အာဆင်နယ် အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်နိုင်တဲ့ အကြောင်းအရင်း ၃ ချက် ကို ပြောပြလိုက်တဲ့ ဒက်ကလန်ရိုက်စ်

ဂန်းနားတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဒက်ကလန်ရိုက်စ် ကတော့ အာဆင်နယ် အသင်း ရဲ့ လူငယ် အစုအဖွဲ့အပေါ် အားရ ကျေနပ် နေပြီး ချန်ပီယံဆု အတွက် တိုက်ပွဲဝင် နိုင်တဲ့ အနေအထား ရှိတယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

ခရစ်စမတ် နှင့် နှစ်သစ်ကူး ကာလကြားမှာ အာဆင်နယ် အသင်းဟာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေခဲ့ပြီး ဝက်စ်ဟမ်း အသင်း နှင့် ဖူလ်ဟမ် အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့် ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာလည်း လီဗာပူး အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာ ခဲ့ရပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ခရစ်စတယ်ပဲလေစ့် အသင်း နဲ့ ပွဲမှာတော့ ဂိုးပြတ် နိုင်ပွဲ ပြန်ရခဲ့ပြီး အဆင့် ၃ နေရာကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။ ဒက်ကလန်ရိုက်စ် ကတော့ အသက်ငယ်ရွယ်တဲ့ ကစားသမားတွေ အများအပြား ပါဝင်နေတဲ့ အာဆင်နယ် အသင်း အနေနဲ့ ဘာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတာလဲ ဆိုတဲ့ မေးခွန်းကို ” ဆာလောင် ပြင်းပြမှု ၊ ရင်ခုန် စိတ်လှုပ်ရှားမှု နှင့် အနိုင်ရဖို့ စိတ်အားထက်သန်မှုတွေကြောင့်ပေါ့ဗျာ ။ ”

” ပရီးမီးယားလိဂ် လို ပြိုင်ပွဲ မှာ အသက် ငယ်ရွယ်တဲ့ အသင်း တစ်သင်း အနေနဲ့ ကျနော်တို့ လုပ်ပြထားတဲ့ အရာတွေက တကယ့်ကို စပါယ်ရှယ်ပါပဲ။ ကျနော်တို့ အသင်းက လူတွေ အားလုံးက အောင်မြင်မှုကို အမှန်တကယ် ဆာလောင် နေကြတဲ့ ကစားသမားတွေပါ ၊ အဲ့ဒီအောင်မြင်မှု ရဖို့ အတွက်လည်း ဘယ်အရာမဆို လုပ်ကြမယ့် ကစားသမားတွေပါပဲ။ ကျနော်တို့ဆီက ဒီထက် ပိုကောင်းတဲ့ အရာတွေ အများကြီး မြင်ရဖို့ ရှိနေပါသေးတယ်။ ”

” ကျနော် ကိုယ်တိုင်လည်း အသင်းက လူတွေ အားလုံးနဲ့ အဆင်ပြေပါတယ် ၊ အားလုံး နဲ့ စကား ပြောဖြစ်ပါတယ်၊ အသင်းမှာ မတူကွဲပြားတဲ့သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရတာက တကယ် ကောင်းပါတယ်၊ ဒီအသင်းကလူတွေနဲ့ ကျနော် အောင်မြင်မှုတွေ ရယူ ချင်တယ် ၊ အချိန်အကြာကြီး အတူ ရှိချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular