးသတ်မှာ အရာအားလုံး အဆင်ပြေပြေနဲ့ ပြီးဆုံး ခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular