အာတီတာအနေဖြင့် ညည်းတွားလွန်းပြီး မိမိအသင်းနှင့် အလုပ်အပေါ်သာ အာရုံပိုစိုက်သင့်ကြောင်း စပါးအသင်းနည်းပြ ကွန်တီ တုံ့ပြန်

စပါးအသင်းနည်းပြ ကွန်တီက လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းနည်းပြ အာတီတာအနေဖြင့် ပြဿနာများအပေါ် ညည်းတွားလွန်းပြီး မိမိအသင်းနှင့် အလုပ်အပေါ်သာ အာရုံပိုစိုက်သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ကြာသပတေးနေ့ ညပိုင်းက ယှဉ်ပြိုင် ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ပွဲကျန် တွင် စပါးအသင်းက လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းအား အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ စပါးအသင်း အတွက် အနိုင်ဂိုးများကို ဟာရီကိန်းက ၂၂ (ပယ်နယ်တီ)၊ ၃၇ မိနစ်တွင် နှစ်ဂိုးနှင့် ဆွန် ဟောင်မင်က ၄၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။

myan789

စပါးအသင်းအနေဖြင့် ယခုပွဲအနိုင် ရလဒ်ကြောင့် ၃၆ ပွဲကစား၊ ၆၅ မှတ်ရရှိထား ပြီး လက်ကျန်နှစ်ပွဲအလိုတွင် အဆင့် ၄ နေရာ မှ အာဆင်နယ်အသင်းအား တစ်မှတ်အကွာ ဖြင့် ဖိအားပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် စပါး အသင်းအနေဖြင့် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းအား အမှတ်ပေးပွဲ အိမ်ကွင်းသုံးပွဲဆက် အနိုင်ရခြင်းမှာ ၁၉၆၁ ခုနှစ် သြဂုတ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်သလို အိမ်ကွင်း၌ သုံးဂိုးပြတ် အနိုင်ရခြင်းမှာလည်း ၁၉၈၃ ခုနှစ်နောက်ပိုင်း ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယင်းပွဲအပြီးတွင် ကွန်တီက “သူက စောဒကတက်တာတွေ အရမ်းများလွန်းတယ်။ သူ့အနေနဲ့ သူ့အသင်းအပေါ်မှာပဲ ပိုပြီးအာရုံ စိုက်ရမှာပါ။ သူ့ရဲ့အလုပ်အပေါ်မှာပဲ ပိုပြီး အာရုံစိုက်ရမှာပါ။ သူက အလုပ်ဆက်လုပ်နေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်း တော်တဲ့သူဖြစ်လို့ပါ။ တစ်စုံတစ်ယောက်ဆီက တစ်ချိန်လုံး ညည်းတွားသံကြားနေရတာ သိပ်မကောင်းပါဘူး။ လီဗာပူးလ်နဲ့ပွဲတုန်းက ပြစ်ဒဏ်ဘောတွေအားလုံးနဲ့ပတ်သက်လို့ ဖာဘင်ညိုအကြောင်း ကျွန်တော်ပြောတာ ကြားမိလို့လား။ မရှိပါဘူး။ သူ့အနေနဲ့ ဆန္ဒရှိရင် ကျွန်တော့်ဆီက အကြံဥဏ်တောင်းလို့ ရပါတယ်။ ဒါပေမဲ့ မယူရင်လည်း ဂရုမစိုက်ပါဘူး။ သူစောဒကအရမ်းတက်တာကို ကျွန် တော်ကြားနေရတယ်။ သူ့အနေနဲ့ ညည်းညူ မနေဘဲ ကိုယ့်အသင်းအပေါ် ပိုပြီးအာရုံစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အခုမှစပြီး အလုပ်လုပ်တာဖြစ်လို့ပါ။ အေးအေးဆေးဆေးနဲ့ အလုပ်ကိုဆက်လုပ်ဖို့ ကြိုးစားရမှာပါ” ဟု ပြောကြားခဲ့သည်။

အာတီတာကမူ ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များမှာ လှပသည့်ပွဲစဉ်တစ်ပွဲကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ယခုပွဲရလဒ်ကြောင့် လက်ကျန်နှစ်ပွဲ အလိုတွင် ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်မှုမှာ အကြိတ်အနယ်ပိုရှိလာပြီး အာဆင်နယ် အသင်းက နယူးကာဆယ်နှင့် အဝေးကွင်း၊ အဲဗာတန်နှင့် အိမ်ကွင်း၊ စပါးအသင်းက ဘန်လေနှင့် အိမ်ကွင်း၊ နောဝစ်ချ်နှင့် အဝေးကွင်း ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular