အာတီတာ ဟာ သူ့ရဲ့အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်လို့ ပြောဆိုလိုက်တဲ့ အားကစား ဒါရိုတ်တာ အဒူး

အာဆင်နယ် အသင်းဟာ 46 နှစ် အတွင်း အဆိုးဝါးဆုံး ပရီးမီးယားလိဂ် ရာသီအဖွင့် ကို ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

တနင်္ဂနွေနေ့က ဘန်လေ အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် မကစားမီ ၊ သူတို့ဟာ 1959 ခုနှစ ်နောက်ပိုင်း 4 ပွဲ ဆက်တိုက် တစ်ကြိမ် တစ်ခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပါဘူး။ အဲဒီ ပွဲအရှုံး ရလာဒ်ကြောင့် ကွင်းအတွင်း လာရောက် ကြည့်ရှုတဲ့ ပရိသတ် 2000 ကတောင် အော်ဟစ် လှောင်ပြောင်မှုတွေ ခံခဲ့ရသည့်တိုင်အောင် ၊ နည်းပြ အာတီတာ ဟာ ကလပ်အသင်း ပိုင်ရှင်တွေ ရဲ့ ထောက်ခံ အားပေးမှုကို အပြည့်အ၀ ရရှိထားဆဲ ဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

myan789

အားကစား ဒါရိုတ်တာ အဒူး ကလဲ “ အာတီတာ ဟာ သူ့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေတာပါ။

ရလာဒ်တွေ ဆိုးဝါးလာတဲ့ အချိန်ရောက်ရင် ၊ အခုလို ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တာ က ထုံးစံပဲလေ။ ဒါပေမယ့် ကျနော့် ဘက်ကတော့ အနာဂတ် ကို ကြိုပြီး မြင်ကြည့်ပေးနိုင်ပါတယ်။ အသင်းဟာ ဘယ်ကို ဦးတည်နေတာလဲ ၊ ဘယ်လို တည်ဆောက်နေတာလဲ ဆိုတာ သဘောပေါက်ပြီးသားပါ။ အားလုံးဟာ လမ်းကြောင်းမှန် တစ်ခုအပေါ်မှာ ရှေ့ဆက်နေပါတယ်။

သူ့ လက်ထက် ရောက်လာတော့မှ လူငယ် ကစားသမား ဘယ်နှစ်ယောက် အထိ ကစားခွင့် ရရှိပြီး ၊ ဘယ်လို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာလဲ ဆိုတာ တွေးကြည့်လိုက်လေ။

ကျနော် ကတော့ လှပတဲ့ အနာဂတ် တစ်ခု ရှိနေတယ် ဆိုတာ မြင်နိုင်ပါတယ်။ လတ်တလော အခိုက်အတန့်တွေကို ရင်ဆိုင်ရတာ ခက်ခဲနေပေမယ့် ၊ မျှမျှတတ တွေးပေးနိုင်ဖို့ လိုအပ်တယ်လေ” လို့ ပြောဆို သွားခဲ့ ပါတယ်။

အာဆင်နယ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 5 ပွဲ ကနေ 1 မှတ်ပဲ ရအောင် စွမ်းဆောင် ပြနိုင်သေးသလို ၊ နောက်ဆုံး ကစားခဲ့တဲ့ 8 ပွဲ ကနေ 4 မှတ်သာ ရရှိသေးတာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား ရဲ့ အဆင့် 15 မှာ ရပ်တည်လျှက် ရှိနေပြီး ၊ တန်းဆင်း ဇုံ အထက် 5 မှတ်ပဲ ကွာဟတော့သာ ဖြစ်ပါတယ်။

အာတီတာ ဟာ အာဆင်နယ် ကို တာဝန်ယူပြီး နောက်ပိုင်း မန်စီးတီး ၊ ချဲဆီး တို့ကို ကျော်ဖြတ်ကာ 14 ကြိမ် မြောက် အက်ဖ်အေ ဖလားကြီးကို ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး လို အသင်းမျိုးကို ပရီးမီးယားလိဂ် နဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲတွေမှာ အနိုင်ရဖူးသလို ၊ ယူနိုက်တက် လို အသင်းကိုလဲ အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိအောင် စွမ်းဆောင် ပြခဲ့ပါတယ်။

သို့သော်လဲ သူတို့ရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်ဟာ အဲဒီ ပွဲစဉ် ပြီးကတည်းက ဆက်တိုက် ကျဆင်းခဲ့တာပါ။ အိုးထရက်ဖို့ဒ် မှာ အနိုင်ရပြီး နောက်ပိုင်း ၊ တစ်ပွဲမှ ပရီးမီးယားလိဂ် နိုင်ပွဲ မရရှိသေးသလို ၊ အသင်းခေါင်းဆောင် အူဘာမီးယန်း ကလဲ (own goal) က လွဲလို့ ၊ တစ်ဂိုး မှ သွင်းယူနိုင်ခဲ့ခြင်း မရှိပြန်ပါဘူး။

အာတီတာ ရဲ့ ဆရာ ဂွာဒီယိုလာ ကတော့ “ မိုက်ကယ် က ကျနော် နဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။

သူဟာ သူ့ရဲ့ အကြောင်းကို သိထားပြီးသားသူမို့ ၊ ကျနော့် ဘက်က ထောက်ခံမှု ပေးတဲ့ စကားတွေ ပြောစရာ မလိုပါဘူး။ တစ်ခါတလေ ဒီလို ကာလမျိုးတွေ ဖြတ်သန်း ရတတ်တာမို့ ၊ ကလပ် အသင်းဘက်က နားလည်မှု ရှိရှိ နဲ့ အချိန်ပေးဖို့ပဲ လိုပါတယ်။

ကျနော် ကတော့ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း နဲ့ အာဆင်နယ် ရဲ့ သမိုင်းတွေကို ပြန်လည် အသက်သွင်းပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုးတွေ ရှိတယ် ဆိုတာ လုံး၀ ကို သံသယ မဖြစ်မိတာပါ။ ဒီကလပ် ကို ဦးဆောင်ဖို့ အတွက်လဲ သူ့ထက် ပိုပြီး သင့်တော်တဲ့သူ လုံး၀ မရှိပါဘူး” လို့ မှတ်ချက် ပေးထားခဲ့ ပါတယ်။

အားကစား ဒါရိုတ်တာ အဒူး ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွက် ဈေးကွက် အတွင်း ဝင်ရောက် အကဲခတ်တာမျိုးတွေ လုပ်ဆောင်မှာ ဖြစ်ပေမယ့် ၊ လက်ရှိ စုဖွဲ့မှုကလဲ ကောင်းမွန်လွန်းတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီး ကစားသမားတွေ နဲ့ ပတ်သက်လို့လဲ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဝီလီယံ ရဲ့ အကြောင်းကို မပြောခင် ၊ မေးခွန်း တစ်ခုလောက် ပြန်မေးချင်ပါတယ်။ ပရိသတ်တွေက သူ့ကို ချက်ခြင်းကြီး ခြေစွမ်းပြရမယ်လို့ မျှော်လင့်ထားလား?

သူဟာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတောင် ဖြစ်နိုင်တဲ့ အရည်အသွေးတွေ ရှိတဲ့သူပါ။ ဒါပေမယ့် အခြား ကစားဖော်တွေ နဲ့ တစ်ယောက် အကြောင်း တစ်ယောက် ပိုနားလည်လာဖို့လဲ လိုသေးတယ်လေ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular