အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး ၀-၁ အာဆင်နယ်

အာဆင်နယ်က သူတို့အသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်တစ်နေရာအတွက် ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို နှောင့်နှေးအောင် ပြုလုပ်ခဲ့တယ်။ ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် ကစားသမားတချို့ကို အနားပေးထားတယ်ဆိုပေမဲ့ တောင့်တင်းတဲ့လူစာရင်းဖြစ်ပြီး နောက်တန်းမှာ အက်ဇ်ပီလီကွယ်တာ၊ သီယာဂိုဆေးလ်ဗားနဲ့ ဇူးမား၊ ကွင်းလယ်မှာ ဂီလ်မော်နဲ့ ဂျော်ဂျင်ဟိုတွဲပြီး ခံစစ်တောင်ပံတွေမှာ ရီးစ်ဂျိမ်းစ်နဲ့ ဘင်ချီဝဲလ်တို့ ကစားခဲ့တယ်။

myan789

တိုက်စစ်မှာတော့ ဟာဗက်ဇ်ကို အထောင်တိုက်စစ်မှူးနေရာမှာတင်ပြီး ပူလီဆစ်၊ မေဆန်မောင့်တို့က နောက်ချန်တိုက်စစ် တွေအဖြစ် ကစားခဲ့တယ်။ အာဆင်နယ်ကတော့ ဒီပွဲကို အာရုံအပြည့်စိုက်ခဲ့ပြီး (၃-၄-၃) ပဲ ကစားခဲ့တယ်။ အော်ဒီဂွါ၊ ဆာကာ၊ စမစ်ရိုးတို့လို လူငယ်ကြယ်ပွင့်တွေကိုရံပြီး အူဘာမီယန်းက အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တယ်။ ကွင်းလယ်မှာတော့ အယ်လ်နန်နီနဲ့ ပါတေးတို့ တွဲကစားခဲ့တာကို တွေ့ရတယ်။

ချယ်လ်ဆီးက ကွင်းလယ်လူ ဂျော်ဂျင်ဟိုရဲ့ပေးပို့မှုအမှားကတစ်ဆင့် ဂိုးပေးခဲ့ရတာဖြစ်ပြီး ဒီဂိုးကို စမစ်ရိုးက (၁၆ )မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရကြည့်ရင် ကွာခြားခဲ့ပြီး ချယ်လ်ဆီးက ပွဲအစအဆုံးတစ်ဖက်သတ်ဖိကစားခဲ့ပေမဲ့ အာဆင်နယ်ခံစစ်ကောင်းလို့ ဂိုးမရခဲ့ဘူး။ ပွဲပြီးခါနီးမှာ တိုင်နှစ်လုံး ဆက်တိုက်ထိခဲ့တာကလည်း ချယ်လ်ဆီးကို ကံဆိုးစေခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular