အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်နဲ့ နောက်တစ်ဆင့်တက်ဖို့ နီးစပ်လာခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

မနေ့ ညက ကစား သွားတဲ့ ယူနိုက်တက် ရဲ့ ခြေက အရင်တုန်းက မန်ချက်စတာ ယူနိုက်တက် ရဲ့ အဆင့် အတန်းမျိုး ၊ ပရိသတ်တွေ မြင်ချင်နေ ကြတဲ့ ပုံစံမျိုးပါ ။ ဒါကလည်း ဒီလိုမျိုး ကစားနိုင်တဲ့ သူတွေ ၊ ယူနိုက်တက် စိတ်ဓါတ် ရှိသူတွေ ကို ထည့် ကစားခဲ့တာ ကြောင့်လို့ပဲ ပြောရ မှာပါ ။ ဘာပဲ ဖြစ်ဖြစ် ဒီနိုင်ပွဲ ဟာ ရလဒ် အရ ကြည့်ရင်ပဲ ဖြစ်ဖြစ် ခြေစွမ်း အရ ကြည့်ရင်ပဲ ဖြစ်ဖြစ် ပရိသတ်တွေ ကို စိတ်ကျေနပ်မှု ရစေ ခဲ့တာတော့ အမှန်ပါပဲ ။

ဘယ်အသင်း နဲ့ပဲ ကစားကစား ဆိုးရှား ကတော့ ၄-၃-၃ ကိုပဲ ခင်းမယ့် သဘောပါ ။ ခုည မှာလည်း ဒီအတိုင်းပဲ ပွဲထွက် လာခဲ့ ပါတယ် ။ ထူးဆန်း တာက ညာတောင်ပံ မှာ ဂရင်းဝုဒ် ကို ပွဲမထုတ်ဘဲ ရက်ဖိုဒ့် ကို ထားကာ မာရှယ် ကို ဘယ်တောင်ပံ မှာ ထည့်ခဲ့ ပါတယ် ။ ကွင်းလယ်မှာလည်း အနားပေး ခံရမယ်လို့ ထင်ထားတဲ့ ဖာနန်ဒက်စ် ပါလာခဲ့ပြီး ဗန်ဒီဘိ ၊ ဖရက်ဒ် တို့နဲ့ ပွဲထွက်လာ ခဲ့ကြပါတယ် ။

myan789

ဒီညမှာ ထင်မှတ်မထားဘဲ ခြေစွမ်းပြ ခဲ့သူကတော့ မာရှယ် ပါ ။ ဝေဖန် ခံနေရတဲ့ ပြင်သစ်သား ဟာ တိုက်စစ် မှာ အလိမ် အခေါက် အတိုးအလှုပ်တွေ နဲ့ ခြေပေါ်အောင် ကစားနိုင်ခဲ့ သလို ခံစစ်ကိုပါ လိုက်ကူပြီး ကွင်းတစ်ခြမ်း လုံးကို လိုက်ကစား သွားခဲ့ ပါတယ် ။ ဂိုးမသွင်းနိုင် ပေမယ့် မာရှယ် ရဲ့ အားထုတ်မှု ကို အသိမှတ် မပြုဘဲ နေလို့ မဖြစ်နိုင်ခဲ့ ပါဘူး ။

ဘရူနို ဖာနန်ဒက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အရေးအပါ ဆုံး ကစား သမား ဖြစ်ကြောင်း နောက်ထပ် တစ်ကြိမ် ပြသ ခဲ့ပြန် ပါတယ် ။ အဖွင့်ဂိုး ကို ဧရိယာ ထိပ်ကနေ အပြင်းကန်သွင်းခဲ့ ပြီး ဒါမျိုး ယူနိုက်တက် မှာ မမြင်ရတာ ကြာခဲ့ပါပြီ ။ ဒုတိယဂိုး ကတော့ အစ္စတန်ဘူလ် ဂိုးသမားရဲ့ လက်ဆောင်ပေးမှု ကနေ ရခဲ့တာပါ ။

တစ်ပွဲ တစ်လုံးလောက် လာရမှ ကျေနပ်မယ့် ပင်နယ်တီ ကလည်း ဒီပွဲမှာ ယူနိုက်တက် ဆီ ထပ်ရောက် လာခဲ့ ပြန်ပါတယ် ။ ဖာနန်ဒက်စ် ကတော့ ဟက်ထရစ် ရမယ့် အခွင့်အရေးကို နောက်တစ်ကြိမ် ထပ်ပြီး ငြင်းဆန်ခဲ့ ပြန်ပါတယ် ။ ပင်နယ်တီ ဖန်တီးသူ ရက်ဖိုဒ့် ကိုယ်တိုင် ကန်ခဲ့ပြီး ပထမပိုင်းကို ၃ ဂိုးပြတ် ဦးဆောင် စေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာလည်း ယူနိုက်တက်တို့ ကစားပုံ ဆက်ကောင်းခဲ့ ပါတယ် ။ ဘယ်တောင်ပံ က အဲလက်စ် တဲလက်စ် ရဲ့ တိုက်စစ် လိုက်ပါပုံတွေ ကောင်းသလို ကွင်းလယ်က ဗန်ဒီဘိ ရဲ့ box-to-box ကစားပုံ ကလည်း ခံစစ်ရော တိုက်စစ်မှာပါ အားကိုးခဲ့ရ ပါတယ် ။ ရက်ဖိုဒ့် ကတော့ ညာတောင်ပံ မှာ သိပ်မကောင်းခဲ့ ပေမယ့် မာတာ ၊ ဂျိမ်းစ် တို့ကို ထည့် ကစားတာ ထက်တော့ သာသေးတယ်လို့ပဲ ပြောရမှာပါ ။

ဂရင်းဝုဒ် တို့ ဝင်လာအပြီး မှာတော့ ယူနိုက်တက် ရဲ့ တိုက်စစ် ကစားပုံ က အချိတ်အဆက် လွတ်စ ပြုလာ ခဲ့ ပါတယ် ။ ဂိုးရချင်စိတ် များနေတဲ့ ဂရင်းဝုဒ် ဟာ အသင်းဖော်တွေ နဲ့ ချိတ်ဆက် ကစားမှု အားနည်းခဲ့ သလို အစောပိုင်းက အပိုင် အခွင့်အရေး ကို လွတ်ခဲ့တဲ့ ကာဗာနီ ကလည်း ဂိုးရလိုစိတ်တွေ များခဲ့ တာကြောင့် မာရှယ် တစ်ယောက်တည်း ရုန်းနေရသလို ဖြစ်သွားခဲ့ ပါတယ် ။

ဒါပေမယ့် လိုအပ်တဲ့ ဂိုး အရေအတွက် ရပြီးပြီ ဖြစ်တာကြောင့် ယူနိုက်တက်တို့ ပွဲကို ထိန်း ကစားရင်း နဲ့ပဲ အဆုံးသတ် နိုင်ခဲ့ ပါတယ် ။ ဒီညမှာ ခံစစ် ကစားပုံလည်း ကျစ်လျစ် ခဲ့တယ်လို့ ဆိုနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် လူငယ်တွေ ဝင်လာပြီး ကစားပုံ မတည်ငြိမ်တော့တဲ့ နောက်ပိုင်း မှာတော့ အစ္စတန်ဘူလ် ဘက်က အခွင့် အရေးတွေပြန် ရလာပြီး ဖိကစား ခံခဲ့ရ ပါတယ် ။

အဲ့ဒါက လူစားလဲမှားမှု ရဲ့ အကျိုးဆက် ပါပဲ ။ ဖာနန်ဒက်စ် နဲ့ ရက်ဖိုဒ့် ကို ထုတ်တာ မှန်ခဲ့ ပါတယ် ၊ ဒါပေမယ့် ဂရင်းဝုဒ် နဲ့ ဂျိမ်းစ် ကို တစ်ပြိုင်တည်း ထည့်လိုက်တာ ကတော့ စဉ်းစား စရာပါ ။ ဖာနန်ဒက်စ် ကို ထုတ် ၊ မာတစ် ထည့်ပြီး ခံစစ်ကို ပိုကျစ်လျစ် အောင် လုပ်ရမှာပါ ။ ဂျိမ်းစ် က တိုက်စစ်ရော ခံစစ် မှာပါ အသုံးမတည့်ခဲ့ ပါဘူး ။ တစ်ယောက် လျော့ နဲ့ ကစားလိုက်ရသလိုပါပဲ ။

ဘာပဲ ဖြစ်ဖြစ် အဆုံးသတ် မှာတော့ ယူနိုက်တက်တို့ နိုင်ခဲ့ ပါတယ် ။ ဒီနှစ် ချန်ပီယံလိဂ် မှာတော့ အိမ်ကွင်း ရလဒ် ကောင်းနေဆဲ ဖြစ်ပြီး ၂ ပွဲစလုံး နိုင်ကာ ၉ ဂိုးအထိ သွင်းထားခဲ့ ပါတယ် ။ ပွဲစဉ် ၄ အပြီးမှာ ၉ မှတ် ရထားပြီ ဖြစ်တာကြောင့် လာမယ့် ၂ ပွဲမှာ ၁ မှတ် ရရုံ နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာ သလောက် ရှိ သွားမှာပါ ။

လာမယ့် စနေ မှာတော့ ယူနိုက်တက် တို့ ဆောက်သမ်တန် အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular