အိုဇေးလ် ကို ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် တာဟာ သူ့ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ရှင်းလင်းလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က အိုဇေးလ် ကို ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် ခဲ့တာဟာ ဘောလုံး နဲ့ သက်ဆိုင်တဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပြီး လစာလျော့မယူတာနဲ့ လုံးဝ မသက်ဆိုင်ကြောင်း ဖြေရှင်း လိုက်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ လစာ အများဆုံး ကစားသမား မီဆွတ် အိုဇေးလ် ဟာ အာတီတာ ရဲ့ နည်းပြ ဘဝ အစမှာ တောက်လျှောက် ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် မတ်လ နှောင်းပိုင်းကတည်းက အခုအချိန်အထိ တရားဝင်ပြိုင်ပွဲတွေမှာ ကစားခွင့် မရရှိတော့ပါဘူး ။

myan789

ပြီးခဲ့တဲ့ တစ်ပတ် က ထုတ်ပြန်ခဲ့တဲ့ ယူရိုပါလိဂ် လူစာရင်း မှာလည်း အိုဇေးလ် ဟာ ပါဝင်ခွင့် မရခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ က ကစားခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲဟာ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်သွားဖို့ အလားအလာ များနေပါတယ် ။

အိုဇေးလ် ကတော့ ပရီးမီးယားလိဂ် လူစာရင်း ကနေ ချန်လှပ် ခံရပြီးနောက် သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်တွေမှာ ပရိသတ်တွေထံ အိတ်ဖွင့် ပေးစာ ရေးသား ခဲ့ပြီး အသင်းလူစာရင်းမှာ ပါဝင်ခွင့် မရတဲ့ အတွက် စိတ်ပျက်မိကြောင်း နဲ့ ပြန်လည် ပါဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိ​ပြု သွားခဲ့ပါတယ် ။

အိုဇေးလ် ဟာ ရာသီကုန်မှာ အာဆင်နယ် နဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အိုဇေးလ် ကို ရောင်းထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်ပြီး စာချုပ် သက်တမ်းကုန်တဲ့ အထိ နေဖို့ ဆုံးဖြတ် ခဲ့တာပါ ။

အိုဇေးလ် တစ်ယောက် အာဆင်နယ် အသင်းမှာ ပါဝင် ကစားခွင့် မရတာဟာ လစာ ၁၂.၅% လျော့မယူတာကြောင့် ဖြစ်နိုင်တယ်လို့ ကောလဟလ တွေလည်း ထွက်ပေါ် လျက် ရှိနေပြီး အာတီတာ ကတော့ အဆိုပါ ကိစ္စ နဲ့ မသက်ဆိုင်ကြောင်း ယူရိုပါလိဂ် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြား သွားခဲ့ပါတယ် ။

အာတီတာ က အိုဇေးလ် ရဲ့ ထုတ်ပြန်ချ​က် အပေါ် ” လူတိုင်းက သူတို့ရဲ့ ခံစားချက်ကို လွတ်လပ်စွာ ဖော်ပြပိုင်ခွင့် ရှိပါတယ် ၊ ကျွန်တော့်ဘက်က ပြောနိုင်သလောက်ကတော့ ဘောလုံး နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ဆိုတာပါပဲ ၊ ကျွန်တော် က စိတ်ရှည်သူပါ ၊ အိုဇေးလ် အပေါ်လည်း မျှမျှတတပဲ ဆက်​ဆံ ပါတယ် ။ ”

” သူ့ကို ချန်လှပ်တာက သူ့ရဲ့ အပြုအမူ လုပ်ရပ် တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး ၊ ကျနော် ဖတ်မိလိုက်တာ ရှိပါတယ် ၊ လစာလျော့မယူတာကြောင့် ဆိုတာလည်း မမှန်ပါဘူး ။ အဲ့တာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ ။ တစ်စုံတယောက်က အပြစ်တင် ချင်ရင်လည်း ကျွန်တော့်ကိုပဲ အပြစ်တင်ပါ ။ ”

” ကျွန်တော်က ဘောလုံးပွဲတွေ အနိုင်ရရှိဖို့ နဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိဖို့ အကောင်းဆုံး ဖြစ်မယ့် လူစာရင်းကို ရွေးချယ် ဆုံးဖြတ်ရသူပါ ။ ကျွန်တော်ကတော့ အိုဇေးလ် ကိုကော တခြား ကစားသမားတွေကိုပါ မျှမျှတတ ပဲ ပြောဆို ဆက်ဆံသလို အသင်းရဲ့ အကျိုးစီးပွားကိုလည်း တက်နိုင်သလောက် ကာကွယ် ပေးရမှာပါ ။ ”

” ကျွန်တော့် အလုပ်က ကစားသမားတွေရဲ့ အကောင်းဆုံး ပုံစံ ရရှိပြီး အသင်းကို အကျိုးပြုအောင် လုပ်ဆောင်ရမှာပါ ။အခု အချိန်မှာတော့ ကျွန်တော် မလုပ်နိုင်ခဲ့ဘူးလို့ ခံစား နေရပါတယ် ၊ အသင်း အတွက် မီဆွတ် ရဲ့ အကောင်းဆုံး ပုံစံကို အလိုရှိခဲ့တာပါ ၊ တစ်ချို့ အခိုက်အတန့်တွေမှာ ကျွန်တော် လိုချင်တဲ့ ပုံစံ ရဖို့ နီးစပ် ခဲ့ပါတယ် ၊ အခု လက်ရှိ အချိန်မှာတော့ ကျွန်တော် လုပ်နိုင်စွမ်း မရှိခဲ့ဘူးပဲ ပြောရမှာပါ ။ ”

” ဘောလုံးမှာက ဘာမဆို ဖြစ်ပျက် သွားနိုင်ပါတယ် ၊ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ပြီးခဲ့တဲ့ နှစ်အတောတွင်းမှာ သင်ယူ ခဲ့ပါတယ် ၊ ဒီအမှန်တရားကို ကျနော်တို့ ရင်ဆိုင်ရမှာပါ ၊ ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ မျက်နှာချင်းဆိုင် စကားပြောပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာပါပဲ ၊ ဒါက ကျနော့်ရဲ့ နည်းလမ်း ဖြစ်ပြီး ဒီအတိုင်းပဲ ဆက်သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular